အဆင့်မြင့်ပညာဦးစီးဌာန ပိုက်ကျော်ခြင်း ဒိုင်လူကြီးသင်တန်း (၁/၂၀၂၆) ဖွင့်လှစ်


Ministry of Information/ Naypyitaw / March 22, 2026
image_latest


နေပြည်တော် မတ် ၂၁

ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန ပိုက်ကျော်ခြင်း ဒိုင်လူကြီးသင်တန်း (၁/၂၀၂၆) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ရုံးအမှတ် (၁၃) ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်တို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ဒုတိယဝန်ကြီးက မြန်မာတက္ကသိုလ်အားကစားအဖွဲ့အနေဖြင့် ၂၀၂၄ ခုနှစ် အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပခဲ့သည့် (၂၁) ကြိမ်မြောက် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲတွင် အခြားဆုတံဆိပ်များအပြင် ပိုက်ကျော်ခြင်း (နှစ်ယောက်တွဲ) ကစားနည်းတွင် ရွှေတံဆိပ်တစ်ခုနှင့် ပိုက်ကျော်ခြင်း (လေးယောက်တွဲ) ကစားနည်းတွင် ငွေတံဆိပ်တစ်ခုတို့ကို ဆွတ်ခူးကာ နိုင်ငံ့ဂုဏ်ကို မြှင့်တင်ပေးနိုင်ခဲ့ကြောင်း၊ ယခုဖွင့်လှစ်သည့်သင်တန်းသည် ပိုက်ကျော်ခြင်းအားကစားနည်း၏ ဒိုင်လူကြီးနှင့် နည်းပြအရည်အသွေးများကို ပိုမိုမြင့်မားလာစေမည်ဖြစ်ကြောင်း၊ တက္ကသိုလ်တိုင်းတွင် အားကစားနည်းပြများရှိမှသာလျှင် တက္ကသိုလ်များ၏ အားကစားအဆင့်အတန်းလည်း တိုးတက်လာမည်ဖြစ်သဖြင့် အားကစားနည်းမျိုးစုံကျွမ်းကျင်သော ဒိုင်လူကြီးများ၊ အားကစားနည်းပြများကို ဆက်လက်လေ့ကျင့် မွေးထုတ်သွားမည်ဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် တက်တက်ကြွကြွသင်ယူလေ့ကျင့်ကြရန်နှင့် မိမိတို့တက္ကသိုလ်၊ ဒီဂရီကောလိပ်သို့ ပြန်လည်ရောက်ရှိသည့်အခါ ကျောင်းစာတွင်သာမက နိုင်ငံတော်အတွက် အားထားရသည့် ဗလငါးတန်နှင့်ပြည့်စုံသော ထူးချွန်ထက်မြက်သည့် အားကစားသမားကောင်းများကို မွေးထုတ်ပေးကြ‌စေလိုကြောင်း ပြောကြားပြီး တက်ရောက်လာသည့် သင်တန်းသား သင်တန်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်သည်။

အဆိုပါပိုက်ကျော်ခြင်း ဒိုင်လူကြီးသင်တန်း (၁/၂၀၂၆) ကို မတ် ၂၁ ရက်မှ ၂၅ ရက်အထိ ငါးရက်ကြာ ပို့ချသွားမည်ဖြစ်ရာ သင်တန်းသို့ သင်တန်းသား သင်တန်းသူ ၃၅ ဦး တက်ရောက်ကြပြီး မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှ ကျွမ်းကျင်ပညာရှင်နည်းပြဆရာနှစ်ဦးက သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

Newspaper

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၅ ရက် ၊ မတ် ၂၂ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ March 22, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၄ ရက် ၊ မတ် ၂၁ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ March 21, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၃ ရက် ၊ မတ် ၂၀ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ March 20, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

Announcement

တင်ဒါခေါ်ယူခြင်း

Ministry of Ethnic Affairs / Posted on February 04, 2026

တင်ဒါခေါ်ယူခြင်း

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနတွင် လစ်လပ်လျက်ရှိသည့် ဒုတိယဦးစီးမှူးရာထူး(၆)နေရာအတွက် ရေးဖြေစာမေးပွဲကျင်းပမည့် နေ့ရက်၊ အချိန်နှင့် ခုံအမှတ် ထုတ်ပြန်ခြင်း

Ministry of Ethnic Affairs / Posted on January 28, 2026

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနတွင် လစ်လပ်လျက်ရှိသည့် ဒုတိယဦးစီးမှူးရာထူး(၆)နေရာအတွက် ရေးဖြေစာမေးပွဲကျင်းပမည့် နေ့ရက်၊ အချိန်နှင့် ခုံအမှတ် ထုတ်ပြန်ခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန အလုပ်လျှောက်လွှာခေါ်ယူခြင်း

Ministry of Ethnic Affairs / Posted on January 07, 2026

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန အလုပ်လျှောက်လွှာခေါ်ယူခြင်း

Video