ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ စောရန်ပိုင်(အရှေ့)ရပ်ကွက်၊ အောက်ကြည့်မြင်တိုင်လမ်းတွင် မော်တော်ယာဉ် တစ်စီး မီးလောင်မှု


Ministry of Home Affairs/ နေပြည်တော် / December 13, 2025


     ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၂ ရက် မွန်းလွဲ ၂ နာရီ ၂၆ မိနစ်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ စောရန်ပိုင်(အရှေ့)ရပ်ကွက်၊ အောက်ကြည့်မြင်တိုင်လမ်းတွင် လမ်း မတော်ဘက်မှ ကြည့်မြင်တိုင်ဘက်သို့ ပိုင်ရှင် ယာဉ်မောင်း ဦးမျိုးမင်း(၆၁)နှစ် မောင်းနှင်လာသော ယာဉ်အမှတ် YGN-35၊ 6E-XXXX TOYOTA PROBOX အမျိုးအစား အဖြူရောင် Taxi ယာဉ်သည် ယာဉ်နောက်ခန်းရှိ ဝိုင်ယာကြိုးများ ပေါက်ပြဲ၍ အပူလွန်ကဲပြီး အနီးရှိ ဖော့ကာဗာများသို့ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သ တင်းရရှိသဖြင့် အလုံမြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် နှစ်စီးဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၂ နာရီ ၃၁ မိနစ်တွင် မီးငြိမ်းခဲ့ပါ သည်။ 

     အဆိုပါမီးလောင်မှုကြောင့် YGN-35၊ 6E-XXXX TOYOTA PROBOX အမျိုးအစား အဖြူရောင် Taxi ယာဉ်၏ နောက်ခန်းကူရှင်၊ နောက်တာရာ နှစ်လုံးနှင့် နောက်ဖုံးလေ ကာမှန် သုံးချပ် မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ပိုင်ရှင် ဦးမျိုးမင်း(၆၁)နှစ်အား အလုံမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

Newspaper

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၀ ရက်၊ ဒီဇင်ဘာ ၁၄ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ December 14, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၉ ရက်၊ ဒီဇင်ဘာ ၁၃ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ December 13, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၈ ရက်၊ ဒီဇင်ဘာ ၁၂ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ December 12, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

Announcement

ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး ပြည်တွင်းသုံးမြန်မာကျပ်ငွေဖြင့်ဝယ်ယူမည့် ရုံးသုံးစက်ပစ္စည်းများအိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

Ministry of Information / Posted on December 12, 2025

၁။ ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးတွင် အသုံးပြုရန်အတွက် Network Security System တပ်ဆင်နိုင်ရေး စက်ပစ္စည်းများကို ပြည်တွင်းသုံးမြန်မာကျပ်ငွေဖြင့် ဝယ်ယူလိုပါသဖြင့် အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023