ရေဖြူမြို့နယ် ဝဇွမ်းတောကျေးရွာ၌ ကွန်ကရစ်တံတားကြမ်းခင်း Slab ခင်းခြင်းနှင့် လက်ရန်း တပ်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုစစ်ဆေး


Ministry of Cooperatives and Rural Development/ Naypyitaw / September 18, 2025
image_latest


ရေဖြူမြို့နယ် ဝဇွမ်းတောကျေးရွာ၌ ကွန်ကရစ်တံတားကြမ်းခင်း Slab ခင်းခြင်းနှင့် လက်ရန်း တပ်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုစစ်ဆေး

‎*****************************************************

‎ရေဖြူ    စက်တင်ဘာ    ၁၈

‎‎တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနက ဝဇွမ်းတောကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းအတိုးရငွေဖြင့် ကွန်ကရစ်တံတားကြမ်းခင်း Slab ခင်းခြင်းနှင့် လက်ရန်းတပ်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကို တာဝန်ရှိသူများက ယနေ့ နံနက် ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

‎‎ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ရေဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမြင့်ဦးအောင်နှင့် တာဝန်ရှိသူများသည် မြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များနှင့်အတူ ဝဇွမ်းတောကျေးရွာ၌ အလျား ပေ ၄၀ အနံ ၁၃ ပေ ရှိသော ကွန်ကရစ်တံတားအား ၇ လက်မထု ကြမ်းခင်း Slab ခင်းခြင်းနှင့် လက်ရန်းတပ်ဆင်ခြင်းလုပ်ငန်း‌များ ဆောင်ရွက်ပြီးစီးမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ဦးစီးအရာရှိက မြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များအား ဆောင်ရွက်ပြီး လုပ်ငန်းများ ရေရှည်အသုံးပြုနိုင်ရေး ဝိုင်းဝန်းထိန်းသိမ်းကြရန်မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

‎‎အဆိုပါကျေးရွာရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူ ၅၈ ဦးအား မြစိမ်းရောင်စီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ် ၅၄ ဒသမ ၇ သန်းကို အတိုးနှုန်းသက်သာ စွာ ထုတ်ချေးပေးထားပြီး အဆိုပါစီမံကိန်းအတိုးရငွေမှ ကျေးရွာဖွံ့ဖြိုးရေးအတွက် သုံးစွဲခွင့်ရရှိသော ငွေကျပ် ၁၅ သန်းဖြင့် ကွန်ကရစ်တံတားကြမ်းခင်း Slab ခင်းခြင်းနှင့် လက်ရန်းတပ်ဆင်ခြင်းလုပ်ငန်းကို ဌာနဝန်ထမ်းများ၏ နည်းပညာပံ့ပိုးမှုဖြင့် ဩဂုတ်လ ၁၄ ရက်နေ့က စတင်ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်၍ အဆိုပါကျေးရွာနေပြည်သူများ၏ စီပွားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် အခြားလူမှုရေးကိစ္စများအား ရာသီမရွေး လွယ်ကူစွာ သွားလာဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း ရေဖြူ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

Newspaper

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၂ ရက်၊ စက်တင်ဘာ ၁၈ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ September 18, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၁ ရက်၊ စက်တင်ဘာ ၁၇ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ September 17, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၀ ရက်၊ စက်တင်ဘာ ၁၆ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ September 16, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

Announcement

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း၊ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်းကြေငြာခြင်း

Ministry of Electric Power / Posted on September 18, 2025

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း၊ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်းကြေငြာခြင်း

ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းအသိအမှတ်ပြုလက်မှတ်များ ရုပ်သိမ်းကြောင်း အသိပေးကြေညာချက်

Ministry of Information / Posted on September 18, 2025

ပြန်ကြားရေးဝန်ကြီးဌာနသည် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေပုဒ်မ ၈ ပါ စည်းကမ်းချက်တစ်ရပ်ရပ်နှင့် ငြိစွန်းသည်ဟု သံသယရှိသောထုတ်ဝေစာကို ပုံနှိပ်၊ ထုတ်ဝေခဲ့ကြောင်း ခိုင်လုံသောအထောက်အထားဖြင့် သတင်းပေးပို့ခြင်းကို လက်ခံရရှိလျှင်သော်လည်းကောင်း၊ ကိုယ်တိုင်သိရှိလျှင်သော်လည်းကောင်း သတ်မှတ်ချက်နှင့်အညီ စစ်ဆေးပြီး ငြိစွန်းကြောင်းတွေ့ရှိပါက လုပ်ငန်းအသိအမှတ်ပြု...

အဝေးသင် သင်တန်းများ စာမေးပွဲဖြေဆိုမည့်ရက် ကြေညာခြင်း

Ministry of Information / Posted on September 18, 2025

အဝေးသင် သင်တန်းများ စာမေးပွဲဖြေဆိုမည့်ရက် ကြေညာခြင်း

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023