ကော့မှူးမြို့နယ် ကွင်းဝိုင်းကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းရန်ပုံငွေ ဒသမအကြိမ်မြောက် ထုတ်ချေး
ကော့မှူးမြို့နယ် ကွင်းဝိုင်းကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းရန်ပုံငွေ ဒသမအကြိမ်မြောက် ထုတ်ချေး
Ministry of Cooperatives and Rural Development/ Naypyitaw / January 07, 2026
ကော့မှူးမြို့နယ် ကွင်းဝိုင်းကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းရန်ပုံငွေ ဒသမအကြိမ်မြောက် ထုတ်ချေး
*********************************
ကော့မှူး ဇန်နဝါရီ ၇
ဧရာဝတီတိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကွင်းဝိုင်းကျေးရွာ၌ ဒသမအကြိမ်မြောက် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ထုတ်ချေးခြင်းကို ယနေ့ နံနက်ပိုင်းက အဆိုပါကျေးရွာစုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကော့မှူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်သန္တာသိန်း က မြစိမ်းရောင်ကျေးရွာစီမံကိန်း လက်စွဲစာစောင်ပါ ညွှန်ကြားချက်များ၊ စီမံကိန်းဆောင်ရွက်ခြင်း ကြောင့်ရရှိလာမည့်အကျိုးကျေးဇူးများ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဥပဒေ၊ နည်းဥပဒေပါ အကြောင်းအရာများကို ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ ကော့မှူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုတက်ရေးဦးစီးဌာန စီမံကိန်းတာဝန်ခံဝန်ထမ်းက စီမံကိန်းအကြောင်းအရာများ၊ ချေးငွေထုတ်ချေးရာတွင် လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက် များကို ရှင်းလင်းပြောကြားပြီး ဦးစီးအရာရှိနှင့် စီမံကိန်းတာဝန်ခံ ဝန်ထမ်းများက မြစိမ်းရောင် ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များထံ ငွေကျပ် ၄၉ သန်း ကို လွှဲပြောင်းပေးအပ်သည်။
ထို့နောက် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်း အဖွဲ့ဝင်များက ကွင်းဝိုင်းကျေးရွာ၌ စိုက်ပျိုးရေး လုပ်ငန်း လုပ်ကိုင်သူ ၂၉ ဦးကို ငွေကျပ် ၂၁ ဒသမ ၁ သန်း၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ ၁၇ ဦးကို ငွေကျပ် ၆ ဒသမ သုည ၅ သန်း၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ ၆ ဦးကို ငွေကျပ် ၂ ဒသမ ၁ သန်း၊ ရေလုပ်ငန်း လုပ်ကိုင်သူ ၄၃ ဦးကို ငွေကျပ် ၁၉ ဒသမ ၇၅ သန်း၊ စုစုပေါင်းအသင်းသား၊ အသင်းသူ ၉၅ ဦးကို မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေကျပ် ၄၉ သန်း ထုတ်ချေးပေးခဲ့ကြောင်း ကော့မှူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
Newspaper
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၆ ရက် ၊ ဇန်နဝါရီ ၈ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ January 07, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၅ ရက် ၊ ဇန်နဝါရီ ၇ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၄ ရက် ၊ ဇန်နဝါရီ ၆ ရက်၊ အင်္ဂါနေ့။
Announcement
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အသိပေးနှိုးဆော်စာ
Ministry of Information / Posted on January 08, 2026
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၁) အား မြို့နယ် ၁၀၂ မြို့နယ်၌ ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ် အမိန့်ကြော်ငြာစာအမှတ် ၂ /၂၀၂၆ ထုတ်ပြန်
Ministry of Information / Posted on January 08, 2026
မြန်မာနိုင်ငံတော်ဗဟိုဘဏ် အမိန့်ကြော်ငြာစာအမှတ် ၂ /၂၀၂၆ ထုတ်ပြန်
တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများအမည်စာရင်း ကြေညာခြင်း
Ministry of Information / Posted on January 08, 2026
တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများအမည်စာရင်း ကြေညာခြင်း
