လယ်ဝေးမြို့နယ်၊ ရွှေဝါထွန်း(၂)စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်း၏ မိုးစပါးစိုက်ဧက (၂၀) ရိတ်သိမ်းမှုအား ကွင်းဆင်းကြည့်ရှု


Ministry of Cooperatives and Rural Development/ Naypyitaw / December 17, 2025
image_latest


လယ်ဝေး ဒီဇင်ဘာ ၁၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူးနှင့်အတူ တာဝန်ရှိသူများသည် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သော လယ်ဝေးမြို့နယ်၊ ရုံးတောကျေးရွာရှိ၊ ရွှေဝါထွန်း(၂) စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းပိုင် မိုးစပါးစိုက်ဧက (၂၀) ရိတ်သိမ်းမှုအား ကွင်းဆင်းကြည့်ရှုခဲ့သည်။

ကွင်းဆင်းကြည့်ရှုစဉ် ညွှန်ကြားရေးမှူး၊ ဒေါ်ဆုယဉ်မြင့်က စပါးများရောင်းချရာတွင် အလေးချိန်မှန်ကန်မှုရှိစေရေး၊ ဈေးကောင်းရရှိစေရေးတို့တွက် မြို့နယ်ဦးစီးဌာနနှင့် အသင်းပေါင်းစပ်ဆောင်ရွက်ရန်နှင့် စပါးများရောင်းချပြီးပါက မျိုး၊ သွင်းအားစုတန်ဖိုး ငွေများကို အပြေအကြေပေးဆပ်ဆောင်ရွက်သွားရန်ဖြစ်ပြီး နောက်သီးနှံစိုက်ပျိုး ဆောင်ရွက်မည့်အခြေအနေ များကို အမြန်တင်ပြသွားရန် မှာကြားခဲ့သည်။ ထို့နောက် မြို့နယ်ဦးစီးအရာရှိနှင့် အသင်း၏အတွင်းရေးမှူးတို့မှ အသင်းပိုင်လယ်ယာမြေများတွင် ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုတ်နှင့် မတ်ပဲသီးနှံများ ဆက်လက်စိုက်ပျိုးဆောင်ရွက်မည့်အခြေအနေတို့အား ဆွေးနွေးတင်ပြခဲ့မှု အပေါ် လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)

နေပြည်တော်ကောင်စီနယ်မြေ

Newspaper

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၃ ရက်၊ ဒီဇင်ဘာ ၁၇ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ December 17, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၂ ရက်၊ ဒီဇင်ဘာ ၁၆ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ December 16, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၁ ရက်၊ ဒီဇင်ဘာ ၁၅ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ December 15, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

Announcement

ရုပ်ရှင်ဆိုင်ရာ လိုင်စင်များနှင့်ပတ်သက်၍ အသိပေးကြေညာခြင်း

Ministry of Information / Posted on December 17, 2025

ရုပ်ရှင်ဆိုင်ရာ လိုင်စင်များနှင့်ပတ်သက်၍ အသိပေးကြေညာခြင်း

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023