ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ ဟင်္သာတ-ဇလွန်ကားလမ်း၊ မိုင်တိုင်အမှတ် ၃ မိုင် ၃ ဖာလုံနှင့် ၄ ဖာလုံကြား၌ ယာဉ်တိုက်မှု
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ ဟင်္သာတ-ဇလွန်ကားလမ်း၊ မိုင်တိုင်အမှတ် ၃ မိုင် ၃ ဖာလုံနှင့် ၄ ဖာလုံကြား၌ ယာဉ်တိုက်မှု
Ministry of Home Affairs/ နေပြည်တော် / March 04, 2026
၂၀၂၆ ခုနှစ်၊ မတ် ၃ ရက် ည ၁၂ နာရီ ၃၀ မိနစ်ခန့်က ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတ မြို့နယ်၊ ဟင်္သာတ-ဇလွန်ကားလမ်း၊ မိုင်တိုင်အမှတ် ၃ မိုင် ၃ ဖာလုံနှင့် ၄ ဖာလုံကြား၌ ဟင်္သာတမြို့မှ ရန်ကုန်မြို့သို့ ယာဉ်မောင်း ဦးအောင်မျိုးသူ(၃၈)နှစ် မောင်းနှင်လာသော ယာဉ်အမှတ် YGN-31/ 4G-XXXX MITSUBISHI CANTER အမျိုးအစား ကုန်တင်မော်တော်ယာဉ်သည် ဇလွန်ဘုရားပွဲမှအပြန် ဟင်္သာတမြို့သို့ ယာဉ်မောင်း ဦးဝိုင်းမောင် မောင်းနှင်လာသော ယာဉ်အမှတ် AYA/16U-XXXX အိုးဝေယာဉ်အား မျက်နှာချင်းဆိုင် အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိမှုဖြစ်ပွားကြောင်း သတင်း ရရှိသဖြင့် ဟင်္သာတမြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် တစ်စီးဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ရာ နံနက် ၁ နာရီ ၃၀ မိနစ်တွင် ပြီးစီးခဲ့ ပါသည်။
အဆိုပါဖြစ်စဉ်ကြောင့် အိုးဝေယာဉ်ပေါ်ပါ ယာဉ်မောင်း အပါအဝင် အမျိုးသား သုံးဦး (သေဆုံး)၊ အမျိုးသား သုံးဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)နှင့် ကုန်တင်မော်တော် ယာဉ်နောက်လိုက် အမျိုးသား တစ်ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)တို့အား ဟင်္သာတခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေး ခဲ့ကြောင်းနှင့် ကုန်တင်မော်တော်ယာဉ် ယာဉ် မောင်း ဦးအောင်မျိုးသူ အား ဟင်္သာတမြို့နယ်၊ ဒူးယားနယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
Newspaper
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၂ ရက် ၊ မတ် ၄ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁ ရက် ၊ မတ် ၃ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်နေ့ ၊ မတ် ၂ ရက်၊ တနင်္လာနေ့။
Announcement
စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေးအတွက် ပြည်သူသို့ အသိပေးကြေညာချက်အား ဖြည့်စွက်ထုတ်ပြန်ခြင်း
Ministry of Information / Posted on March 04, 2026
စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေးအတွက် ပြည်သူသို့ အသိပေးကြေညာချက်အား ဖြည့်စွက်ထုတ်ပြန်ခြင်း
စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေးအတွက် ပြည်သူသို့ အသိပေးကြေညာချက်
Ministry of Information / Posted on March 03, 2026
စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေးအတွက် ပြည်သူသို့ အသိပေးကြေညာချက်
၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းအတွက် ပစ္စည်းများဝယ်ယူရန် တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း
Ministry of Electric Power / Posted on March 03, 2026
၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းအတွက် ပစ္စည်းများဝယ်ယူရန် တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း