အမှုထမ်းအဆင့်ရာထူးနေရာများအတွက် ရေးဖြေစားမေးပွဲကျင်းပ


Ministry of Cooperatives and Rural Development/ Naypyitaw / October 28, 2024
image_latest


နေပြည်တော်၊ အောက်တိုဘာ ၂၈

          သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အနေဖြင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် လစ်လပ်လျက်ရှိသော အမှုထမ်းအဆင့် (၅၉)နေရာ အတွက် ရေးဖြေစာမေးပွဲ ဖြေဆိုခြင်းကို ယနေ့ နံနက်ပိုင်းက အဆိုပါ ဦးစီးဌာန၌ ကျင်းပသည်။

          အမှုထမ်းအဆင့်ရာထူးနေရာများအတွက် ရေးဖြေစားမေးပွဲ ဖြေဆိုနေစဉ် အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံ)က စာမေးပွဲခန်းသို့ လာရောက်ကြည့်ရှု စစ်ဆေးပြီး စာမေးပွဲဖြေဆိုနေသူများအား စာမေးပွဲစည်းကမ်းများနှင့်အညီ ဖြေဆိုသွားကြရန်နှင့် ရိုးသားကြိုးစားစွာဖြင့် ဖြေဆိုကြရန် မှာကြားခဲ့ပါသည်။

          အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော အမှုထမ်း (၅၉)ဦး နေရာအတွက် ဩဂုတ်လ ၈ ရက်နေ့တွင် နိုင်ငံပိုင် သတင်းစာများမှ ကြော်ငြာခေါ်ယူခဲ့ရာ ဒုတိယ ဦးစီးမှူးနှင့် အဆင့်တူရာထူးများအတွက် လျှောက်ထားသူ (၆၄)ဦး၊ အငယ်တန်းစာရေးနှင့်အဆင့်တူ ရာထူးများအတွက် လျှောက်ထားသူ (၅၈)ဦး နှင့် ယာဉ်မောင်း (၅) ရာထူးအတွက် လျှေက်ထားသူ (၈)ဦး စုစုပေါင်းလျှောက်ထားသူ (၁၃၀) ဦး ရှိပြီး လာရောက်ဖြေဆိုသူ စုစုပေါင်း (၉၇) ဦး ရှိကြောင်း သတင်းရရှိပါသည်။

Newspaper

၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၁ ရက်၊ အောက်တိုဘာ ၂၈ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ October 28, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၀ ရက်၊ အောက်တိုဘာ ၂၇ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ October 27, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၉ ရက်၊ အောက်တိုဘာ ၂၆ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ October 26, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

Announcement

ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက်ပြန်ကြားဆောင်ရွက်ခြင်း(၄၁/၂၀၂၄)

Union Civil Service Board / Posted on October 24, 2024

ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက်ပြန်ကြားဆောင်ရွက်ခြင်း(၄၁/၂၀၂၄)

ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန ၊ နေပြည်တော်ပုံနှိပ်စက်ရုံ(ဇေယျာသီရိ)၌ ( အလျား ၈ဝ၊ x အနံ ၈ဝ၊ x အမြင့် ၁၈၊ ) သိုလှောင်ရုံ(၁)လုံး ဆောက်လုပ်ခြင်းလုပ်ငန်းအတွက် အိတ်ဖွင့်တင်ဒါ ခေါ်ယူခြင်း

Ministry of Information / Posted on October 22, 2024

ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန ၊ နေပြည်တော်ပုံနှိပ်စက်ရုံ(ဇေယျာသီရိ)၌ ( အလျား ၈ဝ၊ x အနံ ၈ဝ၊ x အမြင့် ၁၈၊ ) သိုလှောင်ရုံ(၁)လုံး ဆောက်လုပ်ခြင်းလုပ်ငန်းအတွက် အိတ်ဖွင့်တင်ဒါ ခေါ်ယူခြင်း

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023