သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲအတွက် အလှူငွေများ ဆက်လက်လှူဒါန်း


Ministry of Information/ Naypyitaw / November 17, 2025
image_latest


ရန်ကုန် နိုဝင်ဘာ ၁၆

၁၃၈၇ ခုနှစ် မြန်မာနိုင်ငံစာဆိုတော်နေ့ အထိမ်းအမှတ် (၃၈) ကြိမ်မြောက် သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲအတွက် အလှူရှင်များက အလှူငွေများ ဆက်လက်လှူဒါန်းကြသည်။

ထိုသို့လှူဒါန်းရာတွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံးက အလှူငွေကျပ်သိန်း ၁ဝဝ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ငွေကျပ် ၂၈၈ သိန်း၊ သာကေတမြို့နယ် စာရေးဆရာအသင်းဝင် ဆရာနန်းအောင်လှိုင် - ဆရာမ သီရိနန်းထက်စံမိသားစုနှင့် ဆရာကြီး တက္ကသိုလ်တင်မောင်ထွေး (နတ်ရေကန်) အား ရည်စူး၍ နတ်ရေကန်မိသားစုတို့က ငွေကျပ် ၁၀ သိန်းစီ၊ ကွယ်လွန်သူ ဦးကျော်ဝင်း (ပုဏ္ဏဝတီဘုန်းဆွေ) အား ရည်စူး၍ ဇနီးဖြစ်သူ ဒေါ်ဘေဘီမြင့် (ရွှေဘိုသီရိမာလာ) သားများ ဖြစ်ကြသော ဦးကိုကိုအောင်၊ ဦးကိုကိုမောင်နှင့် ဦးကိုကိုနိုင်မိသားစုက ငွေကျပ် ငါးသိန်း၊ အမရပူရမြို့နယ် စာရေးဆရာအသင်းက ငွေကျပ် ၁၁၀ဝဝဝ၊ ဦးညွန့်တင် (မောင်ငြိမ်းသူ-ကြို့ပင်ကောက်)၊ ဆရာဦးကျော်မြင့်(GA)နှင့် ကြံခင်းမြို့နယ် စာရေးဆရာအသင်း တို့က ငွေကျပ်တစ်သိန်းစီ၊ ဒေါ်ခင်အေးသန်း (စာရေးဆရာမ ခင်ဆွေလတ်)၊ တောင်ငူမြို့နယ် စာရေးဆရာအသင်း၊ အလုံမြို့နယ် စာရေးဆရာအသင်းနှင့် ပန်းတောင်းမြို့နယ် စာရေးဆရာ အသင်းတို့က ငွေကျပ် ငါးသောင်းစီ၊ မောင်ကျော်ဇော(နံ့သာမြေ)က ငွေကျပ်တစ်သောင်း ပေးအပ်လှူဒါန်းကြရာ အသင်းဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး) နှင့် အတွင်းရေးမှူး ဦးညွန့်တင် (မောင်ငြိမ်းသူ-ကြို့ပင်ကောက်) တို့က လက်ခံရယူပြီး ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

အလှူငွေဖြစ်စေ၊ အလှူပစ္စည်းဖြစ်စေ လှူဒါန်းလိုပါက မြန်မာနိုင်ငံစာရေးဆရာအသင်း အမှတ် (၁၇၃/၁၇၅) ပန်းဆိုးတန်းလမ်း (အလယ်) ကျောက်တံတား မြို့နယ် ရန်ကုန်မြို့ ဖုန်း-ဝ၁- ၂၅၂၄၁၇၊ ၀၉-၄၅၀၀၉၀၄၈၆ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

သတင်းစဉ်

Newspaper

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၃ ရက်၊ နိုဝင်ဘာ ၁၇ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ November 17, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၂ ရက်၊ နိုဝင်ဘာ ၁၆ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ November 16, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၁ ရက်၊ နိုဝင်ဘာ ၁၅ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ November 15, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

Announcement

တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း

Ministry of Transport and Communications / Posted on November 17, 2025

တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း

သမဝါယမကောလိပ်(ဖောင်ကြီး)နှင့်သမဝါယမကောလိပ်(မန္တလေး) ပထမနှစ်ဝင်ခွင့်ရရှိသူများစာရင်း

Ministry of Cooperatives and Rural Development / Posted on November 13, 2025

သမဝါယမကောလိပ် (မန္တလေး၊ ဖောင်ကြီး)တို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပထမနှစ် (ပထမနှစ်ဝက်)သင်တန်းနှင့် ဒုတိယနှစ် (ပထမနှစ်ဝက်)သင်တန်းများကို (၁၇-၁၁-၂၀၂၅)ရက်နေ့မှ စတင်၍ ကျောင်းအပ်လက်ခံပြီး (၂၄-၁၁-၂၀၂၅)ရက်နေ့၌ စတင်ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023