ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ်၌ မော်တော်ယာဉ် တစ်စီးမှ အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောမှ မော်တော်ယာဉ်အား မျက်နှာချင်းဆိုင် ဝင်ရောက်တိုက်မိမှုကြောင့် အမျိုးသမီး တစ်ဦး သေဆုံးကာ အမျိုးသား လေးဦးနှင့် အမျိုးသမီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိ

Ministry of Home Affairs/ Nay Pyi Taw / June 03, 2025
၂၀၂၅ ခုနှစ်၊ ဇွန် ၁ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ်၌ မော်တော်ယာဉ် တစ်စီးမှ အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောမှ မော်တော်ယာဉ်အား မျက်နှာချင်းဆိုင် ဝင်ရောက်တိုက်မိမှုကြောင့် အမျိုးသမီး တစ်ဦး သေဆုံးကာ အမျိုးသား လေးဦးနှင့် အမျိုးသမီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇွန် ၁ ရက် ည ၈ နာရီ ၂၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ်၊ သိုက်တူးကန်ကျေးရွာအနီး၌ ရန်ကုန်-ခရမ်းကားလမ်းပေါ်၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ သုံးခွမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါ လမ်းအတိုင်း သန်လျင်မှ သုံးခွသို့ ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ်၊ ကင်မွန်းခြုံကျေးရွာနေ ဝေယံဖြိုး(၃၃)နှစ် မောင်းနှင်လာသော MDY-17/CC-XXXX TOYOTA PROBOX အဖြူရောင် မော်တော်ယာဉ်သည် မိုင်တိုင်အမှတ် ၅၆ မိုင် ၁ ဖာလုံနှင့် ၂ ဖာလုံကြားအရောက်၌ အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိကာ မျက်နှာချင်းဆိုင်မှ ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်၊ ရာဇသင်္ကြန်ရပ်ကွက်နေ ဦးသောင်းငွေ မောင်းနှင်သော YGN-41/1E-XXXX TOYOTA RAV4 အဖြူရောင် မော်တော်ယာဉ်အား ဝင်ရောက်တိုက်မိမှုကြောင့် PROBOX မော်တော်ယာဉ်ပေါ်ပါ ဒေါ်တင်မာခိုင် (၃၀)နှစ်တွင် ထိခိုက်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး ဝေယံဖြိုးပါ အမျိုးသား လေးဦးနှင့် အမျိုးသမီး နှစ်ဦးတို့တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် ဝေယံဖြိုး အား သုံးခွမြို့မရဲစခန်း ယာဉ်(ပ)၉/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈/၃၃၇/၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
Newspaper

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၁ ရက်၊ ဇွန် ၆ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ June 06, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၀ ရက်၊ ဇွန် ၅ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ June 05, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၉ ရက်၊ ဇွန် ၄ ရက်၊ ဗုဒ္ဓဟူးနေ့။
Announcement
အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း
Ministry of Transport and Communications / Posted on June 04, 2025
အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း
ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၁၉/၂၀၂၅)
Union Civil Service Board / Posted on June 05, 2025
ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၁၉/၂၀၂၅)
အိတ်ဖွင့်တင်ဒါပိတ်ရက်ပြင်ဆင်ချက်
Ministry of Transport and Communications / Posted on June 04, 2025
အိတ်ဖွင့်တင်ဒါပိတ်ရက်ပြင်ဆင်ချက်