အကြိမ် (၂၀) မြောက် အရှေ့တောင်အာရှ ကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲ မြန်မာနိုင်ငံကအိမ်ရှင်အဖြစ် လက်ခံကျင်းပမည်
အကြိမ် (၂၀) မြောက် အရှေ့တောင်အာရှ ကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲ မြန်မာနိုင်ငံကအိမ်ရှင်အဖြစ် လက်ခံကျင်းပမည်
Ministry of Information/ Naypyitaw / April 26, 2026
ရန်ကုန် ဧပြီ ၂၅
အကြိမ် (၂၀) မြောက် အရှေ့တောင်အာရှ ကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏရှိပတ္တမြားခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင်အား ကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီ၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေး၊ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌများတက်ရောက်ကြသည်။
ဦးစွာ ဒုတိယဝန်ကြီးက အကြိမ် (၂၀) မြောက်အရှေ့တောင် အာရှကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲကို မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် ရန်ကုန်မြို့ မြန်မာကွန်ဗင်းရှင်းစင်တာ (MCC) ခန်းမ၌ မေ ၁၄ ရက်မှ ၁၈ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲကြီး ကျင်းပရခြင်း၏ရည်ရွယ်ချက်မှာ ကမ္ဘာ့ကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ်၊ အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ်နှင့် အရှေ့တောင်အာရှကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ်တို့၏အဖွဲ့ဝင် နိုင်ငံအချင်းချင်း ရင်းနှီးကျွမ်းဝင်မှုရှိစေရန်အတွက်ဖြစ်ကြောင်း၊ နိုင်ငံတကာအဆင့်ရှိ အားကစားပြိုင်ပွဲတစ်ရပ်ကို လက်ခံကျင်းပပေးခြင်းဖြင့် အာဆီယံဒေသနိုင်ငံများအတွင်း မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာကို အားကစားဖြင့် မြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း၊ ပြိုင်ပွဲသို့ အရှေ့တောင်အာရှနိုင်ငံ ရှစ်နိုင်ငံမှ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ပြိုင်ပွဲအမျိုးအစား ပေါင်း ၂၂ မျိုး ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲသို့ လာရောက်တာဝန်ထမ်းဆောင်မည့် အပြည်ပြည်ဆိုင်ရာ ဒိုင်/ ဂျူရီများနှင့် ပြိုင်ပွဲဝင်အသင်းများ တည်းခိုနေထိုင်ရေးနှင့် စားသောက်ရေးဆိုင်ရာကိစ္စရပ်များကို စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် ပြိုင်ပွဲကြီးအောင်မြင်စွာကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာအခန်းကဏ္ဍအလိုက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန် တိုက်တွန်းမှာကြားသည်။
ထို့နောက် တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် နိုင်ငံအနေဖြင့် ဧည့်ဝတ်ကျေပွန်အောင် ဆောင်ရွက်ပေးသွားစေလိုကြောင်း၊ လာရောက်ယှဉ်ပြိုင်ကြမည့် ပြိုင်ပွဲဝင်အသင်းများကို မြန်မာနိုင်ငံ၏ တန်ခိုးကြီးဘုရားဖြစ်သော ရွှေတိဂုံစေတီတော်နှင့် ဗိုလ်ချုပ်ဈေးတို့အား လေ့လာရေးခရီးစဉ်အဖြစ် လိုက်လံပို့ဆောင်ပေးစေလိုကြောင်း၊ မြို့တော်သန့်ရှင်းသပ်ရပ်သာယာလှပစေရေး၊ ပြိုင်ပွဲဝင်အသင်းများ သွားလာနေထိုင်ရေးနှင့် စားသောက်ရေးတို့ အဆင်ပြေချောမွေ့စေရန် အားလုံးကဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြရန် ပြောကြားသည်။
ယင်းနောက် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က ဆွေးနွေးတင်ပြပြီး မြန်မာနိုင်ငံကာယဗလနှင့်ကာယကြံ့ခိုင်မှုအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌက ပြိုင်ပွဲကျင်းပရေးနှင့်ပတ်သက်သည့် လုပ်ငန်းစီမံချက် အသေးစိတ်များ၊ ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အိမ်ရှင် မြန်မာ၊ ထိုင်း၊ မလေးရှား၊ စင်ကာ ပူ၊ ဗီယက်နမ်၊ လာအို၊ ကမ္ဘော ဒီးယား၊ ဖိလစ်ပိုင်နိုင်ငံများမှ ပြိုင်ပွဲဝင်ဦးရေ၊ ပြိုင်ပွဲကျင်းပမည့် အမျိုးအစား ၂၂ မျိုးနှင့် ပြိုင်ပွဲဖွင့်ပွဲ၊ ပိတ်ပွဲ၊ ဆုချီးမြှင့်ပွဲအတွက် ဆောင်ရွက်သွားမည့်ကိစ္စရပ်များအား အသေးစိတ်ရှင်းလင်းတင်ပြကာ အစည်းအဝေးသို့တက်ရောက်လာသည့် သက်ဆိုင်ရာ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက မိမိတို့နှင့်သက်ဆိုင်သည့်ကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက်ရမည့် ကိစ္စရပ်များကို ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးတင်ပြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်မှာကြား၍ နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက် ၊ ဧပြီ ၂၆ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ April 26, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက် ၊ ဧပြီ ၂၅ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ April 25, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက် ၊ ဧပြီ ၂၄ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ April 24, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
DownloadAnnouncement
သတင်းအေဂျင်စီလုပ်ငန်း ပိတ်သိမ်းကြောင်း အသိပေးကြေညာချက်
Ministry of Information / Posted on April 24, 2026
ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ(ခ)အရ ပြန်ကြားရေးဝန်ကြီးဌာနသည် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ ပုဒ်မ ၈ ပါ စည်းကမ်းချက်တစ်ရပ်ရပ်နှင့် ငြိစွန်းသည်ဟု သံသယရှိသော ထုတ်ဝေစာကို ပုံနှိပ်၊ ထုတ်ဝေခဲ့ကြောင်း ခိုင်လုံသောအထောက်အထားဖြင့် သတင်းပေးပို့ခြင်းကို လက်ခံရရှိလျှင် သော်လည်းကောင်း၊ ကိုယ်တိုင်သိရှိလျှင်သော်လည်းကောင်း သတ်မှတ်ချက်နှင့်အညီ...
စစ်အုပ်ချုပ်ရေးအမိန့်အမှတ်၊ ၃ / ၂၀၂၆
Ministry of Information / Posted on April 23, 2026
စစ်အုပ်ချုပ်ရေးအမိန့်အမှတ်၊ ၃ / ၂၀၂၆
စစ်အုပ်ချုပ်ရေးအမိန့်အမှတ်၊ ၂ /၂ဝ၂၆
Ministry of Information / Posted on April 23, 2026
စစ်အုပ်ချုပ်ရေးအမိန့်အမှတ်၊ ၂ /၂ဝ၂၆
