သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် Storytelling ပြိုင်ပွဲကျင်းပ


Ministry of Cooperatives and Rural Development/ Naypyitaw / January 22, 2026
image_latest


သန်လျင်၊ ဇန်နဝါရီ ၂၂
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင်  ၂၀၂၅-၂၀၂၆ ပညာသင်နှစ် Storytelling ပြိုင်ပွဲကို ၂၂-၁-၂၀၂၆ ရက်နေ့ နံနက် (၁၀:၀၀) နာရီတွင် ဘက်စုံသုံးခန်းမ၌ အင်္ဂလိပ်စာဌာနမှ ကြီးမှူး၍ ကျင်းပ ပြုလုပ်ရာ ပါမောက္ခချုပ် ဒေါက်တာရီရီဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် Storytelling ပြိုင်ပွဲကို ကျောင်းသား၊ ကျောင်းသူများ  အင်္ဂလိပ်ဘာသာစကားကို ယုံကြည်မှုရှိရှိနှင့် ထိရောက် စွာ ပြောဆိုအသုံးပြုနိုင်သည့် အရည်အချင်းရရှိစေရန်၊ ဆက်သွယ်ပြောဆိုမှုစွမ်းရည်၊ ဖန်တီးနိုင်စွမ်း၊ ဝေဖန်ပိုင်းခြားတွေးခေါ်မှုနှင့် ကိုယ်ပိုင်အမြင်ဖော်ထုတ်နိုင်မှုစွမ်းရည်များ ဖွံ့ဖြိုးလာစေရန် အခွင့်အလမ်း ဖန်တီးပေးခြင်း နှင့် ကျောင်းသားကျောင်းသူများ အချင်းချင်း နားထောင်ခြင်း၊ မျှဝေခြင်းနှင့် ပြန်လည် သုံးသပ်ခြင်းတို့မှတစ်ဆင့် အချင်းချင်း သင်ယူနိုင်သည့် အပြုသဘောဆောင်သော သင်ကြား၊ သင်ယူမှု ပတ်ဝန်းကျင်ကို ဖန်တီးနိုင်ရန် ရည်ရွယ်၍ ကျင်းပခဲ့ခြင်းဖြစ်ပါကြောင်း၊ သင်ယူခြင်းသည် ပြဋ္ဌာန်းစာအုပ်များ၊ စာမေးပွဲအောင်မြင်အောင် ဖြေဆိုခြင်းများဖြင့်သာ ကန့်သတ်ထားသည်မဟုတ်ဘဲ စစ်မှန်သောပညာရေး သည် ကျောင်းသား၊ ကျောင်းသူများအတွက် လက်တွေ့ဘဝတွင် လူမှုဆက်ဆံရေး၊ ခေါင်းဆောင်မှုနှင့် ပြဿနာဖြေရှင်းခြင်းတို့ကို မိမိတို့တက္ကသိုလ်အနေဖြင့် လေ့ကျင့်သင်ကြားပေးလျက်ရှိပါကြောင်း၊  ယနေ့ ကျင်းပသည့် Storytelling ပြိုင်ပွဲသည် ထိုရည်ရွယ်ချက်များအောင်မြင်ရန် အရေးပါသော အခန်းကဏ္ဍ တွင်ပါဝင်နေပါကြောင်း၊ ပုံပြင်ပြောခြင်းသည် လူသားတို့၏ ဆက်သွယ်ရေးပုံစံများထဲတွင် ရှေးအကျဆုံး နှင့် အစွမ်းထက်ဆုံးပုံစံများထဲမှ တစ်ခုဖြစ်သည့်အားလျော်စွာ ပုံပြင်များမှတစ်ဆင့် အသိပညာများကို မျိုးဆက်တစ်ဆက်မှ တစ်ဆက်သို့ လက်ဆင့်ကမ်းသယ်ဆောင်ခဲ့ကြပြီး လူသားတို့၏ သမိုင်းတန်ဖိုးများ၊ ယဉ်ကျေးမှုများ၊  စိန်ခေါ်မှုများနှင့် မျှော်လင့်ချက်များကို ထိုပုံပြင်များကနားလည်သဘောပေါက်စေရန် အထောက်အကူပြုပေးလျက်ရှိပါကြောင်း၊ ဤပြိုင်ပွဲသည် အရည်အသွေးမြင့်စသော ပညာရေး၏ရည်မှန်းချက်ဖြစ်သည့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင် (SDG) များအနက် SDG 4 - Quality Education နှင့်အညီ အားလုံးပါဝင်မှု၊ တန်းတူညီမျှမှုနှင့် ထိရောက်သော သင်ယူမှုအခွင့်အလမ်းများကို အလေးအနက်ထား၍ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ Storytelling ပြိုင်ပွဲသည် ပုံပြောခြင်းဖြင့် အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှုကိုတိုးတက်စေရန်၊ လူအများရှေ့တွင် ပြောဆိုတင်ပြနိုင်သည့် စွမ်းရည်များ မြှင့်တင်နိုင်ရန်၊ ယုံကြည်မှုနှင့် တီထွင်ဖန်တီးနိုင်စွမ်းများကို တည်ဆောက်ရန်နှင့် မိမိ၏အကြံဉာဏ်များကို ရှင်းလင်းပြတ်သားစွာနှင့် ကျိုးကြောင်းဆီလျော်စွာ ထုတ်ဖော်ပြောဆိုနိုင်သည့် ပညာရေးဆိုင်ရာ အကျိုး ကျေးဇူးများရရှိမှာဖြစ်ပါကြောင်း၊ မိမိအနေဖြင့် ကျောင်းသားကျောင်းသူများကို စကားလက်ဆောင်အဖြစ် ဘာသာစကားဆိုင်ရာ ထင်ရှားသော အတွေးအခေါ်ပညာရှင် Ludwig Wittgenstein ၏ “The Limits of my language means the limits of my world” “ဘာသာစကားကိုကန့်သတ်ခြင်းဟာ ကမ္ဘာကြီးကို ကန့်သတ်တာနဲ့အတူတူပဲ” ဆိုသည့်အတိုင်း ဘာသာစကားသင်ယူခြင်းသည် မိမိတို့၏ အတွေးအခေါ်များကို ချဲ့ထွင်ပေးရုံသာမက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အင်္ဂလိပ်စာကို သင်ယူသည့်အခါ စကားလုံးများနှင့် သဒ္ဒါကိုသာ သင်ယူခြင်းမဟုတ်ဘဲ၊ အတွေးအမြင်သစ်များ၊ ယဉ်ကျေးမှုများကိုပါ သင်ယူ ခံစားနိုင်မည်ဖြစ်ကြောင်း၊ အထူးသဖြင့် ပုံပြောခြင်း (Storytelling)သည် ဘာသာစကားမှတစ်ဆင့် အတွေ့ အကြုံများ၊ တန်ဖိုးများနှင့် အတွေးအမြင်များကို ထုတ်ဖော်ပြောဆိုခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများ၏ တွေးခေါ်မြော်မြင်နိုင်စွမ်းကို နိုင်ငံတကာအဆင့် ဖွံ့ဖြိုးတိုးတက်စေမှာဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍ အင်္ဂလိပ်စာဌာနမှ ပါမောက္ခ(ဌာနမှူး) ဒေါ်စန္ဒာဝင်း မှ Storytelling ပြိုင်ပွဲနှင့်ပတ်သက်သည့် စည်းကမ်းချက်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။
အဆိုပါပြိုင်ပွဲတွင် အဖွဲ့တစ်ဖွဲ့လျှင် ပထမနှစ်နှင့် အထူးပြုဘာသာရပ် အသီးသီးမှ ကျောင်းသား၊ ကျောင်းသူ (၂)ဦး ပါဝင်သည့် အဖွဲ့ (၁၃)ဖွဲ့ဖြင့်ယှဉ်ပြိုင်ခဲ့ကြပြီး ပထမဆုကို စတုတ္ထနှစ်ဈေးကွက်ဖော်ဆောင်ရေး စီမံခန့်ခွဲမှုပညာ အထူးပြုမေဂျာ ကျောင်းသူများပါဝင်သည့်အဖွဲ့မှလည်းကောင်း၊ ဒုတိယဆုကို ပထမနှစ် Section-3 မှ ကျောင်းသူများ ပါဝင်သည့် အဖွဲ့မှလည်းကောင်း၊ တတိယဆုကို စာရင်းကိုင်ပညာနှင့် ဘဏ္ဍာရေးပညာအထူးပြုနှင့် ဈေးကွက် ဖော်ဆောင်ရေးစီမံခန့်ခွဲမှုပညာအထူးပြု ကျောင်းသားများပါဝင်သည့် အဖွဲ့မှလည်းကောင်း၊ နှစ်သိမ့်ဆု(၁) ကို ပထမနှစ် Section-2 မှ ကျောင်းသူများပါဝင်သည့်အဖွဲ့ နှင့် နှစ်သိမ့်ဆု (၂)ကို စတုတ္ထနှစ်နှင့်ဒုတိယနှစ် ဒေသဆိုင်ရာဖွံ့ဖြိုးမှုပညာအထူးပြု ကျောင်းသူများပါဝင်သည့် အဖွဲ့တို့မှ အသီးသီးရရှိခဲ့ကြောင်း သတင်းရရှိ ပါသည်။ အဆိုပါ အခမ်းအနားသို့  သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)မှ ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ် (သင်ကြား)၊ ပါမောက္ခ၊ ဌာနမှူးများ၊ ဘာသာရပ်တာဝန်ခံများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ (၁၀၀၀)ဦးခန့် တက်ရောက် အားပေးခဲ့ကြောင်း သိရှိရပါသည်။

 

Newspaper

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၆ ရက် ၊ ဇန်နဝါရီ ၂၃ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ January 23, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၅ ရက် ၊ ဇန်နဝါရီ ၂၂ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ January 22, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၄ ရက် ၊ ဇန်နဝါရီ ၂၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ January 21, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

Announcement

ရန်ကုန်တိုင်းဒေသကြီး၊ သာသနာနုဂ္ဂဟအသင်းအလုပ်အမှုဆောင်အဖွဲ့၏ သဘောထားထုတ်ပြန်ကြေညာချက်

Ministry of Information / Posted on January 23, 2026

ရန်ကုန်တိုင်းဒေသကြီး၊ သာသနာနုဂ္ဂဟအသင်းအလုပ်အမှုဆောင်အဖွဲ့၏ သဘောထားထုတ်ပြန်ကြေညာချက်

မြန်မာ-အိန္ဒိယချစ်ကြည်ရေးအသင်း (MIFA) ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ သဘောထားထုတ်ပြန်ကြေညာချက်

Ministry of Information / Posted on January 23, 2026

မြန်မာ-အိန္ဒိယချစ်ကြည်ရေးအသင်း (MIFA) ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ သဘောထားထုတ်ပြန်ကြေညာချက်

ညီညွတ်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးပါတီ သဘောထားထုတ်ပြန်ချက်

Ministry of Information / Posted on January 23, 2026

ညီညွတ်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးပါတီ သဘောထားထုတ်ပြန်ချက်

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023