ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိ


Ministry of Home Affairs/ နေပြည်တော် / February 17, 2026
ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွားခဲ့သည့်  မော်တော်ယာဉ်၏ မှတ်တမ်းဓာတ်ပုံ။


      ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၅ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၌ ယာဉ်တိုက်မှု ဖြစ်ပွား၍ အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
      ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၁၅ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ဦးချစ်မောင်လမ်းနှင့် အရှေ့ရွှေဂုံတိုင်လမ်းဆုံမီးပွိုင့်၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ အမှတ်(၇)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ဦးချစ်မောင်လမ်းအတိုင်း မြောက်မှ တောင်သို့ မင်္ဂလာတောင်ညွန့်မြို့နယ်၊ မလွှကုန်းရပ်ကွက်နေ မြညွန့်(၃၄)နှစ် မောင်းနှင်လာသည့် YGN-18/FF-XXXX FIELDER မော်တော်ယာဉ်သည် အခင်းဖြစ်နေရာအရောက်၌ အရှိန်မထိန်းနိုင်ဘဲ လမ်းဖြတ်ကူးသူ တာမွေမြို့နယ်၊ တာမွေကြီး(ခ)ရပ်ကွက်နေ ဒေါ်ချို(၆၈)နှစ်အား ဝင်ရောက်တိုက်မိ၍ ဒေါ်ချိုတွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သဖြင့် မြညွန့် အား ဗဟန်းမြို့မရဲစခန်း ယာဉ်(ပ)၂/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၃၈/၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

Newspaper

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၂ ရက် ၊ ဖေဖော်ဝါရီ ၁၇ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ February 17, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁ ရက် ၊ ဖေဖော်ဝါရီ ၁၆ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ February 16, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလကွယ်နေ့ ၊ ဖေဖော်ဝါရီ ၁၅ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ February 15, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

Announcement

အထူးကျေးဇူးတင်ရှိကြောင်း အသိပေးထုတ်ပြန်ချက်

Ministry of Information / Posted on February 11, 2026

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့မှစတင်၍ အပိုင်းလိုက်ကျင်းပပြုလုပ်ခဲ့ရာ သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ လွတ်လပ်၍ တရားမျှတပြီး ပွင့်လင်းမြင်သာမှုရှိသော ရွေးကောက်ပွဲတစ်ရပ်အဖြစ် အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပါသည်။

တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အမည်စာရင်းကြေညာခြင်း

Ministry of Information / Posted on February 11, 2026

တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အမည်စာရင်းကြေညာခြင်း

ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်းနှင့် သတင်းအေဂျင်စီလုပ်ငန်းလုပ်ကိုင်သူများ လုပ်ငန်းအသိအမှတ်ပြုလက်မှတ် အသစ်လဲလှယ်ရန် အသိပေးကြေညာခြင်း

Ministry of Information / Posted on February 11, 2026

၁။ ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းနည်းဥပဒေများ ထွက်ရှိသည့် ၁၀-၁၀-၂၀၁၄ ရက်နေ့မှစ၍ ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းနှင့် သတင်းအေဂျင်စီလုပ်ငန်း အသိအမှတ်ပြုလက်မှတ်များအား ၅ နှစ် သက်တမ်းခွင့်ပြုပေးခဲ့ပါသည်။

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023