စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ဆေးဝါးများ၊ ဆေးဝတ်၊ ဆေးပတ်တီးများနှင့် ဆေးရုံသုံးပရိဘောဂပစ္စည်းများအား ထုတ်လုပ်ရောင်းချမှုနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးတက်ရောက်


Ministry of Industry/ Ministry of Industry / April 22, 2024


နေပြည်တော်၊ ဧပြီ (၁၂)
    ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ဆေးဝါးများ၊ ဆေးဝတ်၊ ဆေးပတ်တီးများနှင့် ဆေးရုံသုံးပရိဘောဂပစ္စည်းများအား ထုတ်လုပ်ရောင်းချမှုနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၀)၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဒေါက်တာအေးထွန်း၊ ဆက်စပ်ဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံးမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်း ထုတ်လုပ်သူများအသင်းနှင့် ဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်သည်။
    ရှေးဦးစွာ စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်းနှင့်  မြန်မာ့ဆေးဝါးလုပ်ငန်းတို့မှ ထုတ်လုပ်သော ဆေးဝါးများနှင့် ဆေးရုံသုံးပစ္စည်းများကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ကာကွယ်ရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ လိုအပ်ချက်အပေါ် မူတည်ပြီး ထုတ်လုပ်ရောင်းချပေးနိုင်မှုအခြေအနေ၊ ထုတ်လုပ်ပေးနိုင်မည့် အချိန်ကာလ၊ အရေအတွက်၊ တွေ့ကြုံရသည့် အခက်အခဲများ၊ ပူးပေါင်းဆောင်ရွက်ပေးရန် လိုအပ်သည့်ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆေးဝါးများ၊ ဆေးရုံသုံးပစ္စည်းများနှင့် ဆေးဝတ်ပတ်တီးများကို ကာကွယ်ရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် လူမှုဖူလုံရေးအဖွဲ့များသို့ အမှာစာများအရ အဓိကဦးစားပေးထုတ်လုပ် ရောင်းချပေးလျက်ရှိပါကြောင်း၊ ပိုလျှံတဲ့ဆေးဝါးများကို အရောင်းကိုယ်စားလှယ်များ၊ BPI ဆေးဝါးအရောင်းဆိုင်များမှတစ်ဆင့် ပြည်သူများထံသို့ ဖြန့်ဖြူးရောင်းချပေးပြီး ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုကို ကူညီပံ့ပိုးပေးလျက်ရှိပါကြောင်း၊ မြန်မာ့ဆေးဝါးလုပ်ငန်းအနေဖြင့် ပြည်သူလူထု၏ ကျန်းမာရေ စောင့်ရှောက်မှုအတွက် လိုအပ်တဲ့ ဆေးဝါးများအား သင့်တင့်မျှတသော ဈေးနှုန်းများဖြင့် ရောင်းချပေးနိုင်ခဲ့ခြင်းမှာ ဆေးဝါးကုန်ကြမ်းများ ဝယ်ယူနိုင်ရေးအတွက် နိုင်ငံတော်မှ နှစ်စဉ် နိုင်ငံခြားငွေ ခွင့်ပြုပေးနေ၍ ဖြစ်ပါကြောင်း၊ အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်းအနေဖြင့် ဆေးရုံသုံးပရိဘောဂပစ္စည်း၊ ဆေးဝတ်နှင့် ဆေးပတ်တီးများ၊ အထည်အလိပ်နှင့် အဝတ်အထည်များကို ဆက်စပ်ဝန်ကြီးဌာန၊ အဖွဲ့အစည်းများမှ အမှာစာရရှိမှုအရ ထုတ်လုပ်ရောင်းချ ပေးနေလျက်ရှိပြီး ပြည်သူလူထု၏ လိုအပ်ချက်အရ လူသုံးကုန်ပစ္စည်းများကို ထုတ်လုပ်ရောင်းချပေးလျက်ရှိပါကြောင်း၊ စက်မှုလုပ်ငန်းများအတွက် လိုအပ်သောကုန်ကြမ်း၊ စက်ပစ္စည်းများမှာ ပြည်ပမှတင်သွင်းရခြင်းဖြစ်တဲ့အတွက် သွင်းကုန်လိုင်စင် ဆောလျင်စွာရရှိရေးအတွက် ကုန်သွယ်ရေးဦးစီးဌာနမှ ကူညီဆောင်ရွက်ပေးလျက်ရှိသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း ဆက်လက်၍ ကူညီပံ့ပိုးပေးစေလိုပါကြောင်း၊ ပြည်ပမှ ဆေးဝါးကုန်ကြမ်းပစ္စည်းများ တင်သွင်ရာတွင် FDA ၏ ထောက်ခံချက်ရယူရန် လိုအပ်ပါ၍ FDA အနေဖြင့် ဆောလျင်စွာ ရရှိရေးအတွက် ပူးပေါင်းဆောင်ရွက်ပေးသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း ရှင်းလင်းပြောကြားသည်။
    ဆက်လက်၍ ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက ပြည်သူလူထုအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ပေးလျက်ရှိရာ ဆေးရုံသုံးပရိဘောဂပစ္စည်းများနှင့် ဆေးဝါးများဝယ်ယူရေးဆောင်ရွက်ရာတွင် စက်မှုဝန်ကြီးဌာနမှ ထုတ်လုပ်သော ဆေးဝါးများအား အဓိကဦးစားပေး ဝယ်ယူလျက်ရှိပြီး ပြည်တွင်း၌ ထုတ်လုပ်ခြင်းမရှိသည့် ဆေးဝါးများကိုသာ ပြည်ပမှ တင်သွင်းလျက်ရှိကြောင်း၊ စက်မှုဝန်ကြီးဌာန၏ ဆေးဝါးများသည် အရည်အသွေး စိတ်ချရသည့်အပြင် ကောင်းမွန်သောထုတ်လုပ်မှုစနစ်ဖြင့် ထုတ်လုပ်ထားခြင်းဖြစ်သဖြင့် စိတ်ချယုံကြည်စွာ သုံးစွဲနိုင်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာန၏ လိုအပ်ချက်ကို ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေးအတွက် ယခုညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ပေးသဖြင့် ကျေးဇူးတင်ရှိပါကြောင်း၊ ဆေးရုံသုံးကုတင်နှင့်ဆက်စပ်ပစ္စည်းများသည်လည်း သပ်ရပ်ခိုင်ခံ့မှုရှိပြီး သုံးစွဲရလွယ်ကူပါကြောင်း၊ မကူးစက်နိုင်သောရောဂါ ကုသဆေးများကိုလည်း လိုအပ်ချက်နှင့်အညီ ထုတ်လုပ်ပေးနိုင်ရေး အကြံပြုတင်ပြလိုပါကြောင်း ဆွေးနွေးပြောကြားသည်။
    ထို့နောက် မြန်မာ့ဆေးဝါးလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် အထွေထွေမန်နေဂျာများက ဆေးဝါးထုတ်လုပ်ရေးနှင့်ပတ်သက်၍ လက်ရှိဆောင်ရွက်နေသည့်အခြေအနေ၊ ကြုံတွေ့နေရသည့်အခက်အခဲနှင့် ပူးပေါင်းဆောင်ရွက်ရမည့် အခြေအနေများကိုလည်းကောင်း၊ အမှတ်(၃) အကြီးစားစက်မှုလုပ်ငန်းမှ အထွေထွေမန်နေဂျာက ဆေးရုံသုံးကုတင်နှင့် ဆက်စပ်ပစ္စည်းများ မှာယူသည့်အမှာစာအပေါ် ထုတ်လုပ်ပေးနိုင်မှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို အသီးသီးရှင်းလင်းတင်ပြကြရာ တက်ရောက်လာကြသည့် ဌာနဆိုင်ရာ အကြီးအကဲများက လိုအပ်ချက်များနှင့် ညှိနှိုင်းဆောင်ရွက်ပေးရမည့်အချက်များအပေါ် ဝိုင်းဝန်း အကြံပြုဆွေးနွေးကြသည်။
    ဆက်လက်၍ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် ယနေ့အစည်းအဝေးသည် ဆေးဝါးထုတ်လုပ်သူများနှင့် ဝယ်ယူသုံးစွဲလျက်ရှိသည့် ဌာနကြီးများအကြား လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းအဖြေရှာပေးရန် ကျင်းပပြုလုပ်သည့်အစည်းအဝေးဖြစ်ပါကြောင်း၊ ယနေ့ဆွေးနွေးချက်များအပေါ် အခြေခံ၍ စက်မှုဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပုဂ္ဂလိကဆေးဝါးထုတ်လုပ်သည့် လုပ်ငန်းရှင်များ အားလုံးပါဝင်သည့် အစည်းအဝေးတစ်ရပ် ထပ်မံပြုလုပ်သွားမည်ဖြစ်ပါကြောင်း၊ ပြည်တွင်း၌ လိုအပ်လျက်ရှိသည့် ဆေးဝါးအမယ်သစ်များ ထပ်မံထုတ်လုပ်ပေးနိုင်ရေးအတွက် အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများအား ရှာဖွေသွားရမည်ဖြစ်ကြောင်း၊ စက်မှုဝန်ကြီးဌာနအနေဖြင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် အရည်အသွေး ပြည့်မီသော ဆေးဝါးများထုတ်လုပ်နိုင်ရေးအတွက် ပိုမိုအထောက်အကူဖြစ်စေရန် ဆေးဝါးအင်ဂျင်နီယာပညာရှင်များ မွေးထုတ်ပေးနိုင်ရေးအတွက်လည်း စီမံဆောင်ရွက်လျက်ရှိကြောင်း၊ စက်မှုဝန်ကြီးဌာနအနေဖြင့် မြန်မာ့ဆေးဝါးလုပ်ငန်းမှ ထုတ်လုပ်ပေးလျက်ရှိသည့် ဆေးဝါးများကို အဓိကဝယ်ယူလျက်ရှိသည့် ကာကွယ်ရေးဝန်ကြီးဌာန၊ ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံး၊ ကျန်းမာရေးဝန်ကြီးဌာနတို့၏ လိုအပ်ချက်များအပေါ် တတ်နိုင်သမျှ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားခဲ့ပြီး အစည်းအဝေးအား ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

Newspaper

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက်၊ မေ ၁၈ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 18, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက်၊ မေ ၁၇ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 17, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက်၊ မေ ၁၆ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 16, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

Announcement

ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေနှင့်အညီ စာအုပ်စာစောင်များပေးအပ်ရန် အသိပေးကြေညာချက်

Ministry of Information / Posted on May 18, 2024

၂၀၁၄ ခုနှစ်၊ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ၊ နည်းဥပဒေများအရ ထုတ်ဝေသူများသည် မိမိတို့ထုတ်ဝေသည့် စာအုပ်စာစောင် ၅ အုပ် သို့မဟုတ် ၅ စောင်ကို ပြန်ကြားရေးဝန်ကြီးဌာနသို့ အဖိုးအခလွတ်ပေးအပ်ရမည်ဖြစ်ပါသည်။ ပြန်ကြားရေးဝန်ကြီးဌာနသည် အဆိုပါစာအုပ်စာစောင်များကို မူပိုင်ခွင့်နှင့် စာအုပ်စာရင်း ၂ အုပ်၊ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီသို့ ၂ အုပ်နှင့် အမျိုးသားမှတ်တမ်းများ...

နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ကန့်ကွက်နိုင်ကြောင်း ကြော်ငြာခြင်း

Naypyitaw Development Committee / Posted on May 16, 2024

နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ကန့်ကွက်နိုင်ကြောင်း ကြော်ငြာခြင်း

အမြဲတမ်းအတွင်းဝန်/ ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ပေးအပ်ခြင်း

Ministry of Information / Posted on May 16, 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးမှ ဦးအောင်ကျော်မိုးအား အမြဲတမ်းအတွင်းဝန်/ ညွှန်ကြားရေးမှူးချုပ်တာဝန်များကို ထမ်းဆောင်ရန် တာဝန်ပေးအပ်လိုက်သည်။

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023