အဆင့်မြင့်အရာထမ်းသင်တန်း အမှတ်စဉ်(၂၉)နှင့် အခြေခံပညာ ဆရာ ဆရာမများ အထူးမွမ်းမံသင်တန်းအမှတ်စဉ်(၁၁၃)သင်တန်းဖွင့်ပွဲ ကျင်းပ


Ministry of Information/ Naypyitaw / May 12, 2026
image_latest


ရန်ကုန် မေ ၁၁

အဆင့်မြင့်အရာထမ်းသင်တန်း အမှတ်စဉ်(၂၉) သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) ကေတုမတီခန်းမ၌ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်ဦးစိုးတင့်၊ တိုင်းဒေသကြီး ပြန်ကြားရေး၊ ကယ်ဆယ်ရေးနှင့်သာသနာရေးဝန်ကြီး၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ တက္ကသိုလ်သင်ကြား၊ စီမံဌာနများမှ ဆရာ ဆရာမများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

ပြောကြား

ဦးစွာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဝင်က နိုင်ငံ့ဝန်ထမ်းအဖွဲ့ အစည်းအသီးသီး၌ စီမံခန့်ခွဲမှု တာဝန်ထမ်းဆောင်နေသည့် အဆင့်မြင့်အရာထမ်းများအား နိုင်ငံတော်၏ မူဝါဒလုပ်ငန်းစဉ်များ၊ နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့်စီမံခန့်ခွဲမှုဆိုင်ရာလုပ်ငန်းစဉ်များနှင့် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ အပြည်ပြည်ဆိုင်ရာဥပဒေတို့ကိုသိရှိပြီး စီမံခန့်ခွဲရေးလုပ်ငန်းတာဝန်များကို ထမ်းဆောင်ရာတွင် ဥပဒေနှင့်အညီ ကျင့်သုံးလိုက်နာဆောင်ရွက်တတ်စေရန်၊ နိုင်ငံတော်၏ အဆင့်မြင့်တာဝန်များကို အောင်မြင်စွာ သယ်ပိုးထမ်းရွက်နိုင်သည့် အနာဂတ်နိုင်ငံ့ဝန်ထမ်းကောင်းများဖြစ်စေရေး ရည်ရွယ်လေ့ကျင့်ပေးသည့်သင်တန်းဖြစ်ကြောင်း ပြောကြားသည်။

အဆင့်မြင့်အရာထမ်းသင်တန်း အမှတ်စဉ်(၂၉)ကို မေ ၁၁ ရက်မှ ဇူလိုင် ၃ ရက်အထိ သင်တန်းသား ၂၇ ဦး၊ သင်တန်းသူ ၂၂ ဦး စုစုပေါင်း ၄၉ ဦးဖြင့် ရှစ်ပတ်ကြာ ဖွင့်လှစ်မည်ဖြစ်သည်။

နံနက် ၉ နာရီတွင် အခြေခံပညာ ဆရာ ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ်(၁၁၃)၏ သင်တန်းဖွင့်ပွဲကို ရတနာသိင်္ဃခန်းမ၌ ဆက်လက်ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဝင်က အမှာစကားပြောကြားသည်။

အဆိုပါသင်တန်းသို့ သင်တန်းသား ၅၀၊ သင်တန်းသူ ၄၄၈ ဦး စုစုပေါင်း ၄၉၈ ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ မေ ၁၁ ရက်မှ ဇွန် ၁၂ ရက်အထိ ရက်သတ္တ ငါးပတ်ကြာ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

Newspaper

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၂ ရက်၊ မေ ၁၂ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ May 12, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၁ ရက်၊ မေ ၁၁ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ May 11, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၀ ရက်၊ မေ ၁၀ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 10, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

Announcement

ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း(သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီလုပ်ငန်း ခွင့်ပြုထားရှိမှုနှင့် ထုတ်ဝေမှုအခြေအနေ (၃၀-၄-၂၀၂၆)

Ministry of Information / Posted on May 11, 2026

ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း(သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီလုပ်ငန်း ခွင့်ပြုထားရှိမှုနှင့် ထုတ်ဝေမှုအခြေအနေ (၃၀-၄-၂၀၂၆)

သတင်းထုတ်ပြန်ချက်

Ministry of Information / Posted on May 11, 2026

Video