၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၁)ကို မြို့နယ်ပေါင်း ၁၀၂ မြို့နယ်၌ ကျင်းပ
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၁)ကို မြို့နယ်ပေါင်း ၁၀၂ မြို့နယ်၌ ကျင်းပ
Ministry of Information/ Naypyitaw / December 29, 2025
နေပြည်တော် ဒီဇင်ဘာ ၂၈
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ၂၀၂၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၁)ကို ယနေ့နံနက် ၆ နာရီမှစတင်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်ပေါင်း ၁၀၂ မြို့နယ်အတွင်း သတ်မှတ်မဲရုံများ၌ ကျင်းပလျက်ရှိသည်။
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၁)အနေဖြင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်ကောင်စီရှစ်မြို့နယ်အတွင်း ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များနှင့်ဆန္ဒမဲပေး ပိုင်ခွင့်ရှိသည့် ပြည်သူများက ဇေယျာသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်၊ ဇမ္ဗူသီရိမြို့နယ်၊ ပျဉ်းမနားမြို့နယ်၊ လယ်ဝေး မြို့နယ်၊ ဥတ္တရသီရိမြို့နယ်၊ ဒက္ခိဏသီရိမြို့နယ်နှင့် တပ်ကုန်းမြို့နယ်မဲရုံတို့တွင် လာရောက်ဆန္ဒမဲပေးလျက်ရှိကြသည့်မြင်ကွင်းကို တွေ့မြင်ရမည်ဖြစ်သည်။
အလားတူ ကချင်ပြည်နယ်တွင် ခြောက်မြို့နယ်၊ ကယားပြည်နယ်တွင် နှစ်မြို့နယ်၊ ကရင်ပြည်နယ် တွင် သံမြို့နယ်၊ ချင်းပြည်နယ်တွင် နှစ်မြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၁၂ မြို့နယ်၊ တနင်္သာရီတိုင်းဒေသကြီးတွင် လေးမြို့နယ်၊ ပဲခူးတိုင်းဒေသကြီးတွင် ရှစ်မြို့နယ်၊ မကွေးတိုင်းဒေသကြီးတွင် ကိုးမြို့နယ်၊ မန္တလေးတိုင်းဒေသကြီးတွင် ရှစ်မြို့နယ်၊ မွန်ပြည်နယ်တွင် ငါးမြို့နယ်၊ ရခိုင်ပြည်နယ်တွင် သုံးမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးတွင် ၁၂ မြို့နယ်၊ ရှမ်းပြည်နယ်တွင် ၁၂ မြို့နယ်၊ ဧရာဝတီတိုင်း ဒေသကြီးတွင် ရှစ်မြို့နယ် စုစုပေါင်း ၁၀၂ မြို့နယ်၌ ကျင်းပကြပြီး အဆိုပါ မြို့နယ်များရှိသတ်မှတ်မဲရုံများ၌ ဒေသခံတိုင်းရင်းသားပြည်သူများက မြန်မာအီလက်ထရောနစ် မဲပေးစက် (Myanmar Electronic Voting Machine - MEVM) အသုံးပြု၍ ဆန္ဒမဲပေးခြင်းများကို ဆောင်ရွက်ကြသည်။
ထိုသို့ ဆန္ဒမဲပေးခြင်းများကို သက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်းဒေသကြီးများရှိ ဒေသခံ တိုင်းရင်းသားပြည်သူများက စနစ်တကျဖြင့် ဆန္ဒမဲပေးခြင်းများ ဆောင်ရွက်လျက်ရှိသည့်အပြင် အဆိုပါ ပြည်နယ်နှင့် တိုင်းဒေသကြီးများအတွင်းရှိ တိုင်းစစ်ဌာန ချုပ်များမှ တပ်မတော်သား အရာရှိ၊ စစ်သည်၊ မိသားစုများကလည်းသက်ဆိုင်ရာ မဲရုံများသို့ သွားရောက်၍ စနစ်တကျ ဆန္ဒမဲပေးခြင်းများ ဆောင်ရွက်ကြသည်။
ထိုသို့ ဆန္ဒမဲလာရောက်ပေးကြသည့် မဲဆန္ဒရှင်ပြည်သူများ လွတ်လပ်အေးချမ်းစွာနှင့် အဆင်ပြေချောမွေ့စွာ ဆန္ဒမဲပေးနိုင်ရေးအတွက် လိုအပ်သည့်ယာဉ်များ၊ ကျန်းမာရေး ကဏ္ဍအတွက် ဆေးအဖွဲ့များနှင့် လုံခြုံရေးပိုင်းဆိုင်ရာများကို မဲရုံများ၌ ကြိုတင်ပြင်ဆင်ထားရှိကြောင်း သိရသည်။
ထို့ပြင် ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း) ဝင်းအတွင်းရှိ မဲရုံများတွင်လည်း နံနက် ၆ နာရီမှ မဲရုံစတင်ဖွင့်လှစ်သည်နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ ရုံး/ဌာနများအသီးသီးမှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များက သက်ဆိုင်ရာမဲရုံများသို့ သွားရောက်၍ စနစ်တကျဆန္ဒမဲပေးခြင်းများ ဆောင်ရွက်ကြသည်။
မဲပေးမှုပြီးဆုံးချိန်တွင် မဲရုံမှူးများနှင့် အဖွဲ့ဝင်များသည် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ ရွေးကောက်ပွဲစောင့်ကြည့် လေ့လာသူများ ရှေ့မှောက်၌ မဲပေးစက် (Control Unit)မှ ရလဒ်များကိုထုတ်ယူကာ စနစ်တကျ ရေတွက်ခြင်းနှင့် ကြိုတင်မဲများကို စနစ်တကျရေတွက်ခြင်း လုပ်ငန်းများ ဆောင်ရွက်ကြသည်။
ထိုသို့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး ကျင်းပမှုနဲ့ပတ်သက်၍ မဲရုံ အသီးသီးတွင် လာရောက်မဲပေးကြသည့် မဲဆန္ဒရှင်ပြည်သူများ၏ရင်တွင်း စကားသံများကိုလည်းအခုလို ကြားသိရပါတယ် -
မဲဆန္ဒရှင်တစ်ဦး မှော်ဘီမြို့နယ်
ကျွန်မတို့နိုင်ငံ ဒီထက်ပိုမို ကောင်းမွန်လာမယ်လို့ မျှော်လင့်ပါတယ်။ အခုလိုမျိုး လာရောက်ပြီးတော့ မဲပေးရတဲ့အတွက် ဝမ်းသာပီတိဖြစ်မိပါတယ်။ အခုလိုပေးချင်လို့လည်း အချိန်ပေးပြီးတော့ လာရောက်မဲပေးတာ ဖြစ်ပါတယ်။ ဒီမိုကရေစီလမ်းကြောင်းပေါ် ကျွန်မတို့ လျှောက်လှမ်းနေတဲ့ အပေါ်မှာလည်း ကောင်းမွန်တဲ့ လမ်းကြောင်းတစ်ခုလို့ မြင်ပါတယ်။ ဒီ MEVM မဲပေးစက်နဲ့ မဲပေးရတဲ့အတွက် အချိန်ကုန် သက်သာတယ်။ မြန်မြန်ဆန်ဆန် ဖြစ်တယ်။ စာရေးဖို့အဆင်မပြေတဲ့ သူတွေအတွက်လည်း အဆင်ပြေပါတယ်။ ပြီးတော့ ရလဒ်လည်း မြန်မြန်ဆန်ဆန်နဲ့ တိတိကျကျ ထွက်တာပေါ့။
မဲဆန္ဒရှင်တစ်ဦး တောင်ကြီးမြို့နယ်
မဲလာပေးရတာ အဆင်ပြေမှုရှိပါတယ်။ အရင်တုန်းကတော့ စာရွက်ပေါ်မှာ အမှန်ခြစ်ခြစ်တဲ့အတွက် တချို့အမှန်ခြစ်ကို မခြစ်တတ်တဲ့သူတွေရှိတော့ ပယ်မဲတွေလည်း များပါတယ်။ အခုကျတော့ ကိုယ်ကြိုက်တဲ့ပါတီကို စက်ခလုတ် နှိပ်ရတဲ့အတွက် အဆင်ပြေမှုအများကြီးရှိပါတယ်။
မဲဆန္ဒရှင်တစ်ဦး တောင်ကြီးမြို့နယ်
အခုလိုမျိုး လွတ်လွတ်လပ်လပ်နဲ့ မဲပေးရတဲ့အတွက် ဝမ်းသာပါတယ်။ ပြီးတော့ ပြည်သူလူထုက ဝိုင်းပြီး တင်မြှောက်တဲ့အစိုးရတစ်ရပ်ပေါ်လာမယ်ဆိုတော့ ဝမ်းသာပါတယ်။
မဲဆန္ဒရှင်တစ်ဦး တောင်ကြီးမြို့နယ်
ကျွန်မတို့က အခုမှစပြီးတော့ မဲပေးရတဲ့အတွက် နည်းနည်းတော့ စိတ်လှုပ်ရှားမှုတော့ ဖြစ်မိပါတယ်။ ဒါပေမဲ့ လုံလုံခြုံခြုံနဲ့ ကိုယ်ကြိုက်တဲ့ ကိုယ်စားလှယ် လောင်းကို မဲပေးရတဲ့အတွက်တော့ စိတ်ထဲမှာ ကျေနပ်အားရ ဝမ်းသာပီတိ ဖြစ်မိပါတယ်။
မဲပေးရတာ အရင်ကထက်စာရင် ပိုပြီးတော့အဆင်ပြေပါတယ်။ ပြီးတော့ အလွန်လည်း လွယ်လွယ်ကူကူလျင်လျင်မြန်မြန် မဲပေးလို့ရတဲ့အတွက်အကြာကြီး တန်းစီစရာလည်း မလိုတော့ဘူး။ အခက်အခဲမရှိပါဘူး။ ယုံကြည်မှုကတော့ရှိပါတယ်။ အရင်ကထက်ပိုပြီးတော့ လုံခြုံမှုလည်းရှိတယ်။ နိုင်ငံသား တစ်ယောက်အနေနဲ့ ဒီလိုမဲပေးခွင့် ရတဲ့အတွက်လည်း အလွန်ပျော်ပါတယ်။
ယနေ့တွင် ကျင်းပသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ၏ လွတ်လပ်စွာဆန္ဒမဲပေးနေမှုများကို ပြည်တွင်း၊ ပြည်ပမှ သတင်းမီဒီယာများနှင့် ရွေးကောက်ပွဲ လာရောက်စောင့်ကြည့်လေ့လာကြသည့် နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့် လေ့လာသူများကလည်း မဲဆန္ဒရှင်ပြည်သူများ၏ မဲပေးနေမှုများကို လာရောက် လေ့လာစောင့်ကြည့်၍ သတင်းရယူလျက်ရှိသည်။
သတင်းစဉ်
Newspaper
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၁ ရက် ၊ ဒီဇင်ဘာ ၂၉ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ December 29, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၀ ရက် ၊ ဒီဇင်ဘာ ၂၈ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ December 28, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၉ ရက် ၊ ဒီဇင်ဘာ ၂၇ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ December 27, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
DownloadAnnouncement
ဧရာဝတီတိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲများကျင်းပခြင်းမပြုမည့် နယ်မြေများစာရင်း ထုတ်ပြန်ကြေညာ
Ministry of Information / Posted on December 28, 2025
ဧရာဝတီတိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲများကျင်းပခြင်းမပြုမည့် နယ်မြေများစာရင်း ထုတ်ပြန်ကြေညာ
ဧရာဝတီတိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲများကျင်းပခြင်းမပြုမည့် နယ်မြေများစာရင်း ထုတ်ပြန်ကြေညာ
Ministry of Information / Posted on December 28, 2025
ဧရာဝတီတိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲများကျင်းပခြင်းမပြုမည့် နယ်မြေများစာရင်း ထုတ်ပြန်ကြေညာ
ရှမ်းပြည်နယ်အတွင်း ရွေးကောက်ပွဲများကျင်းပခြင်းမပြုမည့် နယ်မြေများစာရင်း ထုတ်ပြန်ကြေညာ
Ministry of Information / Posted on December 28, 2025
ရှမ်းပြည်နယ်အတွင်း ရွေးကောက်ပွဲများကျင်းပခြင်းမပြုမည့် နယ်မြေများစာရင်း ထုတ်ပြန်ကြေညာ
