ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်ကျေးရွာ၊ ရန်ကုန်-ပြည်လမ်းမကြီး၌ ယာဉ်တိုက်မှု


Ministry of Home Affairs/ နေပြည်တော် / January 02, 2026


     ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁ ရက် နံနက် ၅ နာရီ ၄၀ မိနစ်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်ကျေးရွာ၊ ရန်ကုန်-ပြည်လမ်းမကြီး၊ စံပယ်ဦးထမင်း ဆိုင်ရှေ့တွင် ‌ထောက်ကြန့်မှ အင်းစိန်သို့ ယာဉ်မောင်း ဦးသုတလင်း(၄၇)နှစ် မောင်းနှင်လာသော ယာဉ်အမှတ် AYY-15၊ GG-XXXX TOYOTA PASSO အမျိုးအစား အပြာရောင် TAXI ယာဉ်သည် YGN-5၊ 6N-XXXX HYUNDAI  အမျိုးအစား အဖြူရောင် YBS-41 ယာဉ်အား ဝင်ရောက်တိုက်မိ၍ အရှိန်ဖြင့် ကားနောက်ဖင်မှာ ဘေးသို့ရမ်းသွားပြီး နောက်မှမောင်းနှင်လာသော YGN-40၊ 9K-XXXX CHEVROLET MALIBU အမျိုးအစား အဖြူရောင်ယာဉ်၏ ဘေးခြမ်းအား ထပ်ဆင့်တိုက်မိမှုဖြစ်ပွားကြောင်း သ တင်းရရှိသဖြင့် မင်္ဂလာဒုံမြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် တစ်စီးဖြင့် သွားရောက်၍ ယာဉ်အမှတ် AYY-15၊ GG-XXXX TOYOTA PAS SO  အမျိုးအစား အပြာရောင် TAXI ယာဉ်၏ ခေါင်းခန်းအတွင်း သေဆုံးနေသော ယာဉ်မောင်း  ဦးသုတလင်း အား နံနက် ၇ နာရီတွင် ကူညီထုတ်ပေးခဲ့ပြီး အင်းစိန်မြို့ နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ပေးခဲ့သည်။ 

     အဆိုပါဖြစ်စဉ်‌ကြောင့် ယာဉ်အမှတ် AYY-15၊ GG-XXXX TOYOTA PASSO အမျိုးအစား အပြာရောင် TAXI ယာဉ်၏ ယာဉ်မောင်း ဦးသုတလင်း သေဆုံးခဲ့ပြီး အဆိုပါ TAXI ယာဉ်၏ ရှေ့လေကာမှန်ကွဲ၊ ရှေ့ဝဲယာမီးကြီးကွဲ၊ ဘောနပ်ဖုံးပိန်ချိုင့်၊ ရှေ့ဘန်ဘာပြုတ်ထွက်၊ ဝဲဘက်နောက်မီးကြီးကွဲ၊ ဝဲဘက်နောက် ဘန်ဘာဘော်ဒီပိန်ချိုင့်၊ ဝဲဘက်နောက်ဖုံးပိန်ချိုင့်၊ YGN-5၊ 6N-XXXX HYUNDAI အမျိုးအစား အဖြူရောင် YBS-41 ယာဉ်၏ ဝဲဘက်နောက်ဘန်ဘာဘော်ဒီပိန်ချိုင့်၊ ဝဲဘက်နောက်မီးကြီးကွဲ၊ YGN-40၊ 9K-XXXX CHEVROLET MALIBU အမျိုးအစား အဖြူရောင်ယာဉ်၏ ရှေ့ယာဘက်မီးကြီးကွဲ၊ ရှေ့ယာဘက်ဘော်ဒီပိန်ချိုင့်၊ ရှေ့ဝဲဘက်ဘီးတာယာကွဲ ပျက်စီးဆုံးရှုံးခဲ့ကြောင်းနှင့် ယာဉ်မောင်း ဦးသုတလင်း အား ထောက်ကြန့် နယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

Newspaper

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁ ရက် ၊ ဇန်နဝါရီ ၃ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ January 03, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်နေ့ ၊ ဇန်နဝါရီ ၂ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ January 02, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၄ ရက် ၊ ဇန်နဝါရီ ၁ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ January 01, 2026

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

Announcement

“(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်” ၂၀၀ကျပ်တန် အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် (၂)မျိုးအားရောင်းချပေးမည်။

Ministry of Transport and Communications / Posted on January 03, 2026

“(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်” ၂၀၀ကျပ်တန် အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် (၂)မျိုးအားရောင်းချပေးမည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကြိုတင်ဆန္ဒမဲပေးခြင်းနှင့်စပ်လျဉ်း၍ အသိပေးထုတ်ပြန်ကြေညာခြင်း

Ministry of Information / Posted on January 02, 2026

၁။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့၌ စတင်ကျင်းပခဲ့သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်တွင်း ပြည်ပရှိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် နိုင်ငံသားတစ်ဦး၏အခွင့်အရေးဖြစ်သည့် မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးအတွက် ကြိုတင်ဆန္ဒမဲပေးနိုင်ရေး ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ စီစဉ်ဆောင်ရွက်ပေးခဲ့ပါသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများ အမည်စာရင်း ကြေညာခြင်း

Ministry of Information / Posted on January 02, 2026

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများ အမည်စာရင်း ကြေညာခြင်း

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023