အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် ဂုတ်တွင်းတံတားနှင့် ဂုတ်ထိပ်မီးရထားလမ်းနေရာတစ်ဝိုက်အား တပ်မတော်စစ်ကြောင်းများက ပြန်လည်သိမ်းပိုက်ရရှိ
အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် ဂုတ်တွင်းတံတားနှင့် ဂုတ်ထိပ်မီးရထားလမ်းနေရာတစ်ဝိုက်အား တပ်မတော်စစ်ကြောင်းများက ပြန်လည်သိမ်းပိုက်ရရှိ
Ministry of Information/ Naypyitaw / August 29, 2025
 
နေပြည်တော် ဩဂုတ် ၂၉
TNLA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများ ခေတ္တစိုးမိုးထားသည့် နောင်ချိုမြို့အား ပြန်လည်သိမ်းပိုက်ရရှိရေးအတွက် တပ်မတော်က တန်ပြန်ထိုးစစ်များဖြင့် အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေးများ ဆောင်ရွက်ခဲ့ရာ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်နေ့တွင် နောင်ချိုမြို့တစ်မြို့လုံးအား တပ်မတော်က အပြီးတိုင် အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့ပြီးဖြစ်ပါသည်။
ဆက်လက်၍ တပ်မတော်အနေဖြင့် နောင်ချိုမြို့မှတဆင့် ကုန်စည်စီးဆင်းမှုအတွက် အဓိကအရေးပါသည့် ပြည်ထောင်စုလမ်းမကြီးဖြစ်သော မန္တလေး-လားရှိုး-မူဆယ် လမ်းမကြီးပေါ်ရှိ အဓိကလမ်းကြောင်းတစ်ခုဖြစ်သည့် နောင်ချို-ကျောက်မဲ လမ်းပိုင်းအား ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် အကြမ်းဖက်သောင်းကျန်းသူများ နောင်ချိုမြို့မှ ဆုတ်ခွာပြီးနောက်ပိုင်း လမ်းကြောင်းတစ်လျှောက် ခုခံမည့်နေရာများအား နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရေး လိုအပ်သည့်ပြင်ဆင်မှုများ ပြုလုပ်ခဲ့သည်။
ထိုသို့ဆောင်ရွက်ခဲ့ရာ တပ်မတော်စစ်ကြောင်းများသည် နောင်ချို-ဂုတ်တွင်း လမ်းကြောင်း၊ နောင်ချို- ဂုတ်ထိပ်မီးရထားလမ်း လမ်းကြောင်းများဖြင့် စစ်ကြောင်း ၂ ကြောင်းခွဲ၍ နယ်မြေရှင်းလင်းရေးဆောင်ရွက်ခဲ့သည်။ ထိုသို့ဆောင်ရွက်ခဲ့ရာ နောင်ချိုမြို့နှင့် ကျောက်မဲမြို့အကြား ဂုတ်တွင်းတံတားနှင့် ဂုတ်ထိပ်မီးရထားလမ်းကြား နေရာတစ်ဝိုက်ရှိ မြေပြင်အနေအထားသည် ပေ ၃၀၀ ကျော်နက်ပြီး တစ်ဖက်နှင့်တစ်ဖက် ပေ ၂၀၀၀ ကျော်ဝေးကွာသော သဘာဝအတားအဆီး ချောက်ကမ်းပါးရှိနေပြီး အကြမ်းဖက်သောင်းကျန်း သူများအနေဖြင့်လည်း အဆိုပါမြေအနေအထားကို အခွင့်အကောင်းယူ၍ ကမ်းပါးတစ်လျှောက် အခိုင်အမာ ကွန်ကရစ်ဘန်ကာများ တည်ဆောက်ကာ အပေါ်စီးမှ စိုးမိုးနေရာယူကာ တပ်မတော်စစ်ကြောင်းများ ဆက်လက်ချီတက်နိုင်မှု မရှိစေရန်အတွက် ပစ်ခတ်တိုက်ခိုက်ခြင်းများပြုလုပ်ရန် စီမံထားကြောင်း တပ်မတော်စစ်ကြောင်းများက ထောက်လှမ်းသိရှိခဲ့ရသည်။
တပ်မတော်စစ်ကြောင်းများအနေဖြင့် အဆိုပါနေရာများအား ဖြတ်ကျော်ရန် နည်းလမ်းမျိုးစုံဖြင့် သက်စွန့်ကြိုးပမ်းဆောင်ရွက်ခဲ့သော်လည်း မြေအနေအထားအရ မိမိဘက်မှ အရေးသာမှုမရှိသည့်အတွက် ရန်သူအား အဆိုပါနေရာတစ်ဝိုက်တွင် ရင်ဆိုင်ထိန်းချုပ်ထားပြီး ကျန်စစ်ကြောင်းများအနေဖြင့် ရန်သူမျှော်လင့်မထားသည့် ဂုတ်ထိပ်တံတား တောင်ဘက် ၈ ကီလိုမီတာခန့်အကွာနေရာမှတစ်ဆင့် နမ့်ပန်စီချောင်း၏ ချောက်ကမ်းပါးအား ခဲရာခဲဆစ် ဖြတ်ကျော်လျက် နမ့်ပန်စီချောင်း တစ်ဖက်ကမ်းသို့ ခက်ခက်ခဲခဲဖြတ်ကူးကာ ရန်သူနောက်ကျောဖြစ်သည့် နောင်ပိန်ကျေးရွာအား စစ်နည်းဗျူဟာမြောက် မြေပြင်၊ ဝေဟင်ပေါင်းစပ်ပြီး အကြမ်းဖက်သောင်းကျန်းသူများအား လိုက်လံတိုက်ခိုက်ချေမှုန်း၍ နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၉ ရက်တွင် အကြမ်းဖက်သောင်းကျန်းသူများ ခေတ္တစိုးမိုးထားသည့် ခဲတုံကြိုင်ကျေးရွာ၊ ၂၁ ရက်တွင် ကောင်းပိုကျေးရွာ၊ ၂၂ ရက်တွင် ထန်းတပင်ကျေးရွာ၊ ၂၃ ရက်တွင် ပန်တိကျေးရွာ၊ ၂၄ ရက်တွင် နောင်ပိန်ကျေးရွာ၊ ပင်ပေါကျေးရွာနှင့် ဇီးပင်စခန်းကျေးရွာ၊ ၂၅ ရက်တွင် ကျောင်းကုန်းကျေးရွာ၊ ၂၆ ရက်တွင် စန္ဒမုနိ ကျောင်းတိုက်၊ ၂၇ ရက်တွင် နောင်ပစ်လမ်းခွဲနှင့် ဂုတ်တွင်းတံတား၊ ၂၈ ရက်တွင် ရှုခင်းသာ၊ ယနေ့တွင် ဂုတ်ထိပ်တံတားနှင့် အဆိုပါ ဒေသတစ်ဝိုက်တို့ကို အဆင့်ဆင့် ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီး စစ်ဆင်ရေးကာလ ၁၂ ရက်အတွင်း အကြမ်းဖက်သောင်းကျန်းသူများနှင့် တိုက်ပွဲကြီး/ငယ် (၄၇) ကြိမ်ဖြစ်ပွားခဲ့ကာ ရန်သူ့အလောင်း ၂၉ လောင်းနှင့် လက်နက်မျိုးစုံ ၂၃ လက်တို့ကို သိမ်းဆည်းရမိခဲ့သည်။
တပ်မတော်စစ်ကြောင်းများသည် အကြမ်းဖက်သောင်းကျန်းသူများအား အခိုင်အမာခံစစ်စခန်းတည်ဆောက်ထားသည့် ဂုတ်တွင်းနှင့် ဂုတ်ထိပ်မီးရထားလမ်းတံတားနေရာတို့အား တိုက်ခိုက်သိမ်းပိုက်နိုင်ရေးဆောင်ရွက်ခဲ့ရာတွင် သဘာဝအတားအဆီးကိုအကာအကွယ်ယူ၍ မြေအနေအထားအသာစီးရယူထားသော အကြမ်းဖက်သောင်းကျန်းသူတို့အား နောင်ချိုမြို့ဘက်ခြမ်း ဂုတ်တွင်းနှင့် ဂုတ်ထိပ်မီးရထားလမ်းတွင်ရှိသော တပ်မတော်စစ်ကြောင်းများအနေဖြင့် ရန်သူ့အား ရင်ဆိုင်ထိန်းချုပ်ထားပြီး ကျန်စစ်ကြောင်းများအနေဖြင့် ရန်သူ့မျှော်လင့်ထားခြင်းမရှိသော လမ်းကြောင်းမှ ရန်သူ၏နောက်ကျောဖြစ်သည့် နောင်ပိန်ကျေးရွာအား ဦးစွာဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး နောင်ပိန်ကျေးရွာမှတစ်ဆင့် ဂုတ်တွင်းနှင့် ဂုတ်ထိပ်ဒေသတစ်ဝိုက်အား ရန်သူ့နောက်ကျောမှ အဆင့်ဆင့်ပြန်လည်တိုက်ခိုက် သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။
TNLA အကြမ်းဖက်အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များအနေဖြင့် တပ်မတော်စစ်ကြောင်းများနှင့် တိုက်ပွဲများဖြစ်ပွားစဉ်ကာလအတွင်း ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၃ ရက်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်အပိုင်း မန္တလေး-လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် (၇၈/၂-၇၈/၃) အတွင်းတည်ရှိသည့် တံတားအမှတ် (၉/၈၄)၊ သံကူကွန်ကရစ်တံတားအားလည်းကောင်း၊ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၅ ရက်တွင် ဂုတ်တွင်းတံတား (အသစ်) နှင့် (အဟောင်း) နေရာနှစ်ခုကို ဒုတိယအကြိမ်မြောက်အဖြစ်လည်းကောင်း၊ ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂၄ ရက်တွင် မြန်မာနိုင်ငံ၏ အထင်ကရအမှတ်အသားနှင့် ကမ္ဘာကျော် ရှေးဟောင်းတံတားတစ်စင်းဖြစ်သည့် ဂုတ်ထိပ်တံတား၏ ကျောက်မဲမြို့ဘက်အခြမ်းရှိ တံတားတိုင်အမှတ် (P - 16) နှင့် ကမ်းကပ်ခုံ (AB - 2) နေရာတို့အကြား ပေ ၆၀ အရှည်ရှိ တံတားသံပေါင်နေရာနှင့် တံတား၏ ကမ်းကပ်ခုံ (AB-2) တို့အားလည်းကောင်း အကြမ်းဖက်သမားများက ယုတ်မာရိုင်းစိုင်းစွာ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ခြင်းနှင့် နောင်ချို-ကျောက်မဲ လမ်းကြောင်းတလျှောက်၌ လမ်းပန်းဆက်သွယ်ရေးများ အခက်အခဲဖြစ်စေရန်အတွက် အတားအဆီးများပြုလုပ်၍ လမ်းများပိတ်ဆို့ထားခြင်းတို့ကို လုပ်ဆောင်ခဲ့ကြသည်။
ထိုသို့ အကြမ်းဖက်သမားများလုပ်ဆောင်ခဲ့သည့် လမ်းကြောင်းတလျှောက်ရှိ အတားအဆီးနေရာများနှင့် လမ်းတံတားများအား တပ်မတော်စစ်ကြောင်းများက လူအင်အားနှင့် စက်ယန္တရားများအသုံးပြု၍ ဖယ်ရှားရှင်းလင်းခြင်းများနှင့် ဂုတ်တွင်းတံတားအား အများပြည်သူပြန်လည်အသုံးပြုနိုင်ရေးနှင့် ပို့ဆောင်ဆက်သွယ်ရေး အဆင်ပြေချောမွေ့စေရေးအတွက် တပ်မတော်မှ စစ်မြေပြင်အင်ဂျင်နီယာတပ်ဖွဲ့များက ယာယီသံဘောင်ဘေလီတံတားထိုးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး လိုအပ်သည့် နယ်မြေရှင်းလင်းရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
Newspaper
 
				
            ၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၂ ရက် ၊ နိုဝင်ဘာ ၁ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ November 01, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download 
				
            ၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၁ ရက် ၊ အောက်တိုဘာ ၃၁ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ October 31, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download 
				
            ၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၀ ရက် ၊ အောက်တိုဘာ ၃၀ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ October 30, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
DownloadAnnouncement
စစ်အုပ်ချုပ်ရေးအမိန့်ဆက်လက်ထုတ်ပြန်ခြင်း
Ministry of Information / Posted on October 31, 2025
စစ်အုပ်ချုပ်ရေးအမိန့်ဆက်လက်ထုတ်ပြန်ခြင်း
စစ်အုပ်ချုပ်ရေးအမိန့်အမှတ်၊ ၃/၂၀၂၅
Ministry of Information / Posted on October 31, 2025
စစ်အုပ်ချုပ်ရေးအမိန့်အမှတ်၊ ၃/၂၀၂၅
အရေးပေါ်အခြေအနေဆက်လက်ကြေညာခြင်း
Ministry of Information / Posted on October 31, 2025
အရေးပေါ်အခြေအနေဆက်လက်ကြေညာခြင်း
 
                             
                                
 
                             
						 
						 
						 
						 
						 
						 
						 
						