အကျဉ်းထောင်/ စခန်းအသီးသီး၌ ပြင်ပကျန်းမာရေးအဖွဲ့များမှ ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်ပေးမှုများ ပြုလုပ်
အကျဉ်းထောင်/ စခန်းအသီးသီး၌ ပြင်ပကျန်းမာရေးအဖွဲ့များမှ ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်ပေးမှုများ ပြုလုပ်
Ministry of Home Affairs/ နေပြည်တော် / March 14, 2026
အကျဉ်းဦးစီးဌာနကွပ်ကဲမှုအောက်ရှိ အကျဉ်းထောင်/ စခန်းအသီးသီး၌ ကျန်းမာရေးဦးစီးဌာန၊ သက်ဆိုင်ရာခရိုင်၊ မြို့နယ်များရှိ ပြင်ပကျန်းမာရေးအဖွဲ့များနှင့်ပူးပေါင်း၍ လစဉ်ကျန်းမာရေးစောင့်ရှောက် ပေးမှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၆ ခုနှစ်၊ မတ် ၁၀ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ပြည်သူ့ဆေးရုံကြီးမှ ဒေါက်တာ ဖြိုးဝေလင်းသည် ထားဝယ်အကျဉ်းထောင်မှ အကျဉ်းသူ ၁၅ ဦးအား လည်းကောင်း၊ အလားတူ ကော့သောင်းပြည်သူ့ဆေးရုံကြီးမှ ဒေါက်တာ စစ်နိုင်အောင်သည် ကော့သောင်း အကျဉ်းထောင်မှ အကျဉ်းသား၊ အကျဉ်းသူ ၂၀ ဦးအား လည်းကောင်း။
အလားတူ မတ် ၁၃ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ပြည်သူ့ဆေးရုံကြီးမှ အထူးကု ဆရာဝန်(မျက်စိ) ဒေါက်တာ နီနီဝင်း၊ လက်ထောက်အထူးကုဆရာဝန်(သွားနှင့် ခံတွင်း)ဒေါက်တာ ထွန်းထွန်းစိုး ဦးဆောင်သော အဖွဲ့ဝင် ၁၅ ဦးတို့သည် ပုသိမ်အကျဉ်းထောင်မှ အကျဉ်းသား၊ အကျဉ်းသူ ၂၃၇ ဦးနှင့် အချုပ်သား၊ အချုပ်သူ ၁၅ ဦးတို့အား လည်းကောင်း အသီးသီးကျန်းမာရေး စစ်ဆေးစောင့်ရှောက်ကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Newspaper
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၂ ရက် ၊ မတ် ၁၄ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၁ ရက် ၊ မတ် ၁၃ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ March 13, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၀ ရက် ၊ မတ် ၁၂ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ March 12, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
DownloadAnnouncement
အများပြည်သူသို့ အသိပေးကြေညာခြင်း
Naypyitaw Council / Posted on March 13, 2026
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း
Naypyitaw Development Committee / Posted on March 12, 2026
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း
နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း
Naypyitaw Development Committee / Posted on March 11, 2026
နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း
