ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ ရန်ကုန်-ပုသိမ်ကားလမ်း မိုင်တိုင်အမှတ် ၂၆ မိုင် ၃ ဖာလုံနှင့် ၄ ဖာလုံကြား၌ ယာဉ်တိုက်မှု
ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ ရန်ကုန်-ပုသိမ်ကားလမ်း မိုင်တိုင်အမှတ် ၂၆ မိုင် ၃ ဖာလုံနှင့် ၄ ဖာလုံကြား၌ ယာဉ်တိုက်မှု
Ministry of Home Affairs/ နေပြည်တော် / April 10, 2026
၂၀၂၆ ခုနှစ်၊ ဧပြီ ၉ ရက် နံနက် ၄ နာရီ ၃၀ မိနစ်ခန့်က ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ ရန်ကုန်-ပုသိမ်ကားလမ်း မိုင်တိုင်အမှတ် ၂၆ မိုင် ၃ ဖာလုံနှင့် ၄ ဖာလုံကြား၌ ရန်ကုန်မြို့မှ ပုသိမ်မြို့ဘက်သို့ ယာဉ်မောင်း ဦးသန့်ဇော်မင်း(၂၈)နှစ် မောင်းနှင်သည့် MDY-26/ 9K-XXXX NISSAN DIESEl အဖြူရောင် ကုန်တင်မော်တော်ယာဉ်အား ယာဉ်နောက်လိုက် ကိုရှိုင်းဝဏ္ဏဦး (၂၀)နှစ်မှ မောင်းနှင်စဉ် “အောင်ထက်လင်း” ဆီဆိုင်ရှေ့အရောက်၌ ညအိပ်ဆီတန်းစီရန် ရပ်ထားသော ဟော်လိုချောင်းများ တင်ဆောင်ထားသည့် AYY-7/9A-XXXX NISSAN CONDOR အစိမ်းရောင် မော်တော်ယာဉ်အား အနောက်မှ ဝင်တိုက်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ညောင်တုန်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် တစ်စီးဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ နံနက် ၅ နာရီ ၄၅ မိနစ်တွင် ပြီးစီးခဲ့ပါသည်။
အဆိုပါယာဉ်တိုက်မှုကြောင့် MDY-26/9K-XXXX NISSAN DIESEl အဖြူရောင် ကုန်တင်မော်တော်ယာဉ်ပေါ်ပါ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် အမျိုးသား နှစ်ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ)အား ဆားမလောက်တောင်သူလယ်သမားဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း၊ AYY-7/9A-XXXX NISSAN CONDOR အစိမ်းရောင် မော်တော်ယာဉ်ပေါ်တွင် ညအိပ်စောင့်နေသော ယာဉ်နောက်လိုက် အမျိုးသား တစ်ဦး(သေဆုံး)အား ညောင်တုန်းမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းနှင့် MDY-26/9K-XXXX NISSAN DIESEl ယာဉ်နောက်လိုက်ဖြစ်သူ ကိုရှိုင်းဝဏ္ဏဦး အား မဲဇလီနယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
Newspaper
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၉ ရက် ၊ ဧပြီ ၁၀ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ April 10, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၈ ရက် ၊ ဧပြီ ၉ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ April 09, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၇ ရက် ၊ ဧပြီ ၈ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ April 08, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
DownloadAnnouncement
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ ကြေညာချက်အမှတ် ၃ / ၂၀၂၆
Ministry of Information / Posted on April 10, 2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ ကြေညာချက်အမှတ် ၃ / ၂၀၂၆
Ministry of Information / Posted on April 10, 2026
နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင်များ ခန့်ထားခြင်း
Ministry of Information / Posted on April 10, 2026
နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင်များ ခန့်ထားခြင်း
