အွန်လိုင်းလိမ်လည်လောင်းကစားမှု အမျိုးသားရေးတာဝန်ဖြင့် တိုက်ဖျက်
အွန်လိုင်းလိမ်လည်လောင်းကစားမှု အမျိုးသားရေးတာဝန်ဖြင့် တိုက်ဖျက်
Ministry of Information/ Naypyitaw / April 09, 2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတကာနှင့် ကမ္ဘာလုံးဆိုင်ရာ အန္တရာယ်ပေးလျက်ရှိသည့် အွန်လိုင်းလိမ်လည်လောင်းကစားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူပြီး မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေးအတွက် ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရများ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်း၍ အဆက်မပြတ် တက်တက်ကြွကြွ အရှိန်အဟုန်မြှင့်တင်တိုက်ဖျက်လျက်ရှိသည်။
အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်းများကို အဓိကပါဝင်ပတ်သက်သူ ပြည်ပနိုင်ငံသားများက မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံငယ်များအတွင်း တရားမဝင်လာရောက်လုပ်ကိုင်ကြသည်ကို တွေ့ရမည်ဖြစ်သည်။ ကမ္ဘာပေါ်ရှိ နိုင်ငံအများအပြားမှ မသိနားမလည်သော ပြည်သူများအား အဆင့်မြင့်နည်းပညာများကို အသုံးပြု၍ အွန်လိုင်းပေါ်တွင် ငွေကြေးလိမ်လည်လှည့်ဖြားကာ ဒုစရိုက်မှုမျိုးစုံကျူးလွန်လျက်ရှိသည်။ လိမ်လည်လှည့်ဖြားခြင်းခံရသည့် သားကောင်များသည် သာမန်ပြည်သူများသာမက ဖွံ့ဖြိုးပြီးနိုင်ငံကြီးများမှ ငွေကြေးချမ်းသာကြွယ်ဝသည့် လူပုဂ္ဂိုလ်အချို့ကိုပါ လိမ်လည်လှည့်ဖြားနေကြသည်ကို တွေ့ရသည်။
မြန်မာနိုင်ငံအနေဖြင့် ဗဟိုအစိုးရအုပ်ချုပ်မှုနှင့် အလှမ်းဝေးသော နယ်စပ်ဒေသများ၊ သောင်းကျန်းသူများ ခေတ္တထိန်းချုပ်ထားသည့် အချို့သောနယ်စပ်ဒေသများ၌ ပြည်ပနိုင်ငံများမှ တရားမဝင် ဝင်ရောက်လာသူများက အွန်လိုင်းလိမ်လည် လောင်းကစားမှုများကို လုပ်ကိုင်လာကြသည်။ မြန်မာနိုင်ငံတွင် အစောပိုင်းကာလများက အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်းများ မပေါ်ပေါက်ခဲ့သော်လည်း နောက်ပိုင်းကာလများတွင် မြန်မာနိုင်ငံ၏အရှေ့ဘက် နယ်စပ်ဒေသများဖြစ်သည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကရင်ပြည်နယ် နယ်စပ်ဒေသများတွင် အခြေပြုလာကြပြီး ယခုအခါ ရှမ်းပြည်နယ်အရှေ့ပိုင်းနှင့် တောင်ပိုင်း၏ တောတောင်ဒေသအချို့တွင်ပါ အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်းများ လုပ်ကိုင်လာကြသည်ကို ဖော်ထုတ်ဖမ်းဆီးရမိမှုဖြစ်စဉ်များအရ သိရသည်။
အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်းများ လုပ်ကိုင်ကြသည့် ပြည်ပနိုင်ငံသားအချို့သည် များသောအားဖြင့် ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့မှ တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် တရားမဝင် ဝင်ရောက်လာကြသူများဖြစ်သည်။ ကရင်ပြည်နယ် မြဝတီနယ်စပ်ဒေသ ရွှေကုက္ကိုလ်နယ်မြေကဲ့သို့ နေရာအချို့တွင် တရားမဝင်အွန်လိုင်း လောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများကို ဂိုဏ်းဖွဲ့ကျူးလွန်လာကြသဖြင့် နိုင်ငံတော်အစိုးရက ပြည်တွင်းလုံခြုံရေးအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံမှ တာဝန်ရှိသူများနှင့် ပူးပေါင်းလက်တွဲလျက် တိုက်ဖျက်နှိမ်နင်းလျက်ရှိရာ မြန်မာ့မြေပေါ်တွင် လုံးဝအခြေမပြုနိုင်ရေးအတွက် အခြေချထားသည့် အဆောက်အအုံနှင့် ပစ္စည်းများကို တစ်ခုမကျန်အမြစ်ဖြတ်ရှင်းလင်းဖယ်ရှားလျက် ရှိသည်။
အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှုများကို တိုက်ဖျက်နှိမ်နင်းလျက်ရှိရာတွင် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်မှ ၂၀၂၆ ခုနှစ် ဧပြီလ ၇ ရက်နေ့အထိ မြဝတီမြို့နယ်အတွင်းသို့ တရားမဝင် ဝင်ရောက်လာကြသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၁၄၆၂၅ ဦးကို ထိန်းသိမ်းနိုင်ခဲ့ပြီး အဆိုပါနိုင်ငံသားများအားလုံးကို စစ်ဆေးခဲ့ပြီးနောက် ၎င်းတို့အနက် တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား ၁၃၄၀၅ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံး လုပ်နည်းများနှင့်အညီ စနစ်တကျပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်သည်။ လွှဲပြောင်းပေးအပ်ရန်ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၁၂၂၀ တွင် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး (လတ်တလော) ပြဋ္ဌာန်းချက်များ အက်ဥပဒေပုဒ်မ ၃(၁)/၁၃(၁)အရ အပြစ်ပေးအရေးယူခဲ့သည့် ပြည်ပနိုင်ငံသား ၇၄၁ ဦးရှိသည့်အတွက် ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၄၇၉ ဦးတို့ကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီး လက်ရှိတွင် ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားသည်။
အလားတူ ရှမ်းပြည်နယ် (အရှေ့ပိုင်း) နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) ဒေသအတွင်းသို့ တရားမဝင် ဝင်ရောက်လာကြကာ အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှုများ လုပ်ကိုင်ကြသော ပြည်ပနိုင်ငံသားများကို ထိန်းသိမ်းစိစစ်ဆောင်ရွက်လျက်ရှိပြီး တရားမဝင်အဆောက်အအုံများနှင့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းဖျက်ဆီးခဲ့သည်။
သို့ဖြစ်ရာ နိုင်ငံတော်အနေဖြင့် အွန်လိုင်းလိမ်လည်မှု၊ အွန်လိုင်းလောင်းကစားမှုနှင့် ဒုစရိုက်မှုမှန်သမျှတို့တွင် ပါဝင်ပတ်သက်နေသူများနှင့် နောက်ကွယ်မှ ကြိုးကိုင်နေသော နိုင်ငံခြားသားများအား ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက် ပြင်းပြင်းထန်ထန်အရေးယူနိုင်ရေး အိမ်နီးချင်းနိုင်ငံများနှင့် ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အပြင် အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခရောက်နေကြသော နိုင်ငံခြားသားများနှင့် လူကုန်ကူးခံရသည့် နိုင်ငံခြားသားများအား သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးပြည်နှင်လွှဲပြောင်းပေးနိုင်ရေး ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း။ ။
Newspaper
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၈ ရက် ၊ ဧပြီ ၉ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ April 09, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၇ ရက် ၊ ဧပြီ ၈ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ April 08, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၆ ရက် ၊ ဧပြီ ၇ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ April 07, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
DownloadAnnouncement
မွေးမြူရေးတိရစ္ဆာန်များ အပူရှိန်ပြင်းထန်လွန်ကဲမှုဒဏ်မှ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ချက်
Ministry of Information / Posted on April 06, 2026
မွေးမြူရေးတိရစ္ဆာန်များ ရာသီဥတုအပူရှိန် ပြင်းထန်လွန်ကဲချိန်တွင် အပူဒဏ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် အောက်ပါအတိုင်း လိုက်နာဆောင်ရွက်နိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်-
မော်တော်ယာဉ်အမျိုးအစားနှင့် ဘက်ထရီစွမ်းဆောင်ရည်(Battery Capcity)အလိုက်မူလတန်ဖိုးFOBဈေးနှုန်းအပေါ်ပြည်ပတင်သွင်းယာဉ်မှတ်ပုံတင်ခအား၂၀၂၆ခုနှစ်၊ဧပြီလ(၁)ရက်မှစတင်၍အောက်ပါအတိုင်းသတ်မှတ်ကောက်ခံသွားမည်ဖြစ်ပါကြောင်းအသိပေးကြေညာအပ်ပါသည်
Ministry of Transport and Communications / Posted on April 03, 2026
မော်တော်ယာဉ်အမျိုးအစားနှင့် ဘက်ထရီစွမ်းဆောင်ရည်(Battery Capcity)အလိုက်မူလတန်ဖိုးFOBဈေးနှုန်းအပေါ်ပြည်ပတင်သွင်းယာဉ်မှတ်ပုံတင်ခအား၂၀၂၆ခုနှစ်၊ဧပြီလ(၁)ရက်မှစတင်၍အောက်ပါအတိုင်းသတ်မှတ်ကောက်ခံသွားမည်ဖြစ်ပါကြောင်းအသိပေးကြေညာအပ်ပါသည်
အကောက်ခွန်ဦးစီးဌာနက မဟာသင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း လုပ်ငန်းများအဆင်ပြေချောမွေ့အောင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အသိပေးကြေညာချက်
Ministry of Information / Posted on April 06, 2026
အကောက်ခွန်ဦးစီးဌာနသည် မဟာသင်္ကြန်ရုံးပိတ်ရက်ကာလအတွင်းအကောက်ခွန်လုပ်ငန်းများ လွယ်ကူလျင်မြန်စေရေး အလေးထားဆောင်ရွက်လျက်ရှိပါသည်။
