သဘာဝဘေးဒဏ်သင့်ဒေသများ၌ အသက်မွေးဝမ်းကျောင်းပြန်လည်ထူထောင်ရေး လုပ်ငန်းများအား အမြန်ဆုံးနှင့် အထိရောက်ဆုံး ဆောင်ရွက်ပေးသွားမည်


Ministry of Cooperatives and Rural Development/ Naypyitaw / December 31, 2025
image_latest


နေပြည်တော် ဒီဇင်ဘာ ၃၁

ကြုံတွေ့ခဲ့သည့် သဘာဝဘေးဖြစ်စဉ်များအပေါ် သုံးသပ်ပြီး သဘာဝဘေးမဖြစ်ပေါ်မီ ဘေးကျ ရောက်နိုင်သည့်ဒေသများမှာ ကြိုတင်ပြင်ဆင် ဇာတ်တိုက်ခြင်းများ၊ ဖြစ်ပေါ်လာပါက အရေးပေါ် ဆောင်ရွက်ရမည့် အချက်များ အသိပညာပေးခြင်း၊ သင်တန်းပေးခြင်းများ ဆောင်ရွက်ထားကြရန် တိုက်တွန်း မှာကြားလိုပါကြောင်း၊  ဒါ့အပြင် သဘာဝဘေးဖြစ်ပေါ်လာပါက ပျက်စီးဆုံးရှုံးမှု နည်းပါး အောင် ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်ခြင်း၊ အရေးပေါ်တုန့်ပြန်နိုင်ရေး ဆောင်ရွက်ခြင်း၊ အသက် မွေးဝမ်းကျောင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများအား ရေတို၊ ရေရှည် ဆောင်ရွက်နိုင်ရေး အတွက် ကြိုတင်အစီအမံများ ဆောင်ရွက်ထားရန်နှင့် ဖြစ်ပေါ်လာပါက အလျင်အမြန် ဆောင်ရွက် ပေးနိုင်ရန် လိုအပ်ကြောင်း၊ သဘာဝဘေးဒဏ်သင့်ဒေသများတွင် လိုအပ်သော အသက်မွေးဝမ်း ကျောင်းပြန်လည်ထူထောင်ရေးလုပ်ငန်းများအား အမြန်ဆုံးနှင့် အထိရောက်ဆုံး ဆောင်ရွက်ပေး ကြရန်နှင့် ဆောင်ရွက်သည့်နေရာမှာ ထိခိုက်ပျက်စီးမှုအပေါ် မူတည်၍ ဦးစားပေးအဆင့် သတ် မှတ်ပြီး တစ်ဆင့်ချင်းစီ စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်ပေးကြရန်နှင့် သဘာဝဘေး အန္တရာယ်မကျရောက်မီနှင့် ကျရောက်ပြီးချိန်များမှာ လိုအပ်သည့် အရေးပေါ်စီမံခန့်ခွဲခြင်း၊ တုန့်ပြန် ခြင်း၊ ကူညီကယ်ဆယ်ရေးကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ခြင်း၊ အသင့်ပြင်ဆင်စုဖွဲ့ထားရှိခြင်း နှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ ကိုယ်စီလုပ်ငန်းတာဝန်များအား ကော်မတီဝင် သက်ဆိုင်ရာဌာန အသီးသီးမှလည်း တာဝန်သိစိတ်ဖြင့် တာဝန်ယူဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်းဖြင့် ယနေ့ နံနက်ပိုင်းက နေပြည်တော် ရုံးအမှတ်(၁၆)၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေးလုပ်ငန်း ကော်မတီ၏ (၂/၂၀၂၅) လုပ်ငန်း ညှိနှိုင်းအစည်းအဝေးတွင် လုပ်ငန်းကော်မတီဥက္ကဋ္ဌ သမဝါယနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက မိမိတို့ကော်မတီအနေဖြင့် လုပ်ငန်းတာဝန်ဖြစ်သည့် ထိခိုက်ခဲ့တဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို အမြန် ပြန်လည်ထူထောင်လာသည်အထိ ထိခိုက်ခဲ့မှုအပေါ် ဦးစားပေးအလိုက် ဌာနအလိုက် အမြန်ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ရန်ပုံငွေ ရရှိမှုပေါ်မူတည်ပြီး ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်မှာ ဆက်လက်ဆောင်ရွက်ရန်ရှိသည်များကို မတ်လ၊ ဧပရယ်လမှစတင်၍ အမြန်ဆုံးဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်း များတွင် အခြေခံအဆောက်အအုံ ပြန်လည်ပြင်ဆင် တည်ဆောက်ခြင်းလုပ်ငန်းများ၊  MSME လုပ်ငန်းများ၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ပြန်လည်ထူထောင်ခြင်းများကလည်း အလုပ်အကိုင် များ ဖန်တီးပေးနိုင်ပြီး အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ပေးခြင်းပင် ဖြစ်ပါ ကြောင်း၊ အင်အားပြင်း မန္တလေးငလျင်ဘေးသင့် ဒေသများအတွက် အသက်မွေးဝမ်းကျောင်း လုပ်ငန်းကော်မတီဝင်များမှ ဆောင်ရွက်ပေးခဲ့မှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ပေးမည့် အစီအစဉ်များ၊ ကော်မတီအတွက် ထူးခြားကိစ္စများ၊ သီးခြားတင်ပြရန်ကိစ္စများနှင့် ပေါင်းစပ်ဆောင် ရွက်ရန်ကိစ္စများရှိပါကလည်း ထည့်သွင်းဆွေးနွေးကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးသိန်းလွင်က ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် မန္တလေးငလျင်ကြီးတွင် ပျက်စီးဆုံးရှုံးခဲ့သည့် ကျေးလက်လမ်းများ၊ ကျေးလက်ကုန်ထုတ် လမ်းတံတားများ၊ ရွာတွင်းလမ်းများ၊ မီးလင်းရေးနှင့် ရေပေးရေးလုပ်ငန်းများ ပြန်လည်ဆောင်ရွက်ပေးခဲ့သည့် အခြေအနေများ၊ အရေးပေါ်ကာလတွင် သောက်သုံးရေ ဖြန့်ဝေပေးမှုနှင့် ဝန်ကြီးဌာန၊ ဦးစီးဌာနများရှိ ဝန်ထမ်းအိမ်ရာများတွင် စက်ရေတွင်း တူးဖော်ပေးမှုများ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့မှုအခြေအနေများ၊ ကျေးလက် အခြေခံအဆောက်အအုံများ ပြန်လည်ထူထောင်ရေး ဆောင်ရွက်ပေးခဲ့သည့် အခြေအနေများ၊ အသက်မွေးဝမ်းကျောင်း ပြန်လည်ထူထောင်ရေး ဆောင်ရွက်ပေးခဲ့မှုအခြေအနေများ၊ ထောက်ပံ့ လှူဒါန်းမှုများ၊ ပြန်လည်ထူထောင်ရေးအတွက် ဆက်လက်ဆောင်ရွက်ပေးမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေးလုပ်ငန်း ကော်မတီဝင်ဌာနများမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများက သဘာဝဘေးဒဏ်သင့်ဒေသများ၌ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများအတွက် မျိုး၊ သွင်းအားစုနှင့် အရင်းအနှီး ထောက်ပံ့ပေးမှုများ၊ အလုပ်အကိုင်အခွင့်အလမ်း ရရှိရေး၊ မိသားစုဝင်ငွေတိုးရေး ဆောင် ရွက်ပေးထားမှုများနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာသင်တန်း ဖွင့်လှစ်ပို့ချပေးခဲ့သည့် အခြေအနေ များကို ဌာနအလိုက် ရှင်းလင်းတင်ပြကြသည်။ တင်ပြမှုများအပေါ် လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက ကော်မတီဝင် ဝန်ကြီးဌာနအချင်းချင်း ပူးပေါင်းချိတ်ဆက် ဆောင်ရွက်ကြ ရန်နှင့် လိုအပ်သည်များ ဖြည့်စွက် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

Newspaper

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၃ ရက် ၊ ဒီဇင်ဘာ ၃၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ December 31, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၂ ရက် ၊ ဒီဇင်ဘာ ၃၀ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ December 30, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၁ ရက် ၊ ဒီဇင်ဘာ ၂၉ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ December 29, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

Announcement

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး ခန့်ထားခြင်း

Ministry of Information / Posted on December 31, 2025

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး ခန့်ထားခြင်း

စစ်ဘက်မူလတာဝန် ပြန်လည်ထမ်းဆောင်စေခြင်း

Ministry of Information / Posted on December 30, 2025

စစ်ဘက်မူလတာဝန် ပြန်လည်ထမ်းဆောင်စေခြင်း

စစ်ဘက်မူလတာဝန် ပြန်လည်ထမ်းဆောင်စေခြင်း

Ministry of Information / Posted on December 30, 2025

စစ်ဘက်မူလတာဝန် ပြန်လည်ထမ်းဆောင်စေခြင်း

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023