(၂၂) ကြိမ်မြောက် အာဆီယံဗဟိုဘဏ်ဥက္ကဋ္ဌများအစည်းအဝေး၊ (၁၃) ကြိမ်မြောက် အာဆီယံဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့တက်ရောက်
(၂၂) ကြိမ်မြောက် အာဆီယံဗဟိုဘဏ်ဥက္ကဋ္ဌများအစည်းအဝေး၊ (၁၃) ကြိမ်မြောက် အာဆီယံဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့တက်ရောက်
Ministry of Information/ Naypyitaw / April 12, 2026
နေပြည်တော်ဧပြီ ၁၁
(၂၂) ကြိမ်မြောက် အာဆီယံဗဟိုဘဏ်ဥက္ကဋ္ဌများ အစည်းအဝေး (22ndASEAN Central Bank Governors’ Meeting-ACGM)၊ (၁၃) ကြိမ်မြောက် အာဆီယံဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများအစည်းအဝေး (13th ASEAN Finance Ministers’ and Central Bank Governors’ Meeting-AFMGM) နှင့် ဆက်စပ်အစည်းအဝေးများကို ဧပြီ ၉ ရက်နှင့် ၁၀ ရက်တို့တွင် ဖိလစ်ပိုင်နိုင်ငံမှ အိမ်ရှင်အဖြစ်ကြီးမှူး၍ Fully Virtual စနစ်ဖြင့်ကျင်းပရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဒေါက်တာစန္ဒာဦး ခေါင်းဆောင်သည့်ကိုယ်စားလှယ်အဖွဲ့ Video Conferencing ဖြင့် တက်ရောက်သည်။
ဧပြီ ၉ ရက်တွင် ဆက်စပ်အစည်းအဝေးအဖြစ်ကျင်းပသည့် အာဆီယံဗဟိုဘဏ်ဥက္ကဋ္ဌများနှင့် ငွေရေးကြေးရေးအဖွဲ့အစည်းများ၏အမှုဆောင် အရာရှိချုပ်များအစည်းအဝေးတွင်အာဆီယံ ဘဏ်များအသင်းက အာဆီယံအခြေပြု Artificial Intelligence ဆိုင်ရာ စီမံခန့်ခွဲမှုနည်းလမ်းများနှင့် အာဆီယံဒေသတွင်း လိမ်လည်လှည့်ဖြားမှုများဆိုင်ရာ စီမံခန့်ခွဲမှုနည်းလမ်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြမှုများအပေါ် အာဆီယံဘဏ္ဍာရေးနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများက အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ငွေရေးကြေးရေးကြံ့ခိုင်မှုရှိရေးဆိုင်ရာ အဆင့်မြင့်စကားဝိုင်းဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ ငွေရေးကြေးရေးကြံ့ခိုင်မှုနှင့်စပ်လျဉ်း၍ ငွေရေးကြေးရေးတည်ငြိမ်ရေး ဆောင်ရွက်ချက်များ၏ အရေးပါမှုအခြေအနေများ၊ ထွန်းသစ်စနိုင်ငံများ၏ ဈေးကွက်စီးပွားရေးတွင် ပြည်တွင်းအပ်ငွေများနှင့်စပ်လျဉ်း၍ ဒစ်ဂျစ်တယ်ငွေကြေးများ၏ အခန်းကဏ္ဍဆိုင်ရာကိစ္စရပ်များ၊ ယင်းနှင့်စပ်လျဉ်း၍ ဗဟိုဘဏ်များ၏ အကောင်အထည်ဖော်ဆောင်ရွက်ချက်များနှင့် မဟာဗျူဟာနည်းလမ်းများ၊ အားလုံးပါဝင်သော လုံခြုံစိတ်ချရသည့် ဒစ်ဂျစ်တယ်ငွေရေးကြေးရေးဆိုင်ရာ အခန်းကဏ္ဍများ စသည့်ကိစ္စရပ်များအပေါ် အာဆီယံဘဏ္ဍာရေးနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများက အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။
ချိတ်ဆက်အသုံးပြုဆောင်ရွက်လျက်ရှိ
အဆိုပါ အဆင့်မြင့်စကားဝိုင်းဆွေးနွေးပွဲတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ စန္ဒာဦးက အာဆီယံနိုင်ငံများမှ နိုင်ငံအလိုက် ငွေရေးကြေးရေးကြံ့ခိုင်မှုရှိရေးဆိုင်ရာ ဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် MMQR (Myanmar QR) စနစ်အား ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်တွင် တရားဝင်စတင်မိတ်ဆက်ခဲ့ပြီး MMQR သည် National QR Standard ဖြစ်ပြီး ဘဏ်များနှင့် မိုဘိုင်း Wallet များကြား ငွေပေးချေမှုများကို တစ်ပြေးညီ အပြန်အလှန်ချိတ်ဆက် အသုံးပြုဆောင်ရွက်လျက်ရှိသည့်အခြေအနေများ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ဦးဆောင်မှုဖြင့် ဒစ်ဂျစ်တယ် ငွေရေးကြေးရေးဆိုင်ရာ မြှင့်တင်ဆောင်ရွက်မှုများ၊ ပုဂ္ဂလိကကဏ္ဍနှင့်ချိတ်ဆက်ဆောင်ရွက်မှုအခြေအနေများ၊ စားသုံးသူအကာအကွယ်ပေးရေးနှင့် စပ်လျဉ်းသည့်ကိစ္စရပ်များ၊ ဒစ်ဂျစ်တယ်ငွေရေး ကြေးရေးဝန်ဆောင်မှုများတွင် ဆုံးရှုံးနိုင်ခြေများ အတွက်ဆိုက်ဘာလုံခြုံရေး၏ အရေးပါမှုအခြေအနေများ၊ ဒစ်ဂျစ်တယ်ငွေရေးကြေးရေးဆိုင်ရာ အများပြည်သူသို့ အသိပညာပေးရေးဆောင်ရွက်မှုအခြေအနေများကို ဆွေးနွေးသည်။
ဧပြီ ၁၀ ရက်တွင် ကျင်းပသည့် (၂၂) ကြိမ်မြောက် အာဆီယံဗဟိုဘဏ်ဥက္ကဋ္ဌများ အစည်းအဝေးနှင့် (၁၃) ကြိမ်မြောက် အာဆီယံဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများ အစည်းအဝေးတွင် ၂၀၂၅ ခုနှစ် အာဆီယံစီးပွားရေးအသိုက်အဝန်းဆိုင်ရာ တိုးတက်မှုအခြေအနေများနှင့် ယင်းအပေါ် အကဲဖြတ်လေ့လာခဲ့ရာတွင် တွေ့ရှိခဲ့သည့်ရလဒ်များနှင့် အကြံပြုချက်များ၊ ၂၀၂၅ ခုနှစ် မလေးရှားနိုင်ငံမှ အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် ဆောင်ရွက်စဉ်ကာလအတွင်း အဆိုပြုခဲ့သည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ဆက်လက် ဆောင်ရွက်ရမည့်အခြေအနေများ၊ ၂၀၂၆ ခုနှစ်တွင် ဦးစားပေးဆောင်ရွက်မည့်လုပ်ငန်းစဉ်များ၊ ၂၀၂၆-၂၀၃၀ ခုနှစ်များတွင် ဆက်လက်ဆောင်ရွက်မည့် မဟာဗျူဟာလုပ်ငန်းစဉ်များ၊ အာဆီယံငွေကြေးဖလှယ်မှုအစီအစဉ်ဆိုင်ရာနားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးရေးကိစ္စရပ်များ၊ အာဆီယံငွေကြေးနှင့် ငွေရေးကြေးရေးပေါင်းစည်းရေးလမ်းပြမြေပုံအရဆောင်ရွက်လျက်ရှိသည့် သက်ဆိုင်ရာလုပ်ငန်းကော်မတီများ၏ တိုးတက်မှုအခြေအနေများ၊ အာဆီယံဒေသအတွင်းရှိ စီးပွားရေးလုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံမှုများကို ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်မှုအလိုက် စနစ်တကျခွဲခြားသတ်မှတ်ခြင်းဆိုင်ရာ စတုတ္ထအကြိမ် အစီရင်ခံစာထုတ်ဝေမှုနှင့် စပ်လျဉ်းသည့်အခြေအနေများ စသည့်ကိစ္စရပ်များအပေါ် အာဆီယံဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများက အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပြီး အတည်ပြုချက်ရယူသည့် ကိစ္စရပ်များကို အတည်ပြုပေးခဲ့ကြသည်။
အမြင်ချင်းဖလှယ်ဆွေးနွေး
ထို့အပြင် ဆက်စပ်အစည်းအဝေးဖြစ်သည့် အာဆီယံဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများနှင့် အပြည်ပြည်ဆိုင်ရာငွေရေးကြေးရေးအဖွဲ့အစည်းများ အစည်းအဝေးတွင် အရင်းအနှီးဈေးကွက်များပေါင်းစည်းရာ၌ ငွေရေးကြေးရေးဆိုင်ရာ တီထွင်ဆန်းသစ်မှုများ၏ အခန်းကဏ္ဍများ၊ ရင်းနှီးမြှုပ်နှံမှုများတွင် ပွင့်လင်းမြင်သာမှုနှင့် ဘဏ္ဍာရေးစည်းမျဉ်းဆိုင်ရာ ကိစ္စရပ်များအတွက် အပြည်ပြည်ဆိုင်ရာ ငွေရေးကြေးရေးအဖွဲ့အစည်းများမှ ရှင်းလင်းတင်ပြမှု များအပေါ် အာဆီယံဘဏ္ဍာရေးနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများက အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
ထို့နောက် (၁၃) ကြိမ်မြောက် အာဆီယံဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများ အစည်းအဝေး၏ ပူးတွဲကြေညာချက်အား အပြီးသတ်ဆွေးနွေး၍ အာဆီယံဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများကအတည်ပြုခဲ့ကြပြီး (၁၄) ကြိမ်မြောက် အာဆီယံဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများအစည်းအဝေးကို လာမည့် ၂၀၂၇ ခုနှစ်တွင် စင်ကာပူနိုင်ငံကအိမ်ရှင်အဖြစ်လက်ခံ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
Newspaper
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက် ၊ ဧပြီ ၁၂ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ April 12, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၀ ရက် ၊ ဧပြီ ၁၁ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ April 11, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၉ ရက် ၊ ဧပြီ ၁၀ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ April 10, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
DownloadAnnouncement
မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ခန့်အပ်တာဝန်ပေးခြင်း
Ministry of Information / Posted on April 10, 2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ ကြေညာချက်အမှတ် ၃ / ၂၀၂၆
Ministry of Information / Posted on April 10, 2026
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌများ ခန့်အပ်တာဝန်ပေးခြင်း
Ministry of Information / Posted on April 10, 2026
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌများ ခန့်အပ်တာဝန်ပေးခြင်း
