အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုအခြေခံသင်တန်း (စနေ၊ တနင်္ဂနွေ) အမှတ်စဉ် (၁၃) သင်တန်းဖွင့်ပွဲ ကျင်းပ
အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုအခြေခံသင်တန်း (စနေ၊ တနင်္ဂနွေ) အမှတ်စဉ် (၁၃) သင်တန်းဖွင့်ပွဲ ကျင်းပ
Ministry of Information/ Naypyitaw / March 22, 2026
ရန်ကုန် မတ် ၂၁
အပြည်ပြည်ဆိုင်ရာကုန်သွယ်မှု အခြေခံသင်တန်း (စနေ၊ တနင်္ဂနွေ) အမှတ်စဉ်(၁၃) သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေးဦးစီးဌာန ပို့ကုန်သွင်းကုန်ရုံး ညီလာခံခန်းမ၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်းနှင့် တာဝန်ရှိသူများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
သင်တန်းဖွင့်ပွဲတွင် ဒုတိယဝန်ကြီးက ယနေ့ဖွင့်လှစ်သည့် သင်တန်းသည် နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်သော ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင်သစ်များကို ပြုစုပျိုးထောင်ရန်အတွက် ကုန်သွယ်မှုနှင့် သက်ဆိုင်သည့် လုပ်ငန်းနယ်ပယ်အသီးသီးရှိ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွည်ချက်ဖြင့် ၂ဝ၁၂ ခုနှစ် ဧပြီလမှ စတင်ကာ ကုန်သွယ်မှုသင်တန်း ကျောင်းကို စတင်ဖွင့်လှစ်ခဲ့ရာ လက်ရှိကာလအထိ ကုန်သွယ်မှုအခြေခံသင်တန်း (တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ) ၁၂ ကြိမ်၊ အဆင့်မြင့်သင်တန်း သုံးကြိမ်၊ ကုန်သွယ်မှုအခြေခံသင်တန်း (စနေ၊ တနင်္ဂနွေ) ၁၂ ကြိမ်၊ ရက်တို သင်တန်း ၁၉ ကြိမ်၊ နယ်စပ်ကုန်သွယ်မှုများ ဆောင်ရွက်ရာတွင် လိုက်နာရမည့် လုပ်ငန်းစဉ်များအကြောင်း သင်တန်းတစ်ကြိမ်ဖွင့်လှစ်ပို့ချပေးနိုင်ခဲ့ပြီး စုစုပေါင်း သင်တန်းသားဦးရေ ၃၇၇၄ ဦးအထိ သင်ကြားပို့ချပေးနိုင်ခဲ့ကြောင်း၊ သင်တန်းကာလအတွင်း သင်တန်းသား သင်တန်းသူများကို ကုန်သွယ်မှုဆိုင်ရာ လုပ်ငန်း၊ ဌာနများ၊ အထူးစီးပွားရေးဇုန်များ၊ စက်မှုဇုန်များသို့ လက်တွေ့ လေ့လာရေးခရီးစဉ်များကို စီမံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် ပို့ချမှုများကို စိတ်ပါဝင်စားစွာ လေ့လာမှတ်သားကြစေလိုကြောင်းနှင့် အပြန်အလှန်ဆွေးနွေးခြင်းဖြင့် မိမိတို့အတွက် အကျိုးကျေးဇူးရရှိအောင် ကြိုးစားသွားကြစေလိုကြောင်း ပြောကြားသည်။
အဆိုပါသင်တန်းကို တစ်နေ့သုံးနာရီဖြင့် စနေ၊ တနင်္ဂနွေနေ့များတွင် ဖွင့်လှစ်ပို့ချမည်ဖြစ်ပြီး သင်တန်းကာလမှာ လေးလကြာမြင့်မည်ဖြစ်ကာ စုစုပေါင်း သင်တန်းသား ၁၂၁ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၅ ရက် ၊ မတ် ၂၂ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ March 22, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၄ ရက် ၊ မတ် ၂၁ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ March 21, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၃ ရက် ၊ မတ် ၂၀ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ March 20, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
DownloadAnnouncement
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနတွင် လစ်လပ်လျက်ရှိသည့် ဒုတိယဦးစီးမှူးရာထူး(၆)နေရာအတွက် ရေးဖြေစာမေးပွဲကျင်းပမည့် နေ့ရက်၊ အချိန်နှင့် ခုံအမှတ် ထုတ်ပြန်ခြင်း
Ministry of Ethnic Affairs / Posted on January 28, 2026
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနတွင် လစ်လပ်လျက်ရှိသည့် ဒုတိယဦးစီးမှူးရာထူး(၆)နေရာအတွက် ရေးဖြေစာမေးပွဲကျင်းပမည့် နေ့ရက်၊ အချိန်နှင့် ခုံအမှတ် ထုတ်ပြန်ခြင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန အလုပ်လျှောက်လွှာခေါ်ယူခြင်း
Ministry of Ethnic Affairs / Posted on January 07, 2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန အလုပ်လျှောက်လွှာခေါ်ယူခြင်း
