“ငလျင်ဘေးအလွန် မြန်မာ့စီးပွားရေး ပြန်လည်ကုစားခြင်းနှင့် ပြန်လည်ထူထောင်ခြင်း” သုံးသပ်ဆွေးနွေးပွဲ ဆက်လက်ကျင်းပ


Ministry of Information/ Naypyitaw / June 01, 2025
image_latest


နေပြည်တော် မေ ၃၁

“ငလျင်ဘေးအလွန် မြန်မာ့စီးပွားရေးပြန်လည်ကုစားခြင်းနှင့် ပြန်လည်ထူထောင်ခြင်း” သုံးသပ်ဆွေးနွေးပွဲကို ယနေ့တွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ဆက်လက်ကျင်းပသည်။

ရှေးဦးစွာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက နိုင်ငံတော်အကြီးအကဲအနေဖြင့် နိုင်ငံ့အကျိုးအတွက် အားလုံးဝိုင်းဝန်း ဆွေးနွေးပေးကြသည့် ယခုဆွေးနွေးပွဲ ရလဒ်များကို အလေးထားပါကြောင်း၊ ဆွေးနွေးပွဲတွင် ဝိုင်းဝန်းဆွေးနွေးကြ သည့် ဆွေးနွေးချက်များသည် ကျေနပ်အားရဖွယ်ကောင်းပြီး စီးပွားရေးကဏ္ဍအတွက်သာမက နိုင်ငံရေးအတွက်ပါ အကျိုးရှိစေနိုင်သည့် ဆွေးနွေးမှုများ ဖြစ်ခဲ့ပါကြောင်း၊ စီးပွားရေးနှင့် နိုင်ငံ‌ရေးသည် ချိတ်ဆက်လျက်ရှိပြီး အပြန်အလှန်အမှီသဟဲပြုနေသည့်အတွက် မိမိတို့နိုင်ငံတွင် ဖြစ်ပေါ်နေသည့် နိုင်ငံရေးအခြေအနေကို မှန်မှန်ကန်ကန် စဉ်းစားသုံးသပ်ကာ နိုင်ငံ့အကျိုးစီးပွားအတွက် နိုင်ငံကြီးသား ပီသစွာ တွေးခေါ်ဆောင်ရွက်သွားကြမည်ဖြစ်ပါကြောင်း။

ဆွေးနွေးမှုများမှတစ်ဆင့် ရရှိလာသည့် ရလဒ်များကို နိုင်ငံတော်အကြီးအကဲထံတင်ပြ၍ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ယနေ့ဆွေးနွေးရာတွင် ဌာနဆိုင်ရာများအနေဖြင့် မူဝါဒကို တင်ပြခြင်းထက် နိုင်ငံအတွက်ဆောင်ရွက်သင့်သည်များကို ဦးစားပေး ဆွေးနွေးကြစေလိုပါကြောင်း၊ တက်ရောက်လာကြသူ အားလုံးကလည်း နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပွင့်ပွင့်လင်းလင်း ဝိုင်းဝန်းအဖြေရှာ ဆွေးနွေးပေးကြစေလိုပါကြောင်း ပြောကြားသည်။

ထို့နောက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက ယမန်နေ့ ဆွေးနွေးချက်များကိုစုစည်းပြီး ယနေ့ ဆက်လက်ဆွေးနွေးရာတွင် ကောင်းမွန်သည့် ရလဒ်များ ထွက်ပေါ်လာမည်ဟု ယုံကြည်ပါကြောင်း၊ ယနေ့ဆွေးနွေးရာတွင် ငလျင်အပြီး ဖြစ်ပေါ်လာမည့် ပြည်တွင်းပြည်ပ စီးပွားရေးဈေးကွက်နှင့် ကုန်သွယ်မှုကို နိုင်ငံ၏ ပထဝီနိုင်ငံရေး၊ ပထဝီစီးပွားရေး အခင်းအကျင်းများဖြင့် ချိန်ထိုးပြီး လက်တွေ့ကျသည့် အဖြေရှာဆွေးနွေးမှုများ ဖြစ်စေ လိုပါကြောင်း၊ ပို့ကုန်နှစ်ဆတိုးမြှင့် ဆောင်ရွက်နိုင်ရေးအတွက် အစိုးရ-ပုဂ္ဂလိက ပူးပေါင်း၍ လယ်ယာသားငါး၊ စက်မှုနှင့်ခရီးသွားကဏ္ဍများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ပြင် မိမိတို့ဝန်ကြီးဌာနအနေဖြင့် အမျိုးသား ပို့ကုန်မဟာဗျူဟာ (၂၀၂၆-၂၀၃၀)ကို ရေးဆွဲလျက်ရှိပါကြောင်း၊ မိမိတို့ဆောင်ရွက်မှုများကို နိုင်ငံ၏မူဝါဒနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ဆွေးနွေးအဖြေရှာစေလိုပါကြောင်း၊ ဆွေးနွေးပွဲမှရရှိလာသည့် ကောင်းမွန်သည့် အကြံပြုချက်များကို မိမိတို့ဝန်ကြီးဌာနအနေဖြင့် ပူးပေါင်းအကောင်အထည်ဖော်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် ပထမနေ့ဆွေးနွေးပွဲမှ ရရှိလာသည့် ဆွေးနွေးချက်များအပေါ် မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့မှ ဒါရိုက်တာ ဒေါက်တာဇော်ဦးက အနှစ်ချုပ် သုံးသပ်ဆွေးနွေးရာတွင် ငလျင်ဘေးသင့်ဒေသများ၊ ကုန် ထုတ်လုပ်မှုကဏ္ဍနှင့် အခြေခံအဆောက်အအုံ ဟူသည့် ကဏ္ဍသုံးရပ် အပေါ် အခြေခံ၍ ဆောင်ရွက်သွားရမည့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်း စဉ်များ၊ ငွေရေးကြေးရေး၊ ကုန်သွယ်ရေး၊ အလုပ်အကိုင်၊ လုပ်သား၊ အာမခံစနစ်၊ ရင်းနှီးမြှုပ်နှံမှု၊ ပညာရေး၊ ကျန်းမာရေးစသည်တို့ အပါအဝင် ကဏ္ဍပေါင်းစုံလွှမ်းခြုံလျက်ရှိသော ဝန်ဆောင်မှုနှင့်လူမှုရေး စနစ်ဆောင်ရွက်ရေး၊ ထိုသို့ဆောင်ရွက်ရာတွင် ထိရောက်မှုရှိစေရေးအတွက် မူဘောင်ချမှတ်၍ ဆောင်ရွက်သွားမည့် အခြေအနေ။

မူဘောင်များကို လူမှုကာကွယ်ရေးအပါအဝင် လူသားချင်းစာနာ ထောက်ထားမှုအကူအညီများ၊ အခြေခံအ‌ဆောက်အအုံ ပြန်လည်တည်ဆောက်ရေး၊ စီးပွားရေးပြန်လည်ရှင်သန်ခြင်း၊ ပြုပြင်ပြောင်းလဲရေး၊ ကြံ့ကြံ့ခံနိုင်စွမ်းရှိရေး၊ အားလုံးလွှမ်းခြုံမှု ရှိစေရေးတို့ကို အခြေခံထား ဆောင်ရွက်ရေး၊ ထိုသို့ဆောင်ရွက်ရာတွင် ယမန်နေ့ဆွေးနွေးမှုများမှ ရရှိလာသည့် အခြေခံမူများ၊ ချဉ်းကပ်မှုပုံစံများနှင့် လုပ်ငန်းစဉ်များ၊ နိုင်ငံတကာစံနှုန်းများ၊ ဦးစားပေးသတ်မှတ်ချက်နှင့် ရေတိုဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ ရလဒ်ဗဟိုပြုအကောင်အထည်ဖော်ရေးတို့နှင့် စပ်လျဉ်း၍ အသေးစိတ် စုစည်းရှင်းလင်းတင်ပြသည်။

ဆက်လက်၍ စကားဝိုင်းဆွေးနွေးခြင်း အစီအစဉ်ကိုကျင်းပရာ သဘာပတိအဖြစ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်းနှင့် မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့မှ ဒါရိုက်တာဒေါက်တာ ဇော်ဦးတို့ကပူးတွဲဆောင်ရွက်ပြီး တက်ရောက်လာကြသူများက လက်တွေ့ဆောင်ရွက်သွားမည့် ပူးတွဲဆန်းစစ်မှုဆိုင်ရာ လုပ်ငန်းများ၊ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းများ၊ ထင်သာမြင်သာရှိမည့် ရှေးဦးရလဒ်များ၊ ပြန်လည်ထူထောင်ရေး ညီလာခံ၊ ပြန်လည်ထူထောင်ရေး အစီအစဉ်များကို အသေးစိတ်ဝိုင်းဝန်းဆွေးနွေးကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။

သတင်းစဉ်

Newspaper

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၇ ရက်၊ ဇွန် ၂ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ June 02, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၆ ရက်၊ ဇွန် ၁ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ June 01, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၅ ရက်၊ မေ ၃၁ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 31, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

Announcement

အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း

Ministry of Ethnic Affairs / Posted on June 02, 2025

အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း

ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၁၈/၂၀၂၅)

Union Civil Service Board / Posted on May 30, 2025

ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၁၈/၂၀၂၅)

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023