ရေနံချောင်းမြို့နယ် ကံရွာ-နဂါး-ထနောင်းလှလမ်းပေါ်၌ Box Culvert တစ်စင်းပြုပြင်ခြင်းနှင့် မြေကာနံရံပြုပြင်ဆောင်ရွက်ခြင်းလုပ်ငန်းပြီးစီးမှု စစ်ဆေး


Ministry of Cooperatives and Rural Development/ Naypyitaw / November 27, 2025
image_latest


ရေနံချောင်းမြို့နယ် ကံရွာ-နဂါး-ထနောင်းလှလမ်းပေါ်၌ Box Culvert တစ်စင်းပြုပြင်ခြင်းနှင့် မြေကာနံရံပြုပြင်ဆောင်ရွက်ခြင်းလုပ်ငန်းပြီးစီးမှု စစ်ဆေး

************************************************************************

ရေနံချောင်း   နိုဝင်ဘာ     ၂၇

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ရေနံချောင်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ ပြည်ထောင်စု(ပြင်ထိန်း)ရန်ပုံငွေဖြင့် ကံရွာ-နဂါး-ထနောင်းလှ လမ်းပေါ်၌ Box Culvert တစ်စင်းပြုပြင်ခြင်းနှင့် မြေကာနံရံပြုပြင်ဆောင်ရွက်ခြင်းလုပ်ငန်း ပြီးစီးမှုကို နိုဝင်ဘာ ၂၆ရက်နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ရေနံချောင်းမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန မြို့နယ်တာဝန်ခံအင်ဂျင်နီယာ(မြို့ပြ) ဒေါ်သီရိဖြိုးဝေဝင့်နှင့် တာဝန်ရှိသူများက ကံရွာ-နဂါး-ထနောင်းလှလမ်းပေါ်၌ Box Culvert တစ်စင်းပြုပြင်ခြင်းနှင့် မြေကာနံရံပြုပြင်ဆောင်ရွက်ခြင်း လုပ်ငန်းပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်တာဝန်ခံအင်ဂျင်နီယာ(မြို့ပြ)က ဆောင်ရွက်ပြီးလုပ်ငန်းအား ရေရှည်တည်တံ့အောင် ကျေးရွာမှဝိုင်းဝန်းထိန်းသိမ်းသွားကြရန် မှာကြားခဲ့သည်။

အဆိုပါ ကံရွာ-နဂါး-ထနောင်းလှလမ်းပေါ်၌ အရှည် ၂၄ပေ၊ အကျယ် ငါးပေ၊ အမြင့်ငါးပေရှိ Box Culvert တစ်စင်းပြုပြင်ခြင်းနှင့် မြေကာနံရံပြုပြင်ဆောင်ရွက်ခြင်းလုပ်ငန်းကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ ပြည်ထောင်စု(ပြင်ထိန်း)ရန်ပုံငွေကျပ် ၁၉ ဒသမ ၉သန်းဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနက တာဝန်ယူ၍ ယခုနှစ်  နိုဝင်ဘာ ၁၀ရက်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

နော်လူး

Newspaper

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၈ ရက် ၊ နိုဝင်ဘာ ၂၇ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ November 27, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၇ ရက် ၊ နိုဝင်ဘာ ၂၆ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ November 26, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၆ ရက် ၊ နိုဝင်ဘာ ၂၅ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ November 25, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

Announcement

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023