သစ်လွင်သူနာပြု ၁၅၂၀ နှင့် သစ်လွင်သားဖွား ၃၆၁ ဦးတို့ကို နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ပေးခန့်အပ်နိုင်ခဲ့


Ministry of Information/ Naypyitaw / December 23, 2025
image_latest


နေပြည်တော် ဒီဇင်ဘာ ၂၂

ကျန်းမာရေးဝန်ကြီးဌာနမှ သူနာပြု - သားဖွား ဒီပလိုမာ သုံးနှစ်သင်တန်းဆင်းမည့် သစ်လွင်သူနာပြုများနှင့် သားဖွားဒီပလိုမာ နှစ်နှစ်သင်တန်းဆင်းမည့် သစ်လွင်သားဖွားများကို နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ပေးအပ်သည့် ခန့်အပ်လွှာပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းတွင် သူနာပြုတက္ကသိုလ်(ရန်ကုန်) Auditorium ခန်းမ၌ Hybrid စနစ်ဖြင့်ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားကောင်စီဥက္ကဋ္ဌ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သစ်လွင်သူနာပြုများနှင့် သစ်လွင်သားဖွားများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ပြည်သူလူထုကို ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် အရည်အသွေးရော အရည်အချင်းပါ ပြည့်ဝရုံမျှမက မိမိတို့သူနာပြု၊ သားဖွားများလိုက်နာရမည့် အသက်မွေး ဝမ်းကျောင်းဆိုင်ရာ ကျင့်ဝတ်များကို လိုက်နာကျင့်ကြံကြစေလိုကြောင်း၊ အခြေခံသူနာပြုစုမှုနှင့် သားဖွားအတတ်ပညာများကို အသုံးပြု၍ ပြည်သူများကို ကျွမ်းကျင်ပိုင်နိုင်စွာဖြင့် ပြုစုပေးနိုင်သော မှန်ကန်သော ခံယူချက်ရှိသည့် သူနာပြု၊ သားဖွားကောင်းများ ဖြစ်ကြစေလိုကြောင်းနှင့် ပြည်သူလူထုနှင့် ဆက်ဆံရာတွင် ဖော်ရွေစွာပြောဆိုဆက်ဆံကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က သင်တန်းဆင်းသစ်လွင်သူနာပြုနှင့် သားဖွားများအနေဖြင့် နိုင်ငံတော်နှင့် ပြည်သူလူထုကျန်းမာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးဆောင်ရွက်ရာတွင် သူနာပြုအတတ်ပညာဖြင့် ပြည်သူလူထုကို အကျိုးပြုကြရန် ပြောကြားသည်။

ယင်းနောက် မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားကောင်စီဥက္ကဋ္ဌက သင်တန်းဆင်းမည့် သစ်လွင်သူနာပြု၊ သားဖွားများကို နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်စတင်ထမ်းဆောင်သည့်အချိန်မှစ၍ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ သက်ဆိုင်ရာဆေးရုံ၏ စည်းမျဉ်း၊ စည်းကမ်းများကို လိုက်နာဆောင်ရွက်စေလိုကြောင်း၊ လူနာများကိုပြုစုစောင့်ရှောက်ရာတွင် သူနာပြုသစ္စာ ဓိဋ္ဌာန်(၈)ချက်နှင့်အညီ လိုက်နာဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်းမှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက နေပြည်တော် သူနာပြု၊ သားဖွားသင်တန်းကျောင်းမှ တက်ရောက်အောင်မြင်သူ သစ်လွင်သူနာပြု ၈၆ ဦး၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သူနာပြု၊ သားဖွားသင်တန်းကျောင်းများမှ တက်ရောက်အောင်မြင်သူ သစ်လွင်သူနာပြု ၃၄၀၊ ရန်ကုန်ဗဟိုသားဖွား သင်တန်းကျောင်းမှ တက်ရောက်အောင်မြင်သူ သစ်လွင်သားဖွား ၁၆၂ ဦး စုစုပေါင်း ၅၈၈ ဦးကိုယ်စား သစ်လွင်သူနာပြုနှစ်ဦး၊ သစ်လွင်သားဖွား တစ်ဦးတို့ထံ ခန့်အပ်တာဝန်ပေးအပ်သည့် ဌာနဆိုင်ရာအမိန့်စာများပေးအပ်ပြီး သစ်လွင်သူနာပြုတစ်ဦးက ကျေးဇူးတင်စကား ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ရန်ကုန်ရှိ သူနာပြုသင်တန်းကျောင်း ခြောက်ကျောင်း၊ သားဖွားသင်တန်းကျောင်း တစ်ကျောင်းတို့အတွက် ဂုဏ်ပြုချီးမြှင့်ငွေကျပ်သိန်း ၃၅၀ ပေးအပ်ရာ ပြည်ထောင်စုဝန်ကြီးက လက်ခံရယူပြီး တေးသရုပ်ဖော်အကအဖွဲ့များကို ဂုဏ်ပြုဆုငွေများ ပေးအပ်သည်။

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ၂၀၂၅ ခုနှစ်တွင် သစ်လွင်သူနာပြု ၁၅၂၀ နှင့် သစ်လွင်သားဖွား ၃၆၁ ဦးကို နိုင်ငံ့ဝန်ထမ်းအဖြစ် ခန့်အပ်တာဝန်ပေးနိုင်ခဲ့ပြီး ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလနှင့် မေလတို့တွင် သူနာပြု ၁၇၆၂ ဦးကို သစ်လွင်သူနာပြုများအဖြစ် ခန့်အပ်တာဝန်ပေးအပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

Newspaper

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၅ ရက် ၊ ဒီဇင်ဘာ ၂၃ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ December 23, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၄ ရက် ၊ ဒီဇင်ဘာ ၂၂ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ December 22, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၃ ရက် ၊ ဒီဇင်ဘာ ၂၁ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ December 21, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

Announcement

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအချိန်စာရင်း ကြေညာ

Ministry of Information / Posted on December 20, 2025

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအချိန်စာရင်း ကြေညာ

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023