အောင်လံမြို့နယ် စမ်းကလေး(ရွာမ)ကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းလုပ်ငန်းများဆောင်ရွက်နေမှု စစ်ဆေး
အောင်လံမြို့နယ် စမ်းကလေး(ရွာမ)ကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းလုပ်ငန်းများဆောင်ရွက်နေမှု စစ်ဆေး
Ministry of Cooperatives and Rural Development/ Naypyitaw / May 26, 2026
အောင်လံမြို့နယ် စမ်းကလေး(ရွာမ)ကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းလုပ်ငန်းများဆောင်ရွက်နေမှု စစ်ဆေး
************************************************************************
အောင်လံ မေ ၂၆
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊အောင်လံ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကစမ်းကလေး(ရွာမ)ကျေးရွာ၌ မြစိမ်းရောင် စီမံကိန်းဖြင့် တနိုင်တပိုင်
စီးပွားရေးလုပ်ငန်းများဆောင်ရွက်နေမှုကို တာဝန်ရှိသူများက ယနေ့ နံနက်ပိုင်းကကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် အောင်လံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမြို့နယ်ဦးစီးမှူး ဒေါ်ထားထားရီ နှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများသည် ကျေးရွာမြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များနှင့်အတူ စမ်းကလေး(ရွာမ)ကျေးရွာ၌မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် တနိုင်တပိုင် စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊အရောင်းအဝယ်လုပ်ငန်းနှင့် အသေးစား စက်မှုလက်မှုလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများ၊ စီမံကိန်းဆိုင်ရာ ငွေစာရင်းပုံစံများဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူးကစီမံကိန်းလုပ်ငန်းများ နှင့်ပတ်သက်၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်
အဆိုပါကျေးရွာ၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ရက် ၁၀၀ စီမံချက်ဖြင့် မြစိမ်းရောင်စီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ်သိန်း ၃၀၀ အား စိုက်ပျိုးရေးလုပ်ငန်း၊မွေးမြူရေးလုပ်ငန်း၊ အရောင်းအဝယ်လုပ်ငန်းနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်း လုပ်ကိုင်သူစီမံကိန်းအသင်းဝင် ၈၂ ဦးကို အတိုးနှုန်း သက်သာစွာဖြင့် ထုတ်ချေးပေးထားကြောင်းအောင်လံမြို့နယ် ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
Newspaper
၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၁ ရက် ၊ ဇွန် ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ June 10, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၀ ရက် ၊ ဇွန် ၉ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ June 09, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၉ ရက် ၊ ဇွန် ၈ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ June 08, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
DownloadAnnouncement
ပုံနှိပ်ခြင်း လုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း (သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီ လုပ်ငန်း ခွင့်ပြုထားရှိမှု နှင့် ထုတ်ဝေမှုအခြေအနေ (၃၁-၅-၂၀၂၆)
Ministry of Information / Posted on June 08, 2026
ပုံနှိပ်ခြင်း လုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း (သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီ လုပ်ငန်း ခွင့်ပြုထားရှိမှု နှင့် ထုတ်ဝေမှုအခြေအနေ (၃၁-၅-၂၀၂၆)
အဂတိလိုက်စားမှု ကင်းရှင်းစေရေး " 1111 "ကို ဖြေကြားပေးရန် ပြည်သူသို့ အသိပေးနှိုးဆော်ခြင်း
Ministry of Ethnic Affairs / Posted on June 08, 2026
အဂတိလိုက်စားမှု ကင်းရှင်းစေရေး " 1111 "ကို ဖြေကြားပေးရန် ပြည်သူသို့ အသိပေးနှိုးဆော်ခြင်း
ချင်းပြည်နယ် တရားလွှတ်တော် တရားသူကြီး ခန့်အပ် တာဝန်ပေးခြင်း
Ministry of Information / Posted on June 04, 2026
ချင်းပြည်နယ် တရားလွှတ်တော် တရားသူကြီး ခန့်အပ်တာဝန် ပေးခြင်း

