လက်မှတ်ရပြည်သူ့စာရင်းကိုင်နှင့်စာရင်းကိုင်ပညာဒီပလိုမာအောင်လက်မှတ်နှင့် နိုင်ငံပိုင်ကဏ္ဍအတွက် နိုင်ငံတကာစာရင်းစံများ၊ နိုင်ငံတကာဘဏ္ဍာရေးအစီရင်ခံခြင်းစံများ ဘွဲ့လွန်ဒီပလိုမာလက်မှတ်ပေးအပ်ခြင်းနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပခြင်း
လက်မှတ်ရပြည်သူ့စာရင်းကိုင်နှင့်စာရင်းကိုင်ပညာဒီပလိုမာအောင်လက်မှတ်နှင့် နိုင်ငံပိုင်ကဏ္ဍအတွက် နိုင်ငံတကာစာရင်းစံများ၊ နိုင်ငံတကာဘဏ္ဍာရေးအစီရင်ခံခြင်းစံများ ဘွဲ့လွန်ဒီပလိုမာလက်မှတ်ပေးအပ်ခြင်းနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပခြင်း
Office of the Auditor General of the Union/ NPT / March 11, 2026
မြန်မာနိုင်ငံစာရင်းကောင်စီက ကြီးမှူးကျင်းပသည့် (၂၀) ကြိမ်မြောက် လက်မှတ်ရ ပြည်သူ့စာရင်းကိုင်နှင့် စာရင်းကိုင်ပညာဒီပလိုမာ အောင်လက်မှတ်အပ်နှင်းခြင်းနှင့် ဆုချီးမြှင့် ခြင်းအခမ်းအနားကို ၂၀၂၆ ခုနှစ် မတ်လ ၁ ရက်နေ့ နံနက် ၉ : ၀၀ နာရီတွင် လည်းကောင်း၊ ပထမအကြိမ် နိုင်ငံပိုင်ကဏ္ဍအတွက် နိုင်ငံတကာစာရင်းစံများ၊ နိုင်ငံတကာဘဏ္ဍာရေး အစီရင်ခံခြင်းစံများ ဘွဲ့လွန်ဒီပလိုမာလက်မှတ်ပေးအပ်ခြင်းနှင့်ဆုချီးမြှင့်ခြင်း အခမ်းအနားကို မွန်းလွဲ ၂:၀၀ နာရီတွင်လည်းကောင်း နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နဝရတ် ခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်၊ မြန်မာနိုင်ငံစာရင်းကောင်စီဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံစာရင်းကောင်စီအနေဖြင့် မြန်မာနိုင်ငံစာရင်းကောင်စီဥပဒေ ပုဒ်မ ၁၇(က) နှင့်အညီ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူပြုရေးအတွက် အရည်အချင်းပြည့်မီသော စာရင်း ပညာရှင်နှင့်စာရင်းကျွမ်းကျင်သူများကို စဉ်ဆက်မပြတ် မွေးထုတ်ပေးနိုင်ရန် လက်မှတ်ရ ပြည်သူ့စာရင်းကိုင်(CPA) နှင့် ဒီပလိုမာစာရင်းကိုင်(DA) သင်တန်းများအပြင် Diploma in IPSAS ၊ Diploma in IFRS နှင့် Diploma in Internal Audit သင်တန်းများကိုလည်း တိုးချဲ့ဖွင့်လှစ်ပေးလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံစာရင်းကောင်စီ၏ စာရင်းပညာရှင်များ၊ စာရင်းကျွမ်းကျင်သူများအဖြစ် အောင်လက်မှတ်ပေးအပ်ပွဲအခမ်းအနားများ ကျင်းပခဲ့သည်မှာ ယခုအချိန်တွင် (၂၀) ကြိမ်မြောက်ရှိပြီး ဘွဲ့လွန်ဒီပလိုမာအပ်နှင်းခြင်းမှာ ပထမအကြိမ်ဖြစ် သည့်အတွက် ယနေ့သည် မင်္ဂလာအပေါင်းနှင့် ပြည့်စုံသောနေ့ထူးနေ့မြတ်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံစာရင်းကောင်စီအနေဖြင့် ၁၉၇၂ ခုနှစ်မှစ၍ အရည်အချင်းပြည့်မီသော စာရင်း ပညာရှင်များ၊ စာရင်းပညာကျွမ်းကျင်သူများကို စဉ်ဆက်မပြတ်မွေးထုတ်ပေးလျက်ရှိရာ ယနေ့အောင်လက်မှတ် ရရှိသူများအပါအဝင် လက်မှတ်ရပြည်သူ့စာရင်းကိုင် အောင်လက်မှတ် ရရှိသူ ၂၈၂၂ ဦး နှင့် စာရင်းကိုင်ပညာဒီပလိုမာအောင်လက်မှတ်ရရှိသူ ၄၈၇၄ ဦးကို အောင်လက်မှတ်ပေးအပ်ခဲ့ပြီးဖြစ်ပါကြောင်း၊ ထို့အပြင် ပထမအကြိမ်အဖြစ် Diploma in IPSAS ၄၉ ဦးနှင့် Diploma in IFRS ၃၆ ဦး စုစုပေါင်းဘွဲ့လွန်ဒီပလိုမာလက်မှတ်ရရှိသူ ၈၅ ဦး ကိုအောင်လက်မှတ်ပေးအပ်ခဲ့ပြီးဖြစ်ပါကြောင်း၊ နိုင်ငံတော်အတွက်အရည်အချင်းပြည့်ဝသော စာရင်းပညာရှင်များ တိုးတက်များပြားလာရေးကို ရည်ရွယ်၍ နိုင်ငံခြားတိုင်းပြည်များမှ စာရင်းပညာဘွဲ့၊ စာရင်းပညာလက်မှတ်ရရှိထားသူ နိုင်ငံသားများကို လက်မှတ်ရပြည်သူ့ စာရင်းကိုင်အဖြစ် အသိအမှတ်ပြုနိုင်ရန် အရည်အချင်းစစ်စာမေးပွဲ (၁၄) ကြိမ် ကျင်းပပေးခဲ့ပြီး စာရင်းပညာရှင် ၁၀၂ ဦးကို အသိအမှတ်ပြုပေးခဲ့ပြီဖြစ်ပါကြောင်း၊ အာဆီယံစီးပွားရေး အသိုက်အဝန်း ASEAN Economic Community- AEC မူဘောင်အရ မြန်မာ CPA များ အရည်အချင်းပြည့်ဝလျှင် အခြားနိုင်ငံများတွင် သွားရောက်လုပ်ကိုင်ခွင့်ရမည်ဖြစ်၍ ASEAN CPA ဖြစ်ဖို့အတွက်လည်း အရည်အသွေးအစဉ်မြှင့်တင်နေရန်လိုအပ်ကြောင်း၊ စာရင်း လုပ်ငန်းနှင့် ပတ်သက်သော ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများကို လေ့လာမှတ်သားခြင်းနှင့် သတ်မှတ်ပြဋ္ဌာန်းထား သည့် ကျင့်ဝတ်များကို လိုက်နာ၍ မိမိဂုဏ်သိက္ခာ၊ လုပ်ငန်းအဖွဲ့အစည်း၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းကြဖို့ အထူးမှာကြားလိုပါကြောင်း၊ မိမိတို့ တတ်မြောက်ခဲ့သည့် စာရင်းပညာရပ် များကို လက်တွေ့နယ်ပယ်တွင် အကျိုးရှိစွာအသုံးချခြင်းဖြင့် ပိုမိုတောက်ပသည့်အနာဂတ်ကို လက်ဆင့်ကမ်းပေးနိုင်သည့် နိုင်ငံ့အကျိုး၊ စာရင်းပညာလောက၏ အကျိုးသယ်ပိုးရွက်ဆောင် နိုင်သည့် စာရင်းပညာရှင်များဖြစ်စေရေးကြိုးစားကြစေလိုကြောင်း တိုက်တွန်းပြောကြားခဲ့ သည်။
အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် မြန်မာနိုင်ငံစာရင်းကောင်စီဥက္ကဋ္ဌက လက်မှတ်ရပြည်သူ့စာရင်းကိုင်၊ဒီပလိုမာစာရင်းကိုင်နှင့်ဘွဲ့လွန်ဒီပလိုမာစာမေးပွဲအောင်မြင်သူ များကို အောင်လက်မှတ်များ ပေးအပ်ချီးမြှင့်ခြင်းနှင့် စာမေးပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိခဲ့ကြသူများ၊ ဘာသာရပ်အသီးသီးတွင် ထူးချွန်ဆုရရှိသူများကို ပြည်ထောင်စု စာရင်းစစ်ချုပ် မြန်မာနိုင်ငံစာရင်းကောင်စီဥက္ကဋ္ဌ၊ ဒုတိယစာရင်းစစ်ချုပ် မြန်မာနိုင်ငံ စာရင်းကောင်စီဒုတိယဥက္ကဋ္ဌ(၁)၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ စာရင်းကောင်စီဒုတိယဥက္ကဋ္ဌ(၂) မြန်မာနိုင်ငံလက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်း ဥက္ကဋ္ဌ နှင့် မြန်မာနိုင်ငံစာရင်းကောင်စီ အတွင်းရေးမှူး ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အမြဲတမ်း အတွင်းဝန်တို့မှ ဆုတံဆိပ်များပေးအပ်ချီးမြှင့်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူး ခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ ဒုတိယစာရင်းစစ်ချုပ်၊ မြန်မာနိုင်ငံစာရင်းကောင်စီ ဒုတိယ ဥက္ကဋ္ဌ(၁) ဒေါ်နိုင်သက်ဦး၊ ဒုတိယဥက္ကဋ္ဌ(၂)နှင့် မြန်မာနိုင်ငံလက်မှတ်ရပြည်သူ့စာရင်းကိုင် များအသင်းဥက္ကဋ္ဌ ဦးဝမ်းတင်နှင့် ကောင်စီဝင်များ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ တာဝန်ရှိသူများ၊ စာရင်းကိုင်အလုပ်သင်နှင့် ကိုယ်ပိုင်စာရင်းကိုင်သင်တန်းကျောင်းများ ကြီးကြပ်ရေးကော်မတီဝင်များနှင့် တာဝန်ရှိသူများ၊ သင်တန်းကထိကများ၊ ဆု၊ အောင်လက် မှတ်နှင့် ဒီပလိုမာလက်ခံရယူမည့် သင်တန်းသားများနှင့် မိဘဆွေမျိုးများ၊ ဖိတ်ကြားထား သည့်ဧည့်သည်တော်များ စုစုပေါင်း ( ၄၆၃ ) ဦး တက်ရောက်ခဲ့ကြသည်။
ညနေပိုင်းတွင် ဘွဲ့ရမောင်မယ်များနှင့် ဆုနှင့် ပညာရေးရန်ပုံငွေအလှူရှင်များအား ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် မြန်မာနိုင်ငံလက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်းတို့မှ တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်ထောင်စု စာရင်းစစ်ချုပ် မြန်မာနိုင်ငံစာရင်းကောင်စီဥက္ကဋ္ဌ၊ ဒုတိယစာရင်းစစ်ချုပ် မြန်မာနိုင်ငံစာရင်း ကောင်စီဒုတိယဥက္ကဋ္ဌ(၁)နှင့် မြန်မာနိုင်ငံစာရင်းကောင်စီ ဒုတိယဥက္ကဋ္ဌ(၂) မြန်မာနိုင်ငံ လက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်းဥက္ကဋ္ဌတို့က ဂုဏ်ပြုအမှာစကားများ အသီးသီး ပြောကြားခဲ့ပြီး ပြည်ထောင်စုစာရင်းစစ်ချုပ်က တက်ရောက်လာသည့် ပညာရေးရန်ပုံငွေ အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းများပေးအပ်ခဲ့သည်။ ယင်းအခမ်းအနားသို့ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှ တာဝန်ရှိသူများ၊ ဧည့်သည်တော်များ၊ အလှူရှင်များ၊ သင်တန်း ဆရာများနှင့် ဘွဲ့ရမောင်မယ်များ တက်ရောက်ခဲ့ကြသည်။
Newspaper
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၁ ရက် ၊ မတ် ၁၃ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ March 13, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၀ ရက် ၊ မတ် ၁၂ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ March 12, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက် ၊ မတ် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။
Announcement
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း
Naypyitaw Development Committee / Posted on March 12, 2026
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း
နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း
Naypyitaw Development Committee / Posted on March 11, 2026
နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း
အခွန်အယူခံခုံအဖွဲ့က (၁၈-၃-၂၀၂၆)ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုများစာရင်း
Revenue Appellate Tribunal / Posted on March 11, 2026
အခွန်အယူခံခုံအဖွဲ့က (၁၈-၃-၂၀၂၆)ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုများစာရင်း
