သဘာဝဘေးကာကွယ်ရေး နေ့စဉ်တိုင်းတာစောင့်ကြည့်ပေး
သဘာဝဘေးကာကွယ်ရေး နေ့စဉ်တိုင်းတာစောင့်ကြည့်ပေး
Ministry of Information/ Naypyitaw / March 23, 2026
နှစ်စဉ် မတ်လ ၂၃ ရက်နေ့သည် ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ်နှင့်အဖွဲ့ဝင်နိုင်ငံများက သတ်မှတ်ကျင်းပလေ့ရှိသည့် ကမ္ဘာ့မိုးလေဝသနေ့ဖြစ်သည်။ ၂၀၂၆ ခုနှစ် ကမ္ဘာ့မိုးလေဝသနေ့အတွက် “သဘာဝဘေးကာကွယ်ဖို့ နေ့စဉ်တိုင်းတာစောင့်ကြည့်စို့” ဆောင်ပုဒ်ကို ထုတ်ပြန်ထားသည်။ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးအတွက် နေ့စဉ်နေ့တိုင်း မိုးလေဝသတိုင်းတာစောင့်ကြည့်ခြင်းလုပ်ငန်းများသည် နိုင်ငံအလိုက်အနေဖြင့် အလွန်အရေးပါလျက်ရှိကြောင်း အသိပေးထားခြင်းဖြစ်သည်။
ကမ္ဘာကြီး တစ်နေ့တခြား ပူနွေးလာမှုကြောင့် ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များ သိသာထင်ရှားစွာ ဖြစ်ပေါ်လျက်ရှိရာ ကမ္ဘာ့နိုင်ငံများအနေဖြင့် သဘာဝဘေးအန္တရာယ် အမျိုးမျိုးတို့ကို တစ်မျိုးမဟုတ်တစ်မျိုး တွေ့ကြုံခံစားနေကြရသည်ကို တွေ့ရမည်ဖြစ်သည်။ မိုးခေါင်ခြင်း၊ ရေရှားခြင်း၊ ရေကြီးရေလျှံဖြစ်ခြင်း၊ မုန်တိုင်းတိုက်ခတ်ခြင်း၊ မီးတောင်ပေါက်ကွဲခြင်း၊ ငလျင်လှုပ်ခြင်း၊ အပူလှိုင်းဖြတ်ခြင်း၊ အအေးလှိုင်းဖြတ်ခြင်း၊ အယ်လ်နီညို၊ လာနီညာဖြစ်စဉ်များဖြစ်ပွားခြင်းစသည့် သဘာဝဘေးဖြစ်စဉ်များ အဆက်မပြတ်ဖြစ်ပွားလျက်ရှိသည်။ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များသည် လူ့အသိုက်အဝန်းများကို ကြီးမားသော ခြိမ်းခြောက်မှုဖြစ်လာသည်။
ယင်းတို့ကို ကြိုတင်ကာကွယ်ရေးအတွက် သဘာဝပတ်ဝန်းကျင်ကို အားလုံးထိန်းသိမ်း စောင့်ရှောက်ကြရန်လိုအပ်သလို မိုးလေဝသဌာနအသီးသီးမှ နေ့စဉ်စောင့်ကြည့် တိုင်းတာပေးပြီး ထုတ်ပြန်လျက်ရှိသော မိုးလေဝသသတင်းများကို စောင့်ကြည့်လေ့လာကာ ကြိုတင်ပြင်ဆင် ဆောင်ရွက်သင့်သည်များကို ဆောင်ရွက်ကြရမည်ဖြစ်သည်။ ပြည်သူများအနေဖြင့် မိုးလေဝသသတင်းများနှင့်ပတ်သက်၍ သာမန်အနေဖြင့်သာ သိရှိနေကြသော်လည်း မျက်မှောက်ကာလတွင် ကမ္ဘာကြီးပူနွေးလာမှု သိသာထင်ရှားစွာဖြစ်ပေါ်လျက်ရှိသဖြင့် မိုးရွာသွန်းခြင်း၊ နေပူပြင်းခြင်းမှအစ မိုးလေဝသသတင်းများ၏ ထူးခြားသောဖြစ်စဉ်များကို သတိပြုကြရမည်ဖြစ်သည်။
ကမ္ဘာကြီး ပူနွေးလာမှုသည် ၁၉၈၀ ပြည့်လွန်နှစ်များမှစတင်၍ တစ်နှစ်ထက်တစ်နှစ် ပိုမိုပူနွေးလာခဲ့သည်။ ၂၀၂၃ ခုနှစ်သည် စံချိန်တင်အပူဆုံးနှစ်ဖြစ်ခဲ့သည်။ ၁၉၀၀ ပြည့်နှစ်က ပျမ်းမျှအပူချိန်ထက် ၁ ဒသမ ၄၅ ဒီဂရီစင်တီဂရိတ်ပိုပူလာသည်။ အဓိကအကြောင်းရင်းသည် လူတို့ကြောင့်ဖြစ်ပေါ်လာသည့် ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝအတိုင်းဖြစ်လာသည့် အယ်လ်နီညိုရာသီဥတုဖြစ်စဉ်များကြောင့်ဖြစ်သည်။ ကမ္ဘာပေါ်ရှိနိုင်ငံအချို့တွင် သစ်တောများပြုန်းတီးခြင်း၊ သဘာဝပတ်ဝန်းကျင်များပျက်စီးခြင်း၊ လူမှုစီးပွားဖွံ့ဖြိုးမှုနှင့်အတူ ကာဗွန်ထုတ်လွှတ်မှုမြင့်မားလာခြင်း၊ အဖျက်စွမ်းအားကြီးမားသည့် လက်နက်များ အပြိုင်အဆိုင်ထုတ်လုပ်ခြင်း၊ စမ်းသပ်ပစ်ခတ်ခြင်း၊ စစ်ပွဲများဖြစ်ပွားခြင်းတို့ကြောင့် ကမ္ဘာ့ရာသီဥတုပူနွေးမှု မြင့်မားလာသည်။
စံချိန်တင်မြင့်တက်နေသော ဖန်လုံအိမ်ဓာတ်ငွေ့များစုဝေးနေသည့် လေထုအတွင်း အပူစွမ်းအင်များကြောင့် မိုးလေဝသအခြေအနေများမှာ ပုံမှန်မဖြစ်တော့ဘဲ ပိုမိုပြင်းထန်လာသည်။ သမုဒ္ဒရာအပူချိန်များလည်း စံချိန်တင်မြင့်မားလာပြီး ရာစုနှစ်နှင့်ချီ၍ ဆက်လက်ဖြစ်ပေါ်နေမည်ဟု ခန့်မှန်းထားသည်။ ရာသီဥတုပြောင်းလဲမှုကို လျှော့ချနိုင်ရန်အတွက် လေထုအတွင်း အပူကိုထိန်းထားသည့် ဖန်လုံအိမ်ဓာတ်ငွေ့များကို သိသိသာသာလျှော့ချရန် လိုအပ်မည်ဖြစ်သည်။ ပတ်ဝန်းကျင်ညစ်ညမ်းစေသည့် ရုပ်ကြွင်းလောင်စာအသုံးပြုမှုကို တဖြည်းဖြည်းရပ်တန့်ရန်နှင့် သန့်ရှင်းသည့် စွမ်းအင်အရင်းအမြစ်များ ပြောင်းလဲသုံးစွဲရန်လိုအပ်လာသည်။ စက်မှုတော်လှန်ရေး မတိုင်မီကရှိခဲ့သည့် ကာဗွန်ဒိုင်အောက်ဆိုက်ပါဝင်နှုန်းထက် ယခုအခါ ၅၀ ရာခိုင်နှုန်းအထိ မြင့်မားလာသည်။ စွမ်းအင်ကဏ္ဍမှ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု လေးပုံ သုံးပုံအထိရှိနေသည့်အတွက် ၂၀၅၀ ပြည့်နှစ်တွင် ဖန်လုံအိမ်ဓာတ်ငွေ့ သိသာစွာလျော့ကျစေရန် ပတ်ဝန်းကျင်ညစ်ညမ်းစေသည့် လိုအင်များကိုလျှော့ချပြီး စိမ်းလန်းသောဝန်းကျင်သစ်ကို ဖန်တီးကြဖို့လိုအပ်မည်ဖြစ်သည်။
ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ်အနေဖြင့် ဖန်လုံအိမ်ဓာတ်ငွေ့ လေ့လာစောင့်ကြည့်သည့် ကွန်ရက်စနစ်ထူထောင်ထားပြီး အဆင့်မြင့်မားသော သိပ္ပံဆိုင်ရာအချက်အလက်များ ပံ့ပိုးပေးရေးနှင့် တိုင်းထွာစောင့်ကြည့်ရေးကို ဆက်လက်ဆောင်ရွက်လျက်ရှိသည်။ သဘာဝဘေးအန္တရာယ်များကို ပိုမိုကောင်းမွန်စွာ စီမံခန့်ခွဲနိုင်ရေးအတွက် နိုင်ငံအလိုက် ရာသီဥတုသိပ္ပံဆိုင်ရာ ခန့်မှန်းချက်၊ အချက်အလက် လုပ်ငန်းစဉ်များနှင့်အတူ ပေါင်းစပ်ဆောင်ရွက်သွားကြရန်လိုသည်။ ကြိုတင်သတိပေးစနစ်သည် သဘာဝဘေးကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ လျှော့ချပေးနိုင်သဖြင့် မိုးလေဝသဌာနက နေ့စဉ်အသိပေးထုတ်ပြန်လျက်ရှိသော မိုးလေဝသဆိုင်ရာသတင်းအချက် အလက်များအား လေ့လာမှတ်သားဆောင်ရွက်ကြရန်လိုသည်။
သို့ဖြစ်ရာ ၂၀၂၆ ခုနှစ် ကမ္ဘာ့မိုးလေဝသနေ့ ဆောင်ပုဒ်ဖြစ်သည့် “သဘာဝဘေး ကာကွယ်ဖို့ နေ့စဉ်တိုင်းတာ စောင့်ကြည့်စို့”နှင့်အညီ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိသော ရာသီဥတုဆိုင်ရာ စောင့်ကြည့်လေ့လာ၊ ခန့်မှန်းသုံးသပ်ချက်၊ အသိပေးချက်၊ သတိပေးချက်များအတိုင်း အလေးထားလိုက်နာ ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။
Newspaper
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၆ ရက် ၊ မတ် ၂၃ ရက်၊ တနင်္လာနေ့
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၅ ရက် ၊ မတ် ၂၂ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ March 22, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၄ ရက် ၊ မတ် ၂၁ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ March 21, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
DownloadAnnouncement
အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပေါ်နေသည့် စစ်ရေးပဋိပက္ခကြောင့် မိမိတို့နိုင်ငံတွင် စက်သုံးဆီသုံးစွဲမှု အခက်အခဲမဖြစ်ပေါ်စေရေး ပူးပေါင်းဆောင်ရွက်ကြပါရန် အသိပေးထုတ်ပြန်ချက်
Ministry of Information / Posted on March 22, 2026
အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပေါ်လျက်ရှိသည့် စစ်ရေးပဋိပက္ခကြောင့် မိမိတို့နိုင်ငံအတွင်း စက်သုံးဆီသုံးစွဲမှု အခက်အခဲမဖြစ်ပေါ်စေရေး စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် စောင့်ကြည့်၊ ကြပ်မတ်၊ ထိန်းကျောင်းမှုများ ဆောင်ရွက်လျက်ရှိပါသည်။
အပတ်စဉ်ဗုဒ္ဓဟူးနေ့အား အစိုးရရုံးဌာနများ၏ ရုံးလုပ်ငန်းများကို နေအိမ်မှသာဆောင်ရွက်ကြရန် သတ်မှတ်ကြေညာ
Ministry of Information / Posted on March 22, 2026
၁။ အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် ဖြစ်ပေါ်လာနိုင်သည့် စက်သုံးဆီရှားပါးမှုကို ကြိုတင်ကာကွယ်ရန်ရည်ရွယ်၍ စုံ ၊ မ ယာဉ်သုံးစွဲသည့်စနစ်နှင့် စက်သုံးဆီဝယ်ယူသည့်စနစ်တို့ကို သတ်မှတ်ကြေညာခဲ့ပြီးဖြစ်ပါသည်။ ထိုသို့ သတ်မှတ်ကြေညာခဲ့သည့်နည်းတူ နိုင်ငံတော်အစိုးရအနေဖြင့်လည်း စက်သုံးဆီတင်သွင်းရရှိရေးကို နည်းလမ်းမျိုးစုံဖြင့် အတတ်နိုင်ဆုံး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ လက်ရှိတွင် လုံလောက်သော...
