ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ မော်တော်ဆိုင်ကယ်စီးနင်း၍ လမ်းသွားလမ်းလာများထံမှ လက်ကိုင်ဖုန်းများ အကြိမ်ကြိမ်လုယက်မှုကျူးလွန်ခဲ့သူ တရားခံအမျိုးသားတစ်ဦးအား ဖုန်းမျိုးစုံ ၁၅ လုံးနှင့်အတူ ဖမ်းဆီးရမိ


Ministry of Information/ Naypyitaw / November 24, 2024
image_latest


နေပြည်တော် နိုဝင်ဘာ ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ ရပ်ကွက်များအတွင်း၌ မော်တော်ဆိုင်ကယ်စီးနင်း၍ လမ်းသွားလမ်းလာများထံမှ လက်ကိုင်ဖုန်းများအား လုယက်မှုများ မကြာခဏဖြစ်ပွားလေ့ရှိကြောင်း ဒုစရိုက်မှုကိုမလိုလားသူ တာဝန်သိပြည်သူများ၏ သတင်းပေးပို့တိုင်တန်းချက်များအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက လုယက်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး နယ်မြေအတွင်း သတင်းရယူစုံစမ်းခြင်း၊ အသွင်ယူစောင့်ကြည့်ခြင်းများ ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာလ ၆ ရက်နေ့ ညနေ ၆ နာရီ ၄၀ မိနစ်တွင် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်အတွင်း ဆိုင်ကယ်စီးနင်း၍ လုယက်မှုများကျူးလွန်သည်ဟု မသင်္ကာသူမြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံမြို့သစ်၊ အမှတ်(၁၁)ရပ်ကွက်၊ ငုရွှေဝါ(၅)လမ်း၊ အမှတ် (၅၈၆)၊ အခန်း(၄)နေ စန်းထက်ဝေ(၂၃)နှစ် (ဘ)ဦးဝင်းစန်းအား အမှတ်(၁၁)ရပ်ကွက်၊ ငုရွှေဝါ(၅)လမ်း၌ လုယက်မှုများကျူးလွန်စဉ် စီးနင်းအသုံးပြုခဲ့သည့် Bashan အမျိုးအစား အဖြူ/အပြာရောင် ဆိုင်ကယ်နှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် ထိန်းသိမ်းခေါ်ယူစစ်ဆေးခဲ့သည်။

စစ်ဆေးပေါ်ပေါက်ချက်အရ တရားခံစန်းထက်ဝေသည် အောက်တိုဘာလ ၈ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲတွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၂၉)ရပ်ကွက်၊ မြမဉ္ဇူလမ်းမပေါ်၌ လမ်းလျှောက်လာသော အမျိုးသမီးတစ်ဦးထံမှ ဘေးလွယ်အိတ်အား လုယက်ထွက်ပြေးခဲ့ပြီး ၎င်းလွယ်အိတ်အတွင်းမှ TAB 8 Pro အမျိုးအစား Tablet ၁ လုံး၊ Samsung A05s အမျိုးအစားအစိမ်းရောင် လက်ကိုင်ဖုန်း ၁ လုံးနှင့် ငွေစက္ကူရောရာ ၁ဝဝ,ဝဝဝ ကျပ်တို့အား ရရှိခဲ့ပြီး TAB 8 Pro အမျိုးအစား Tablet အား လမ်းသွားလမ်းလာကလေးငယ်တစ်ဦးအား ပေးအပ်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

ဆက်လက်စစ်ဆေးချက်အရ တရားခံဆန်းထက်ဝေသည် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ၊ စက်တင်ဘာလနှင့် အောက်တိုဘာလများအတွင်း ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်းရှိ ရပ်ကွက်များဖြစ်သည့် အမှတ်(၂၈၊ ၂၉၊ ၃၀၊ ၃၁၊ ၃၂၊ ၃၈ နှင့် ၄၄)ရပ်ကွက်အတွင်းရှိ လမ်းများပေါ်တွင် သွားလာလျက်ရှိသည့် လမ်းသွားလမ်းလာများထံမှ လက်ကိုင်ဖုန်းမျိုးစုံ ၁၅ လုံးအား ၁၀ ကြိမ်တိတိ ဆိုင်ကယ်စီးနင်း၍ ဆွဲယူလုယက်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

ပေါ်ပေါက်ချက်အရ လုယက်ရရှိထားသည့် လက်ကိုင်ဖုန်းများအား မြောက်ဥက္ကလာပမြို့နယ်၊ (ဇ)ရပ်ကွက်ရှိ Mobile Point ဖုန်းရောင်းဝယ်ရေးဆိုင်ပိုင်ရှင်ဖြစ်သူ မင်းဇင်မောင်(ခ)ပါကြီး(၃၃)နှစ် (ဘ)ဦးကျော်ဝင်းထံတွင် ရောင်းချထားကြောင်း သိရှိရသဖြင့် သက်သေများနှင့်အတူ သွားရောက်ရှာဖွေခဲ့ရာ လုယက်မှုကျူးလွန်ရာမှရရှိသည့် Samsung A05s အမျိုးအစား လက်ကိုင်ဖုန်းအပါအဝင် လက်ကိုင်ဖုန်းမျိုးစုံ ၁၅ လုံးတို့အား သိမ်းဆည်းရမိခဲ့သည်။

ဖြစ်စဉ်တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ ရပ်ကွက်များအတွင်း ဆိုင်ကယ်စီးနင်း၍ လမ်းသွားလမ်းလာများထံမှ လက်ကိုင်ဖုန်းများအကြိမ်ကြိမ် လုယက်မှုကျူးလွန်ခဲ့သူ တရားခံဆန်းထက်ဝေနှင့် လုယက်မှုကျူးလွန်ရာမှရရှိသည့် သက်သေခံလက်ကိုင်ဖုန်းများအား လက်ခံဝယ်ယူထားရှိသူ မင်းဇင်မောင်(ခ)ပါကြီးတို့နှစ်ဦးအား သက်သေခံလက်ကိုင်ဖုန်းမျိုးစုံ ၁၅ လုံးတို့နှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပြီး ဉပဒေနှင့်အညီ အရေးယူနိုင်ရေးအတွက် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့မရဲစခန်း၌ လုယက်မှုတစ်ခုစီအတွက် အမှုအသီးသီးရေးဖွင့်ဆောင်ရွက်ထားရှိကြောင်းနှင့် အလားတူ ဒုစရိုက်မှုများကျူးလွန်မှုမရှိစေရေး မိဘပြည်သူများအနေဖြင့် နီးစပ်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များထံ အသိပေးသတင်းပေးပို့တိုင်ကြားနိုင်ကြောင်းနှင့် ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက အချိန်နှင့်တစ်ပြေးညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

Newspaper

၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၉ ရက်၊ နိုဝင်ဘာ ၂၄ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ November 24, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၈ ရက်၊ နိုဝင်ဘာ ၂၃ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ November 23, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၆ ရက်၊ နိုဝင်ဘာ ၂၁ ရက်၊ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ November 21, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

Announcement

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာနမှ ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ခေါ်ဆိုခဲ့သောတင်ဒါများအတွက် တင်ဒါအောင်မြင်သော ကုမ္ပဏီအမည်စာရင်း

Ministry of Electric Power / Posted on November 22, 2024

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာနမှ ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ခေါ်ဆိုခဲ့သောတင်ဒါများအတွက် တင်ဒါအောင်မြင်သော ကုမ္ပဏီအမည်စာရင်း

အလုပ်လျှောက်လွှာခေါ်ယူခြင်း

Ministry of Ethnic Affairs / Posted on November 22, 2024

အလုပ်လျှောက်လွှာခေါ်ယူခြင်း

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023