အကြိမ် (၂၀) မြောက် အရှေ့တောင်အာရှ ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲ ဖွင့်ပွဲကျင်းပ


Ministry of Information/ Naypyitaw / May 17, 2026
image_latest


ရန်ကုန် မေ ၁၆

အကြိမ် (၂၀) မြောက် အရှေ့တောင်အာရှ ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲဖွင့်ပွဲကို ယနေ့မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်ရှိ မြန်မာကွန်ဗင်းရှင်းစင်တာ (MCC) ၌ ကျင်းပသည်။

ဦးစွာ ပြိုင်ပွဲဝင်နိုင်ငံများမှအသင်းများက စင်မြင့်ထက်တွင်နေရာယူကြပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံအား အလေးပြုကြသည်။

ထို့နောက် Men’s Juniors Bodybuilding Under 21 years ပြိုင်ပွဲတွင် ပထမ မလေးရှား၊ ဒုတိယမြန်မာ၊ တတိယ ဗီယက်နမ်၊ Men’s Senior Bodybuilding 55kg ပြိုင်ပွဲတွင် ပထမ ဗီယက်နမ်၊ ဒုတိယ မြန်မာ၊ တတိယ မြန်မာ၊ Men’s Senior Bodybuilding 60kg ပြိုင်ပွဲတွင် ပထမ မြန်မာ၊ ဒုတိယ မြန်မာ၊ တတိယဗီယက်နမ်၊ Men’s Senior Bodybuilding 65kg ပြိုင်ပွဲတွင် ပထမ မြန်မာ၊ ဒုတိယ ထိုင်း၊ တတိယဗီယက်နမ်၊ Men’s Senior Bodybuilding 70kg ပြိုင်ပွဲတွင် ပထမ ဗီယက်နမ်၊ ဒုတိယ မလေးရှား၊ တတိယ မြန်မာ ၊ Men’s Master Bodybuilding Over 45 years ပြိုင်ပွဲတွင် ပထမ မြန်မာ၊ ဒုတိယ ဖိလစ်ပိုင်၊ တတိယ မြန်မာ ၊ Men’s Sports Physique Up to 170 cm ပြိုင်ပွဲတွင် ပထမ မြန်မာ၊ ဒုတိယ ထိုင်း၊ တတိယ မလေးရှား၊ Men’s Sports Physique over 170 cm ပြိုင်ပွဲတွင် ပထမ ထိုင်း၊ ဒုတိယ မြန်မာ၊ တတိယလာအို၊ Men’s Fitness Physique One open Category ပြိုင်ပွဲတွင် ပထမ မြန်မာ၊ ဒုတိယ ဗီယက်နမ်၊ တတိယဗီယက်နမ်၊ Women’s Fitness Physique One open Category ပြိုင်ပွဲတွင် ပထမ ဗီယက်နမ်၊ ဒုတိယ မြန်မာ၊ တတိယ ဗီယက်နမ်တို့အား တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီး၊ ကမ္ဘာ့ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ်နှင့် အရှေ့တောင်အာရှ ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ်တို့မှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် မြန်မာနိုင်ငံ ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌတို့က တစ်ဦးချင်းဆုတံဆိပ်များ၊ ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် Trophy တို့ကို ပေးအပ်သည်။

ဆက်လက်ယှဉ်ပြိုင်မည်

ပြိုင်ပွဲတွင် မြန်မာနိုင်ငံက ရွှေတံဆိပ် ငါးခု၊ ငွေတံဆိပ် ငါးခုနှင့် ကြေးတံဆိပ်သုံးခုရရှိပြီး နိုင်ငံ အလိုက် အဆင့် ၁ နေရာတွင် ရပ်တည်လျက်ရှိပြီး မေ ၁၇ ရက်တွင် Event အမျိုးအစား ၁၂ မျိုးအား ပြိုင်ပွဲဝင်နိုင်ငံများက ဆက်လက်ယှဉ်ပြိုင်သွားမည် ဖြစ်သည်။

အဆိုပါအားကစားပြိုင်ပွဲကို မေ ၁၄ ရက်မှ ၁၈ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး မြန်မာ၊ ထိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ဗီယက်နမ်နှင့် လာအိုနိုင်ငံတို့မှ အားကစားသမားများ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီ၊ အရှေ့တောင်အာရှ ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ် (SEABPF) ဥက္ကဋ္ဌ Mr. Phumvarin Chunhawongvarit နှင့် ကမ္ဘာ့ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ် (WBPF) ဥက္ကဋ္ဌ Mr. Datuk Paul Chua တို့က အမှာစကား ပြောကြားကြသည်။

ယင်းနောက် ကမ္ဘာ့ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌက WBPF ၏ ဂုဏ်ထူးဆောင်ဆုများကို ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး၊ တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ မြန်မာနိုင်ငံကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌနှင့်အဖွဲ့ချုပ်မှ ထူးချွန်စွာတာဝန်ထမ်းဆောင်သူ လေးဦး၊ ဂုဏ်ထူးဆောင် ရွှေတံဆိပ်ဆုရရှိသူ အားကစားသမား သုံးဦး၊ ငွေတံဆိပ်ဆုရရှိသူ သုံးဦးနှင့် ကြေးတံဆိပ်ဆုရရှိသူ ငါးဦးတို့ကိုပေးအပ်သည်။

ဆက်လက်၍ ပြိုင်ပွဲဝင်အသင်းများသည် စင်မြင့်ထက်မှပြန်လည်ထွက်ခွာပြီး အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) မှ ကျောင်းသား ကျောင်းသူများက မြန်မာ့ရိုးရာအကများဖြင့် ဖျော်ဖြေတင်ဆက်ကြကြောင်း သိရသည်။

သတင်းစဉ်

Newspaper

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၂ ရက် ၊ မေ ၁၇ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 17, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁ ရက် ၊ မေ ၁၆ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 16, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လကွယ်နေ့ ၊ မေ ၁၅ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 15, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

Announcement

ကိုယ်ဝန်ဆောင်မိခင်များ နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်း(MCCT) အစီအစဉ် အသိပေး နှိုးဆော်ခြင်း

Ministry of Information / Posted on May 14, 2026

ကိုယ်ဝန်ဆောင်မိခင်များ နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်း(MCCT)အစီအစဉ် အသိပေးနှိုးဆော်ခြင်း

လူမှုရေးပင်စင် ထောက်ပံ့ခြင်း အစီအစဉ် အသိပေးနှိုးဆော်ခြင်း

Ministry of Information / Posted on May 14, 2026

လူမှုရေးပင်စင် ထောက်ပံ့ခြင်း အစီအစဉ် အသိပေးနှိုးဆော်ခြင်း

အမြဲတမ်း အတွင်းဝန်/ညွှန်ကြားရေးမှူးချုပ် အဖြစ်တာဝန် ပေးအပ်ခြင်း

Ministry of Information / Posted on May 14, 2026

အမြဲတမ်း အတွင်းဝန်/ညွှန်ကြားရေးမှူးချုပ် အဖြစ် တာဝန်ပေးအပ်ခြင်း

Video