(၁၃) ကြိမ်မြောက် အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်မည့် မသန်စွမ်းအားကစားအဖွဲ့များ လေ့ကျင့်ပြင်ဆင်
(၁၃) ကြိမ်မြောက် အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်မည့် မသန်စွမ်းအားကစားအဖွဲ့များ လေ့ကျင့်ပြင်ဆင်
Ministry of Information/ Naypyitaw / January 15, 2026
ရန်ကုန် ဇန်နဝါရီ ၁၄
မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီး သွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့်အတူ ယမန်နေ့ညနေပိုင်းတွင် ဒဂုံမြို့သစ်မြောက်ပိုင်းရှိ မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ်သို့သွားရောက်၍ (၁၃)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မသန်စွမ်းအားကစားအဖွဲ့များ၏ လေ့ကျင့်နေမှုများကို လိုက်လံကြည့်ရှုအားပေးသည်။
ကြည့်ရှုအားပေး
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် (၁၃) ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် အားကစားနည်းအလိုက် လေ့ကျင့်နေမှုကိုကြည့်ရှုအားပေးပြီး မိမိတို့ မျှော်မှန်းထားသည့်အတိုင်း ရွှေတံဆိပ်ဆုများရရှိအောင် အစွမ်းကုန်ကြိုးစားသွားကြစေလိုကြောင်း၊ ပြိုင်ပွဲယှဉ်ပြိုင်ရာ၌ နောက်ဆုံးအချိန်အထိ မလျှော့သောဇွဲ၊ စိတ်ဓာတ်ဖြင့်ကြိုးစားသွားစေလိုကြောင်း၊ မသန်ပေမယ့်စွမ်းဆောင်နိုင်သူများဖြစ်ပြီး နိုင်ငံ့ဂုဏ်ကိုအားကစားဖြင့် စွမ်းဆောင်နိုင်သူများ ဖြစ်အောင် အစွမ်းကုန်ကြိုးစားသွားရန် တိုက်တွန်းမှာကြားသည်။
ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) စားရိပ်သာသို့ရောက်ရှိကာ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) ကျောင်းသား ကျောင်းသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ပြီး အတူတကွ နေ့လယ်စာစားသုံးသည်။
ယင်းနောက် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ရှိ ပြည်ထောင်စုခန်းမ၌ အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)မှအရာထမ်း၊ အမှုထမ်းများ၊ အားကစားနှင့် ပညာရေးပေါင်းစပ်အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး၊ ဆရာ ဆရာမများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားကစားကဏ္ဍ၊ ပညာရေးကဏ္ဍများနှင့်ပတ်သက်ပြီး အားကစားသမားများ၏ လေ့ကျင့်နေမှုများနှင့် အောင်မြင်မှုများရရှိစေရေး၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားစေရေး ပူးပေါင်းဆောင်ရွက်ပေးသွားရန် တိုက်တွန်းမှာကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ဌာနခွဲအလိုက် ဝန်ထမ်းများက သက်ဆိုင်ရာကဏ္ဍများအလိုက် လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေနှင့် လိုအပ်ချက်များကို တင်ပြဆွေးနွေးရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပြန်လည်ရှင်းလင်းဖြေကြား၍ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြောကြားကာ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၃ ရက် ၊ ဇန်နဝါရီ ၁၅ ရက်၊ ကြာသပတေးနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၂ ရက် ၊ ဇန်နဝါရီ ၁၄ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၁ ရက် ၊ ဇန်နဝါရီ ၁၃ ရက်၊ အင်္ဂါနေ့။
Announcement
စာမေးပွဲဖြေဆိုရန်အသိပေးကြော်ငြာခြင်း
Ministry of Cooperatives and Rural Development / Posted on January 15, 2026
ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းခေါ်ယူခြင်း
Ministry of Defense / Posted on January 15, 2026
အခွန်အယူခံခုံအဖွဲ့ရုံးတွင် (၂၃-၁-၂၀၂၆)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီမှစ၍ ခုံအဖွဲ့ရှေ့မှောက်၌ ကြားနာရန်ချိန်းဆိုထားသောအမှုများစာရင်း
Revenue Appellate Tribunal / Posted on January 14, 2026
အခွန်အယူခံခုံအဖွဲ့ရုံးတွင် (၂၃-၁-၂၀၂၆)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီမှစ၍ ခုံအဖွဲ့ရှေ့မှောက်၌ ကြားနာရန်ချိန်းဆိုထားသောအမှုများစာရင်း
