အောင်လံမြို့နယ်၊ မိုးကောင်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းကျင်းပ


Ministry of Cooperatives and Rural Development/ Naypyitaw / September 18, 2025
image_latest


အောင်လံမြို့နယ်၊ မိုးကောင်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းကျင်းပ

အောင်လံ စက်တင်ဘာလ ၁၈

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၅-၂၀၂၆ခုနှစ်တွင် မြစိမ်းရောင်စီမံကိန်းတိုးချဲ့ဆောင်ရွက်မည့် မိုးကောင်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း အကြောင်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာ ဘုန်းတော်ကြီးကျောင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အောင်လံခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းနိုင်က အဖွင့်အမှာ စကားပြောကြားသည်။ ထို့နောက် မြို့နယ်ဦးစီးမှူး ဒေါ်ထားထားရီက မြစိမ်းရောင်ကျေးရွာစီမံကိန်း သဘောသဘာဝ အကြောင်းကို မိတ်ဆက်ပြောကြားရာ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေအဖြင့် ကျပ်သိန်း ၃၀၀ မတည်ပေးထားပြီး ကျေးလက်နေပြည်သူများ တပိုင်တနိုင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြား အသေးစားစီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ပြီး မိသားစုဝင်ငွေတိုးပွား လာမည်ဖြစ်ပြီး ဆင်းရဲမှုလျော့ကျ လာစေမည်ဖြစ်ပါကြောင်း စီမံကိန်းရန်ပုံငွေများ မပျောက်ပျက်အောင် စာရင်းဇယားများဖြင့်  စနစ်တကျ ထိန်းသိမ်းဆောင်ရွက်နိုင်ရန် ကျေးရွာ၏ စီမံကိန်းလုပ်ငန်း ကော်မတီမှာအလွန် အရေးပါကြောင်း၊ အဆိုပါကော်မတီဝင်များကို ကျေးရွာသူကျေးရွာသားများမှ မဲစနစ်ဖြင့် ရွေးချယ်ပေးရမည်ဖြစ်ပါကြောင်း၊ ရွေးချယ် တင်မြောက်ခံရသော ကော်မတီဝင်များကလည်း မိမိတို့ကိုယ်ကျိုးမငဲ့ဘဲ ကျေးရွာအကျိုးကို အစဉ်ရှေးရှု၍ သမာသမတ်ကျကျ ဆောင်ရွက်ကြစေလိုကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် အောင်လံမြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ စီမံကိန်းတာဝန်ခံ ဝန်ထမ်းများက တက်ရောက်လာကြသော ကျေးရွာသူ ကျေးရွာသားများအား မဲစာရွက်များ စနစ်တကျပေးဝေ၍ မြစိမ်းရောင်စီမံကိန်းလုပ်ငန်းကော်မတီဝင်များကို အများဆန္ဒဖြင့် အမျိုးသား လေးဦး၊ အမျိုးသမီး သုံးဦးဖြင့် စုစုပေါင်း ခုနှစ်ဦးကို ရွေးချယ်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ မိုးကောင်းကျေးရွာတွင် အိမ်ခြေ ၅၅၀အိမ်၊ လူဦးရေ ၂၅၅၉ဦး နေထိုင်လျက်ရှိပြီး  အဆိုပါစီမံကိန်းချေးငွေဖြင့် တပိုင်တနိုင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားအသေးစားစီးပွားရေးလုပ်ငန်းများ ဆောင်ရွက်လာနိုင်မည် ဖြစ်သည့်အတွက် ကျေးရွာသူကျေးရွာသားများ၏ မိသားစုစားဝတ်နေရေးကို တဖက်တလမ်းက အထောင်အကူပြု ကြောင်း အောင်လံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ထားထားရီထံမှ သိရသည်။

Newspaper

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၂ ရက်၊ စက်တင်ဘာ ၁၈ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ September 18, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၁ ရက်၊ စက်တင်ဘာ ၁၇ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ September 17, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၀ ရက်၊ စက်တင်ဘာ ၁၆ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ September 16, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

Announcement

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း၊ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်းကြေငြာခြင်း

Ministry of Electric Power / Posted on September 18, 2025

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း၊ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်းကြေငြာခြင်း

ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းအသိအမှတ်ပြုလက်မှတ်များ ရုပ်သိမ်းကြောင်း အသိပေးကြေညာချက်

Ministry of Information / Posted on September 18, 2025

ပြန်ကြားရေးဝန်ကြီးဌာနသည် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေပုဒ်မ ၈ ပါ စည်းကမ်းချက်တစ်ရပ်ရပ်နှင့် ငြိစွန်းသည်ဟု သံသယရှိသောထုတ်ဝေစာကို ပုံနှိပ်၊ ထုတ်ဝေခဲ့ကြောင်း ခိုင်လုံသောအထောက်အထားဖြင့် သတင်းပေးပို့ခြင်းကို လက်ခံရရှိလျှင်သော်လည်းကောင်း၊ ကိုယ်တိုင်သိရှိလျှင်သော်လည်းကောင်း သတ်မှတ်ချက်နှင့်အညီ စစ်ဆေးပြီး ငြိစွန်းကြောင်းတွေ့ရှိပါက လုပ်ငန်းအသိအမှတ်ပြု...

အဝေးသင် သင်တန်းများ စာမေးပွဲဖြေဆိုမည့်ရက် ကြေညာခြင်း

Ministry of Information / Posted on September 18, 2025

အဝေးသင် သင်တန်းများ စာမေးပွဲဖြေဆိုမည့်ရက် ကြေညာခြင်း

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023