၂၀၂၆ ခုနှစ် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများနှင့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲများ အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ
၂၀၂၆ ခုနှစ် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများနှင့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲများ အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ
Ministry of Information/ Naypyitaw / November 07, 2025
နေပြည်တော် နိုဝင်ဘာ ၆
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနက ဦးဆောင်သည့် ၂၀၂၆ ခုနှစ် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများနှင့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ လူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲများ စည်ကားသိုက်မြိုက်စွာဖြင့် အောင်မြင်စွာကျင်းပ နိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော် ရုံးအမှတ်(၃၁)ရှိ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ပြည်ထောင်စုအဆင့် ဗဟိုအဖွဲ့အစည်းများနှင့် ပြည်ထောင်စု ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းက ၂၀၂၆ ခုနှစ် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများနှင့် ပျော်ပွဲရွှင်ပွဲများကျင်းပသွားရန် မှာကြားခဲ့ကြောင်း၊ ပြည်ထောင်စုအဆင့် ဗဟိုအဖွဲ့အစည်းနှင့် ပြည်ထောင်စုဝန်ကြီးများက ဦးဆောင်၍ နေပြည်တော်ရှိ အခြေခံပညာ ကျောင်း ၁၀ ကျောင်းတွင် သက်ဆိုင်ရာဝန်ကြီးဌာနများ၏ အကူအညီဖြင့် အားကစားပြိုင်ပွဲနှင့် ပျော်ပွဲရွှင်ပွဲများအဖြစ် ခေါင်းအုံးရိုက်၊ သံပုံးရိုက်၊ ဂုန်နီအိတ်စွပ်ပြေး၊ ခြေပူးပြေးစသည့်ပြိုင်ပွဲများ ကျင်းပပေး သွားစေလိုကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ဝန်ကြီးဌာနပေါင်းစုံ လွန်ဆွဲ(ကျား/မ)၊ ထုပ်ဆီးတိုး၊ အပြေး မီတာ(၁၀၀၊ ၂၀၀၊ ၄၀၀၊ ၈၀၀)ပြိုင်ပွဲများကို ကျင်းပသွားမည် ဖြစ်ပါကြောင်း။
၂၀၂၅ ခုနှစ် ဒီဇင်ဘာလကို လူထုအားကစားလအဖြစ် သတ်မှတ်ပြီး တစ်နိုင်ငံလုံး လူထုလှုပ်ရှားမှုအသွင်ဖြင့် လူထုစုပေါင်းလမ်းလျှောက်ပွဲများကို ဆောင်ရွက်လျက်ရှိရာ လမ်းလျှောက်ပွဲများအပြီးတွင် စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းများကို ပျော်ပျော်ပါးပါး စုပေါင်းပါဝင်ဆင်နွှဲ၍ ပျော်ပွဲရွှင်ပွဲအားကစားပြိုင်ပွဲများကို ဆက်လက်ကျင်းပ ပေးလျက် ရှိကြောင်း၊ လူထုအားကစားလှုပ်ရှားမှုများကို အမျိုးသားရေးတာဝန် တစ်ရပ်အနေဖြင့် ပူးပေါင်းဆောင်ရွက်ပေးသွားရန် တိုက်တွန်းပြောကြားလို ကြောင်း၊ ပါဝင်ဆင်နွှဲမည့် ဝန်ကြီးဌာနအသီးသီးကိုလည်း ယခင်နှစ်များကဲ့သို့ T-Shirt များ ဖြန့်ဝေပေးရန် စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်၍ ဝန်ကြီးဌာနများအလိုက် လူထုလမ်းလျှောက်ပွဲသို့ အင်ပြည့်အားပြည့် ပူးပေါင်းပါဝင်ဆင်နွှဲပေးစေလိုကြောင်း ပြောကြားသည်။
ထို့နောက် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးက (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပြိုင်ပွဲကျင်းပရေးဆပ်ကော်မတီ၏ လုပ်ငန်းတာဝန်များ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၏ ပြည်ထောင်စုဝန်ကြီးဌာနများ စုဖွဲ့၍ တာဝန်ခွဲဝေဆောင်ရွက်မှုများ၊ တိုင်းဒေသကြီး/ပြည်နယ်များနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း အားကစားပြိုင်ပွဲများနှင့် ပျော်ပွဲရွှင်ပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိမှုများ၊ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ စုပေါင်းလမ်းလျှောက်ပွဲ စီစဉ်ဆောင်ရွက် ထားရှိမှုနှင့် ကျင်းပမည့်နေ့ရက်များ၊ လမ်းကြောင်းများ၊ ယာဉ်ဝင်/ထွက်ကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြသည်။
ယင်းနောက် အစည်းအဝေးတက်ရောက်လာကြသည့် ပြည်ထောင်စုအဆင့် ဗဟိုအဖွဲ့အစည်းများနှင့် ဝန်ကြီးဌာနကိုယ်စားလှယ်များက ၂၀၂၆ ခုနှစ် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများနှင့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ လူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲနှင့်ပတ်သက်၍ သက်ဆိုင်ရာကဏ္ဍများအလိုက် ဆွေးနွေးတင်ပြကြပြီး ဒုတိယဝန်ကြီးက လိုအပ်သည်များမှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော ဝဏ္ဏသိဒ္ဓိဘောလုံးကွင်းအတွင်း ပြန်လည်ပြုပြင်ပြီးစီးမှု၊ ဘောလုံးကွင်း Synthetic ပြေးလမ်း ပြုပြင်နေမှု၊ ဝဏ္ဏသိဒ္ဓိအားကစားရုံ(A) ကွန်ကရစ်ကြမ်းခင်းနှင့် VIP ဧည့်ခန်းမ ပြန်လည်ပြုပြင်နေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားကာ ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)တွင် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ပိုက်ကျော်ခြင်းအားကစားနည်းမှ အားကစားသမားများ၏ အမျိုးသား/အမျိုးသမီးပိုက်ကျော်ခြင်းနှစ်ယောက်တွဲ၊ သုံးယောက်တွဲ၊ လေးယောက်တွဲ အသင်းလိုက် လေ့ကျင့်နေမှုများ၊ ကွင်းသွင်းခြင်းခတ် အားကစားသမားများ၏ လေ့ကျင့်နေမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၃ ရက်၊ နိုဝင်ဘာ ၇ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ November 07, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၂ ရက်၊ နိုဝင်ဘာ ၆ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ November 06, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက်၊ နိုဝင်ဘာ ၅ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ November 05, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
DownloadAnnouncement
ဒုတိယဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း
Ministry of Information / Posted on November 06, 2025
တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း
Ministry of Transport and Communications / Posted on November 06, 2025
တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း
ကြော်ငြာစာအမှတ် (၂/၂၀၂၅)ပါ နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်စီမံရေးရာဦးစီးဌာန၊ ဌာနစုမှူး(၂)/ တတိယအတွင်းဝန် (အမျိုးသား/အမျိုးသမီး) ရာထူး (၃၀) နေရာအတွက် စိတ်အခြေအနေနှင့် လူတွေ့စစ်ဆေးမှုခံယူမည့်သူများသတင်းပို့ရန်အတွက် အကြောင်းကြားစာနှင့် ရေးသွင်းရမည့်ပုံစံများကြေညာခြင်း
Union Civil Service Board / Posted on November 01, 2025
ကြော်ငြာစာအမှတ် (၂/၂၀၂၅)ပါ နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်စီမံရေးရာဦးစီးဌာန၊ ဌာနစုမှူး(၂)/ တတိယအတွင်းဝန် (အမျိုးသား/အမျိုးသမီး) ရာထူး (၃၀) နေရာအတွက် စိတ်အခြေအနေနှင့် လူတွေ့စစ်ဆေးမှုခံယူမည့်သူများသတင်းပို့ရန်အတွက် အကြောင်းကြားစာနှင့် ရေးသွင်းရမည့်ပုံစံများကြေညာခြင်း
