အပူဒဏ်အန္တရာယ်ကာကွယ်ရေး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းပေး
အပူဒဏ်အန္တရာယ်ကာကွယ်ရေး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းပေး
Ministry of Information/ Naypyitaw / April 20, 2026
ယနေ့ကာလတွင် ပြည်သူအားလုံးခံစားနေရသည့်ဒုက္ခမှာ နေအပူရှိန်မြင့်မားလာမှုကြောင့် နေ့နေ့ညည အပူဒဏ်ခံစားရသည့်ဒုက္ခဖြစ်သည်။ နွေဥတုရာသီတွင် ဧပြီနှင့် မေလသည် သဘာဝအရ အပူရှိန်အပြင်းဆုံးကာလဖြစ်သော်လည်း ယခင်နှင့်မတူ တစ်မူထူးကဲသည့် ပူပြင်းမှုအရှိန်ကို သိသိသာသာခံစားနေရသည်။ ရာသီဥတုပူပြင်းမှုကြောင့် ပြည်သူများ စိတ်လက်မရွှင်လန်း ပင်ပန်းနွမ်းနယ်မှုကို ခံစားကြရသည့်အပြင် အပူဒဏ်ကြောင့် ပြည်သူများကြားတွင် ကျန်းမာရေးအရ ထိခိုက်မှုများပါ ကြုံတွေ့နေရသည်။
ယခုနှစ်နွေအပူသည် ရာသီဥတုပြောင်းလဲမှုကြောင့် ကမ္ဘာကြီးပူနွေးလာမှု၏ နောက်ဆက်တွဲ အကျိုးဆက်အဖြစ် တစ်ကမ္ဘာလုံးအတိုင်းအတာအားဖြင့် ကြုံတွေ့နေရသည်။ မျက်မှောက်ကာလကမ္ဘာ့လူသားများ ကြုံတွေ့နေရသည့် သဘာဝဘေးအန္တရာယ်မှာ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှု နောက်ဆက်တွဲဘေးအန္တရာယ်များနှင့် ကမ္ဘာ့အပူချိန်မြင့်မားလာမှုဖြစ်သည်။ ကမ္ဘာ့မိုးလေဝသလေ့လာရေးဌာနတစ်ခု၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံရှိ မြို့များ၏အပူချိန်မှာ ယခင်နှစ်ကစံချိန်တင်ခဲ့သည့် အာဖရိကနှင့် အိန္ဒိယတိုက်ရှိ မြို့များထက် အပူချိန်မြင့်မားလာခဲ့သည်။ ယခုနှစ်တွင် ကမ္ဘာ့အပူဆုံးမြို့ ၁၅ မြို့စာရင်းတွင် မြန်မာပြည်အလယ်ပိုင်းရှိ မြို့ကိုးမြို့က ထိပ်တန်းစာရင်း၌ ပါဝင်လာသည်။
မကွေးတိုင်းဒေသကြီး မင်းဘူး၊ မကွေး၊ ချောက်၊ မြင်းခြံမြို့တို့သည် အပူချိန် ၄၀ ဒီဂရီဆဲစီးယပ်အထက်တွင်ရပ်တည်ကာ အပူဆုံးမြို့စာရင်းတွင်ပါဝင်လာသည်။ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့် အခြားမြို့ကြီးများတွင် အပူချိန်တစ်နေ့တခြား သိသိသာသာတိုးလာမှုကို ခံစားနေကြရသည်။ အဆိုပါအခြေအနေအပေါ် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုဖြင့် မိမိတို့နေအိမ်တွင်နေထိုင်ရန် ခက်ခဲပြီး အပူဒဏ်ကို တိမ်းရှောင်ရန်လိုအပ်မည့်သူများနှင့် သက်ကြီးရွယ်အိုဘိုးဘွားများအား မြန်မာပြည်အလယ်ပိုင်းရှိ မြို့ကြီးများတွင် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ဒေသဆိုင်ရာအစိုးရအဖွဲ့က အပူရှောင်စခန်းများဖွင့်လှစ်ပေးပြီး လိုအပ်သည်များကို ထောက်ပံ့ကူညီပေးလျက်ရှိသည်။
ကမ္ဘာကြီးပူနွေးလာမှုကြောင့် ဖြစ်ပေါ်လာသော အပူရှိန်ပြင်းမှုသည် ပြန်လည်လျော့ပါးသွားမည်မဟုတ်ဘဲ တစ်နှစ်ထက်တစ်နှစ် ပိုမိုပူပြင်းလာမည့် အကြောင်းတရားများရှိနေသဖြင့် အဆိုပါပြဿနာကို ဖြေရှင်းနိုင်ရေးအတွက် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် အလေးထားဖြေရှင်းဆောင်ရွက်ကြရမည်ဖြစ်သည်။ လတ်တလောတွင် မလေးရှားနိုင်ငံ၌ အပူချိန်မြင့်မားမှု၊ တောမီးလောင်မှုများနှင့် ဆည်ရေများခန်းခြောက်မှုကို ကာကွယ်ရေးအတွက် မိုးတိမ်များကိုဖန်တီးသည့် ရာသီဥတုဆိုင်ရာ နည်းပညာများကိုအသုံးပြုမည်ဟုသိရသည်။ အဆိုပါနည်းလမ်းသည် ပြဿနာကို လတ်တလောကုစားခြင်းသာဖြစ်ပြီး ရေရှည်အတွက်မူ တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးကို အလေးထားဆောင်ရွက်ရမည်ဖြစ်သည်။
လာမည့်နှစ်များတွင် ကမ္ဘာကြီးပူနွေးမှုသည် ယခုထက်ပိုမိုလာဦးမည်ဖြစ်ရာ ကမ္ဘာကြီးပူနွေးမှုကို ဖြစ်ပေါ်စေသည့် ကာဗွန်ဓာတ်ငွေ့ထုတ်လွှတ်မှုများ၊ ကလိုရင်းအသုံးပြုမှုများကို လျှော့ချကြရမည်ဖြစ်သည်။ ရာသီဥတုပြောင်းလဲခြင်း၏ အဓိကအကြောင်းရင်းသည် လူသားများ၏ လိုအင်ဆန္ဒများကြောင့် သဘာဝပတ်ဝန်းကျင်ကို ဖျက်ဆီးခဲ့ခြင်းနှင့် စက်မှုလုပ်ငန်းများမှထွက်ရှိသော ဖန်လုံအိမ်ဓာတ်ငွေ့များကြောင့်ဖြစ်သည်။ မြန်မာနိုင်ငံ၏ နွေရာသီအပူချိန်ကို အဓိကမောင်းနှင်မှုမှာ ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ ရေစီးကြောင်းပြောင်းလဲမှု သို့မဟုတ် အယ်လ်နီညိုဖြစ်စဉ်ဖြစ်သည်။ အယ်လ်နီညိုဖြစ်စဉ်ကြောင့် သမုဒ္ဒရာရေမျက်နှာပြင်အပူချိန်မြင့်တက်လာပြီး အပူလှိုင်းဖြတ်မှုကဲ့သို့ ပူပြင်းသောရာသီဥတုကိုဖြစ်စေသည်။
မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအားလုံး အားသွန်ခွန်စိုက်ဆောင်ရွက်ကြရမည်ဖြစ်သည်။ သစ်ပင်များသည် သဘာဝ၏ အပူထိန်းကိရိယာများဖြစ်ရာ အေးမြသည့် အရိပ်အာဝါသကိုဖြစ်စေပြီး သစ်ရွက်များမှ ရေငွေ့ပြန်ခြင်းဖြစ်စဉ်သည် ပတ်ဝန်းကျင်လေထုကို အေးမြစေသည်။ သစ်ပင်များသည် ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့များကိုစုပ်ယူပေးနိုင်ပြီး သစ်တောသစ်ပင်များသည် လူသားများနှင့် သက်ရှိအားလုံးအတွက် အကျိုးကျေးဇူးကြီးမားသည်။
စင်ကာပူနိုင်ငံတွင် မြို့ပြဥယျာဉ်မူဝါဒကိုကျင့်သုံးပြီး မြေသားမှန်သမျှ မြက်ခင်းများဖန်တီးပြီး အဆောက်အအုံများ၏ အမိုးနှင့်နံရံများတွင် စိမ်းလန်းပင်များစိုက်ပျိုးပေးကာ မြို့ပြအပူချိန်ကို လျှော့ချပေးနိုင်ရန် ဆယ်စုနှစ်များစွာကတည်းက ဖန်တီးထားသည်။ မြန်မာနိုင်ငံအနေဖြင့် မြေလွတ်မြေလပ်၊ မြေပိုမြေကျန်များစွာရှိသည်။ သစ်ပင်နှစ်စဉ်မပျက်စိုက်ပျိုးရေးကို အစိုးရကသာဆောင်ရွက်လေ့ရှိသော်လည်း ပြည်သူများအနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်မှု အားနည်းနေသည်ကိုတွေ့ရသည်။ အပူဒဏ်ကိုမခံနိုင်ပါဟုဆိုသည်ထက် အပူဒဏ်သက်သာအောင် သစ်ပင်ကိုချစ်ခင် ရသမျှရှိသမျှအရိပ်ရသစ်ပင်များ စိုက်ပျိုးကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါကြောင်း။ ။
Newspaper
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၂ ရက်၊ မေ ၂ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ May 02, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁ ရက်၊ မေ ၁ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 01, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ ဧပြီ ၃၀ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ April 30, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
DownloadAnnouncement
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက် အမှတ် (၅ /၂၀၂၆)
Ministry of Information / Posted on May 01, 2026
၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတသည် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့ တွင် ကျရောက်သည့် ကဆုန်လပြည့်ဗုဒ္ဓနေ့ အထိမ်းအမှတ်အားဖြင့် လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်၏မေတ္တာနှင့် စေတနာကို နားလည်စေရန် ရှေးရှုသောအားဖြင့်လည်းကောင်း၊...
Myanmar National Human Rights Commission Statement No. (5/2026)
Myanmar National Human Rights Commission / Posted on April 30, 2026
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် သတင်းထုတ်ပြန်ချက် အမှတ် ( ၅ /၂၀၂၆)
Myanmar National Human Rights Commission / Posted on April 30, 2026
