သမဝါယမဦးစီးဌာနကြီးကြပ်မှုဖြင့် TBL ကုမ္ပဏီလီမိတက်နှင့်ပူးပေါင်း၍ ဝါမျိုးစေ့ထုတ်လုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ
သမဝါယမဦးစီးဌာနကြီးကြပ်မှုဖြင့် TBL ကုမ္ပဏီလီမိတက်နှင့်ပူးပေါင်း၍ ဝါမျိုးစေ့ထုတ်လုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ
Ministry of Cooperatives and Rural Development/ Naypyitaw / February 14, 2025

နေပြည်တော် ဖေဖော်ဝါရီ ၁၄
သမဝါယမကဏ္ဍမှ ဝါသီးနှံပိုမိုတိုးချဲ့ပြီး အထွက်နှုန်းကောင်းသည့် ဝါမျိုးကောင်းမျိုးသန့်များ စိုက်ပျိုးထုတ်လုပ်နိုင်ရေး၊ ပြည်တွင်း၌ လိုအပ်သော မျိုးစေ့များအတွက် မျိုးစေ့ထုတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ပြည်သူများ၏ဝတ်ဆင်ရေး အဆင်ပြေချောမွေ့လာနိုင်ရေးတို့အတွက် သမဝါယမဦးစီး ဌာန၏ကြီးကြပ်မှုဖြင့် TBL ကုမ္ပဏီလီမိတက်နှင့်ပူးပေါင်း၍ ပြည်ထောင်စုနယ်မြေရှိ ဇေယျာသီရိမြို့နယ်၊ စက်စက်ယိုကျေးရွာ၊ အေလာမြို့နှင့် ဂုံမင်းကွင်းကျေးရွာတို့တွင် ဝါမျိုးစေ့ထုတ်လုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်တွင် ဝါ F1 မျိုးစေ့ထုတ်လုပ်ရန် စိုက်ပျိုး ထားရှိသော ဝါ ၃.၅ ဧကမှာ ဝတ်မှုန်များ ကူးလျက်ရှိပြီး ဝါတစ်ဧကမှာ ဝါပေါက်များ စတင် ပေါက်လျက်ရှိသည်။ ပုဗ္ဗသီရိမြို့နယ် စက်စက်ယိုကျေးရွာတွင်လည်း အမလိုင်း (GMS) ဝါမိဘလိုင်း မျိုးပွားနေသည့် စိုက်ခင်းများမှ ပိဿာချိန် ၆၀၀ ခန့် ရရှိနေပြီဖြစ်ပြီး ဝတ်မှုန်ကူးခြင်းလုပ်ငန်း များကိုလည်း လုပ်ဆောင်လျက်ရှိပြီး ဂုံမင်းကွင်းကျေးရွာတွင်လည်း Contract စနစ်ဖြင့် ဝါ F1 မျိုးစေ့ထုတ်လုပ်ရန် ၁.၄ ဧက စိုက်ပျိုးထားသော ဝါပင်များမှ ပိဿာချိန် ၂၅၀ ဝန်းကျင်ခန့် ရရှိနေပြီဖြစ်ပြီး ဝတ်မှုန်ကူးခြင်းလုပ်ငန်းများကို လုပ်ဆောင်လျက်ရှိသည်။ ထို့ပြင် လယ်ဝေးမြို့နယ် အေလာမြို့တွင် ဝါအဖိုလိုင်းမျိုးပွားရန် စိုက်ပျိုးထားသည့် ဝါပင်များမှ ဝါပေါက်များကို ရိတ်သိမ်း လျက်ရှိရာ ပိဿာချိန် ၂၅၀ ဝန်းကျင်ခန့် ရရှိနေဖြစ်ကြောင်းနှင့် ဝါမျိုးစေ့များကို ဝါစိုက်တောင်သူများသို့ အချိန်မီဖြန့်ဖြူး ပေးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


Newspaper

၁၃၈၆ ခုနှစ်၊ တပေါင်းလပြည့်နေ့ ၊ မတ် ၁၃ ရက် ၊ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ March 13, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၆ ခုနှစ်၊ တပေါင်းလဆန်း ၁၄ ရက်၊ မတ် ၁၂ ရက် ၊ဗုဒ္ဓဟူးနေ့။

၁၃၈၆ ခုနှစ်၊ တပေါင်းလဆန်း ၁၃ ရက်၊ မတ် ၁၁ ရက် ၊အင်္ဂါနေ့။
Announcement
နိုင်ငံရေးပါတီ (၂၉)ပါတီက ပူးတွဲသဘောထားထုတ်ပြန်ကြေညာ
Ministry of Information / Posted on March 13, 2025
နိုင်ငံရေးပါတီ (၂၉)ပါတီက ပူးတွဲသဘောထားထုတ်ပြန်ကြေညာ
မြန်မာ့စာတိုက်လုပ်ငန်းမှတစ်ဆင့် ပြည်ပနိုင်ငံများသို့ ပေးပို့သည့် ချောထုပ်များနှင့် ပတ်သက်၍ သိရှိလိုက်နာဆောင်ရွက်ပေးပါရန် အသိပေးအကြောင်းကြားခြင်း
Ministry of Transport and Communications / Posted on March 11, 2025
မြန်မာ့စာတိုက်လုပ်ငန်းမှတစ်ဆင့် ပြည်ပနိုင်ငံများသို့ ပေးပို့သည့် ချောထုပ်များနှင့် ပတ်သက်၍ သိရှိလိုက်နာဆောင်ရွက်ပေးပါရန် အသိပေးအကြောင်းကြားခြင်း
မြန်မာ-အိန္ဒိယ အပြည်ပြည်ဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်များအသင်းချုပ်မှ ဂုဏ်ယူဝမ်းမြောက်ကြောင်း ကြေညာချက်
Ministry of Information / Posted on March 11, 2025
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတကြီး H.E. Mr. Vladimir Vladimirovich Putin နှင့် ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတကြီး H.E. Mr. Alexander Gregoryevich Lukashenko တို့၏ ဖိတ်ကြားခဲ့မှုအရ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်များအတွင်း...