သမဝါယမကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာ ရေးဆွဲရန်နှင့် ရက် ၁၀၀ စီမံချက်များ အကောင်အထည်ဖော်ဆောင်ရွက်နေမှုများအပေါ် ကြီးကြပ်ဆောင်ရွက်ခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
သမဝါယမကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာ ရေးဆွဲရန်နှင့် ရက် ၁၀၀ စီမံချက်များ အကောင်အထည်ဖော်ဆောင်ရွက်နေမှုများအပေါ် ကြီးကြပ်ဆောင်ရွက်ခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Ministry of Cooperatives and Rural Development/ Naypyitaw / April 28, 2026
နေပြည်တော် ဧပြီ ၂၇
သမဝါယမကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာရေးဆွဲရန်နှင့် ဆောင်ရွက်ဆဲ ရက် ၁၀၀ စီမံချက်အပေါ် အကောင်အထည်ဖော်ဆောင်ရွက်နေမှုများအပေါ် ကြီးကြပ်ဆောင်ရွက်ခြင်း လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ၂၄-၄-၂၀၂၆ ရက်နှင့် ၂၅-၄-၂၀၂၆ ရက်နေ့တွင် သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ အစည်းအဝေးသို့ သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးနှင့် တိုင်းဒေသကြီး/ ပြည်နယ်သမဝါယမဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်းဝန်ထမ်းများ တက်ရောက်ခဲ့သည်။
အစည်းအဝေးတွင် ညွှန်ကြားရေးမှူးချုပ်မှ သမဝါယမစနစ်ဖြင့် ဆောင်ရွက်နေသည့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ စိုက်ဧကများ တိုးချဲ့စိုက်ပျိုးရေး၊ ထုတ်လုပ်သူတောင်သူများ တိုးပွားလာစေရန်အတွက် အသင်း/အစုအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ရေး၊ သမဝါယမကဏ္ဍနှင့်ဆက်စပ်ဆောင်ရွက်နေသော MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး၊ သမဝါယမအသင်းများ ဖွံ့ဖြိုးတိုးတက်စေရန် လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းဆောင်ရွက်ချက် များအပေါ် ပြန်လည်သုံးသပ်ပြီး မဟာဗျူဟာအသစ်ကို အမြန်ဆုံးရေးဆွဲ အကောင်အထည်ဖော်ရန်၊ Work Plan များ ရေးဆွဲရေးနှင့် လက်ရှိအကောင်အထည်ဖော်ဆောင်ရွက်နေသည့် ရက် ၁၀၀ စီမံချက်အပေါ် လုပ်ငန်းပြီးမြောက်မှုအခြေအနေ၊ နွေစပါးစိုက်ပျိုးပြီးစီးမှုအခြေအနေ၊ မိုးစပါးစိုက်ပျိုး ဆောင်ရွက်မည့် အခြေအနေနှင့် ဝါစိုက်ပျိုးထုတ်လုပ်မှုတို့ကို ပန်းတိုင်လျာထားချက် ပြည့်မီစေရေး အတွက် လိုအပ်သည့် မျိုး၊ သွင်းအားစုများ အချိန်မီ တောင်သူလက်ဝယ်အရောက် ပေးအပ်နိုင်ရေး၊ ထွန်ယက်စိုက်ပျိုးရန်အတွက် ကုမ္ပဏီများ၊ စက်မှုလယ်ယာဌာနနှင့်ပူးပေါင်း၍ ထွန်ယက်စိုက်ပျိုး ရိတ်သိမ်းနိုင်ရေးနှင့် MSME လုပ်ငန်းများကိုလည်း စနစ်တကျ တိုးတက်လာစေရန်၊ တည်ဆောက်ဆဲ ဖြစ်သော ဆန်စက်၊ ဝါစေ့ဆီစက်၊ ဝါကြိတ်စက်များ သတ်မှတ်ချိန်အလိုက်ပြီးစီးနိုင်ရေး၊ စနစ်တကျ သိုလှောင်ထိန်းသိမ်းနိုင်ရေး၊ စျေးကွက်ချိတ်ဆက် ရရှိနိုင်ရေး၊ မွေးမြူရေးကဏ္ဍအတွက် သမဝါယမ အသင်းပိုင်၊ အသင်းသားပိုင်ငွေများဖြင့် တိုးချဲ့မွေးမြူဆောင်ရွက်နိုင်ရေး၊ သဘာဝမြေသြဇာများ ဖြည့်စွက်အသုံးပြုနိုင်ရေး ဆောင်ရွက်ရန်နှင့် ယခုလက်ရှိဆောင်ရွက်ဆဲ ရက် ၁၀၀ စီမံချက်အပေါ် ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲ၊ ဆောင်ရွက်ရန်ကျန် လုပ်ငန်းများအပေါ် သုံးသပ်အကြံပြု၍ ပြုပြင် ဆောင်ရွက်ရမည့် လုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ပြီးစီးနိုင်ရေးတို့ကို ဆွေးနွေးပြောကြား ခဲ့ကြောင်း သိရသည်။
Newspaper
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက် ၊ ဧပြီ ၂၈ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ April 28, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက် ၊ ဧပြီ ၂၇ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ April 27, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက် ၊ ဧပြီ ၂၆ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ April 26, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
DownloadAnnouncement
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက််နိုင်ကြောင်းကြော်ငြာခြင်း
Naypyitaw Development Committee / Posted on April 27, 2026
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက််နိုင်ကြောင်းကြော်ငြာခြင်း
ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ်(၇၀)ပြည့်အထိမ်းအမှတ် (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် (၇)မျိုးအား ရောင်းချပေးမည်။
Ministry of Transport and Communications / Posted on April 27, 2026