‎မြို့သစ်မြို့နယ် ငကျောင့်ကုန်းကျေးရွာ၌ မီးခိုးမြူငွေ့လေထုညစ်ညမ်းမှု လျော့နည်းစေရေး အသိပညာပေးဟောပြော

Ministry of Cooperatives and Rural Development/ Naypyitaw / February 04, 2026
image_latest

‎မြို့သစ်မြို့နယ် ငကျောင့်ကုန်းကျေးရွာ၌ မီးခိုးမြူငွေ့လေထုညစ်ညမ်းမှု လျော့နည်းစေရေး အသိပညာပေးဟောပြော

‎**********************************

‎မြို့သစ်     ဖေဖော်ဝါရီ       ၄   

‎‎မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ ဘေးကင်းလုံခြုံသော လူနေမှုပတ်ဝန်းကျင် ဖန်တီးပေးနိုင်ရန်အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့်ပူးပေါင်း၍ မီးခိုးမြူငွေ့ လေထုညစ်ညမ်းမှု လျော့နည်းစေရေး အသိပညာပေးဟောပြောပွဲကို ဖေဖော်ဝါရီ ၄ ရက်နေ့က လဲလူကျေးရွာအုပ်စု၊ ငကျောင့်ကုန်းကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။

‎‎ရှေးဦးစွာ မြို့သစ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သူဇာလွင်က မီးခိုးမြူငွေ့အန္တရာယ်အကြောင်း သိကောင်းစရာများ၊ မီးခိုးမြူငွေ့အန္တရာယ်ကြောင့် နောက်ဆက်တွဲ ဖြစ်ပွားလာနိုင်သည့် ပတ်ဝန်းကျင်ညစ်ညမ်းမှုများကို ကာကွယ်နိုင်ရန် လိုက်နာဆောင်ရွက်ရမည့် အချက်များကို ဆွေးနွေးဟောပြောသည်။

‎‎ဆက်လက်၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မိုးက ပတ်ဝန်းကျင်ညစ်ညမ်းမှုမ‌ဖြစ်ပေါ်စေရေးအတွက် အမှိုက်များကို အမျိုးအစားခွဲခြား၍ စနစ်တကျစွန့်ပစ် ခြင်း၊ ပတ်ဝန်းကျင်လေထုညစ်ညမ်းမှု၊ အိမ်တွင်းလေထုညစ်ညမ်းမှုများကြောင့် ဖြစ်ပေါ်လာနိုင်သည့် ကူးစက်ရောဂါအမျိုးမျိုး၊ ကြိုတင်ကာကွယ်ရေးနည်းလမ်းများနှင့် ဆောင်ရန်၊ ရှောင်ရန် အချက်များကို ဆွေးနွေးပြောကြားသည်။

‎‎ထို့နောက် ဝန်ထမ်းများက မီးခိုးမြူငွေ့ လေထုညစ်ညမ်းမှု လျော့နည်းစေရေးဆိုင်ရာ အသိပညာ ဗဟုသုတများ ရရှိစေရေးအတွက် လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

‎‎အဆိုပါဟောပြောပွဲသို့ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ငကျောင့်ကုန်းကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများနှင့် ကျေးရွာသူ/သားများ တက်ရောက်ခဲ့ကြောင်း မြို့သစ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

Newspaper

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၃ ရက် ၊ ဖေဖော်ဝါရီ ၄ ရက်၊ ဗုဒ္ဓဟူးနေ့။

Publisher: မြန်မာ့အလင်း/ February 04, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၂ ရက် ၊ ဖေဖော်ဝါရီ ၃ ရက်၊ အင်္ဂါနေ့။

Publisher: မြန်မာ့အလင်း/ February 03, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁ ရက် ၊ ဖေဖော်ဝါရီ ၂ ရက်၊ တနင်္လာနေ့။

Publisher: မြန်မာ့အလင်း/ February 02, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

Announcement

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုးလွှတ်တော်ကိုယ်စားလှယ်လောင်းများရရှိသည့် ဆန္ဒမဲစာရင်း

Ministry of Information / Posted on February 04, 2026

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုးလွှတ်တော်ကိုယ်စားလှယ်လောင်းများရရှိသည့် ဆန္ဒမဲစာရင်း

တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော်(အချိုးကျကိုယ်စားပြုစနစ်)၊ ဧရာဝတီတိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ် (၄) နိုင်ငံရေးပါတီများ၏ ကိုယ်စားလှယ်လောင်းရရှိမှုအခြေအနေ

Ministry of Information / Posted on February 04, 2026

တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော်(အချိုးကျကိုယ်စားပြုစနစ်)၊ ဧရာဝတီတိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ် (၄) နိုင်ငံရေးပါတီများ၏ ကိုယ်စားလှယ်လောင်းရရှိမှုအခြေအနေ

တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော်(အချိုးကျကိုယ်စားပြုစနစ်)၊ ဧရာဝတီတိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ်(၃) နိုင်ငံရေးပါတီများ၏ ကိုယ်စားလှယ်လောင်းရရှိမှုအခြေအနေ

Ministry of Information / Posted on February 04, 2026

တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော်(အချိုးကျကိုယ်စားပြုစနစ်)၊ ဧရာဝတီတိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ်(၃) နိုင်ငံရေးပါတီများ၏ ကိုယ်စားလှယ်လောင်းရရှိမှုအခြေအနေ

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023