ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်မည့် ချင်းပြည်နယ်၊ တွန်းဇံမြို့သို့ လုပ်ငန်းသုံးပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများရောက်ရှိ
ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်မည့် ချင်းပြည်နယ်၊ တွန်းဇံမြို့သို့ လုပ်ငန်းသုံးပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများရောက်ရှိ
Ministry of Information/ Naypyitaw / May 29, 2026
နေပြည်တော် မေ ၂၉
တပ်မတော်အနေဖြင့် အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် ချင်းပြည်နယ်အတွင်းရှိ ဖလမ်းမြို့၊ တီးတိန်မြို့၊ တွန်းဇံမြို့နှင့် ဒေသတစ်ဝိုက်တို့အား အပြည့်အဝပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး ဒေသပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် အုပ်ချုပ်မှုယန္တရားများ ပြန်လည်လည်ပတ်၍ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝများ တိုးတက်စေရေးအတွက် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ရန် နိုင်ငံတော်အစိုးရက ထောက်ပံ့ပေးအပ်သည့် လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်များနှင့် ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများကို အဆိုပါမြို့များအရောက် ပို့ဆောင်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ အကြမ်းဖက်သမားများဖျက်ဆီးခဲ့မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရသည့် ဆေးရုံများ၊ စာသင်ကျောင်းများ၊ အစိုရရုံးဌာနများနှင့် သာသာရေးဆိုင်ရာ အဆောက်အအုံများ၊ လမ်းတံတားများအား အမြန်ဆုံးပြန်လည်ပြုပြင် တည်ဆောက်ခြင်းလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် လိုအပ်သည့် ဘိလပ်မြေ၊ သွပ်၊ သွပ်ရိုက်သံ အစရှိသည့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများနှင့် ဒေသခံပြည်သူများအတွက် လူသုံးကုန်ပစ္စည်းများ၊ မီးဖိုချောင်သုံးပစ္စည်းများနှင့် ကျန်းမာရေးသုံးပစ္စည်းများ တင်ဆောင်လာသည့် မော်တော်ယာဉ်သည် ယနေ့တွင် ချင်းပြည်နယ်၊ တီးတိန်မြို့မှတစ်ဆင့် တွန်းဇံမြို့သို့ ရောက်ရှိကြောင်း သိရှိရသည်။
အဆိုပါ နိုင်ငံတော်အစိုးရမှ ထောက်ပံ့ပေးအပ်သည့် လူသုံးကုန်ပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ စားသောက်ကုန်များကို မေ ၂၅ ရက်တွင် နေပြည်တော်နှင့် မန္တလေးမြို့တို့မှ တပ်မတော်လေယာဉ်များဖြင့် ကလေးမြို့သို့ လည်းကောင်း၊ မေလ ၂၆ ရက်နေ့တွင် ကလေးမြို့မှတစ်ဆင့် မော်တော်ယာဉ်များဖြင့် ဖလမ်းမြို့သို့ လည်းကောင်း၊ မေလ ၂၇ ရက်တွင် ကလေးမြို့မှတစ်ဆင့် မော်တော်ယာဉ်များဖြင့် တီးတိန်မြို့သို့ လည်းကောင်း၊ ယနေ့ မေ ၂၉ ရက်တွင် တီးတိန်မြို့မှ တွန်းဇံမြို့သို့လည်းကောင်း အသီးသီးပို့ဆောင်ရောက်ရှိခဲ့ကြောင်း သိရှိရသည်။
အဆိုပါ မော်တော်ယာဉ်များဖြင့် ရောက်ရှိလာသည့် ကုန်ပစ္စည်းများအား သက်ဆိုင်ရာတာဝန်ရှိသူများက လက်ခံရယူခဲ့ကြပြီး ဒေသခံပြည်သူများ၏ လက်ဝယ်အရောက် ဆက်လက်ဖြန့်ဝေပေးအပ်ခဲ့ကြောင်းနှင့် နိုင်ငံတော်အစိုးရအနေဖြင့် ဒေသ၏လိုအပ်ချက်အပေါ်မူတည်၍ ဖြည့်ဆည်းပေးနိုင်ရေး စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
Newspaper
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၄ ရက် ၊ မေ ၂၉ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 28, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၃ ရက် ၊ မေ ၂၈ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 27, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၂ ရက် ၊ မေ ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ May 27, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
DownloadAnnouncement
ယာဉ်အို/ယာဉ်ဟောင်းများ ပယ်ဖျက်ရေး နှင့် အစားထိုး လျှပ်စစ်သုံးယာဉ်များ တင်သွင်းရေး အသိပေး ကြေညာချက်
Ministry of Information / Posted on May 29, 2026
ယာဉ်အို/ယာဉ်ဟောင်းများ ပယ်ဖျက်ရေး နှင့် အစားထိုး လျှပ်စစ်သုံးယာဉ်များ တင်သွင်းရေး အသိပေး ကြေညာချက်
တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် တစ်ဦးအစားထိုးပြောင်းလဲ
Ministry of Information / Posted on May 27, 2026
တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် တစ်ဦးအစားထိုးပြောင်းလဲ
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ”ကို Website နှင့် Mobile Application တို့တွင် လေ့လာဖတ်ရှုနိုင်ပြီ
Ministry of Transport and Communications / Posted on January 31, 2025
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ”ကို Website နှင့် Mobile Application တို့တွင် လေ့လာဖတ်ရှုနိုင်ပြီ

