ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြု၍ ရုပ်ရှင်ကားထုတ်လွှင့်ပြသခြင်း လုပ်ငန်းလုပ်ကိုင်ခွင့်အမိန့်နှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေး


Ministry of Information/ Naypyitaw / March 29, 2024
image_latest


နေပြည်တော် မတ် ၂၈

ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြု၍ ရုပ်ရှင်ကားထုတ်လွှင့်ပြသခြင်းလုပ်ငန်း လုပ်ကိုင်ခွင့်အမိန့်နှင့်ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဒုတိယဝန်ကြီး ဦးရဲတင့်၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် ဥပဒေရေးရာဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို) ဥက္ကဋ္ဌ၊ အတွင်းရေးမှူးများနှင့်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်းက ယနေ့ခေတ်တွင် ရုပ်ရှင်ကားများကို ရုပ်ရှင်ရုံများအပြင် ဆိုရှယ်မီဒီယာ (အွန်လိုင်း) မှတစ်ဆင့် အက်ပလီကေးရှင်းများ၊ ဖေ့စ်ဘွတ်၊ you-tube ၊ Viber ၊ Telegram များမှ Account ၊ Page၊ Group၊ Website များတည်ထောင်ပြီး ထုတ်လွှင့်ပြသနေသည်ကို တွေ့ရကြောင်း။

အွန်လိုင်းမှ ပြသနေသည့်ရုပ်ရှင်ကားများသည် ရုံတင်ရုပ်ရှင်ကားများကဲ့သို့ ဆင်ဆာအဖွဲ့ကိုတင်ပြီး ခွင့်ပြုချက်ရမှ ပြသသည့်ကားများ မဟုတ်သည့်အတွက် နိုင်ငံတော်၏ မူဝါဒများ၊ ဘာသာရေး၊ လူမျိုးရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ အမျိုးသားယဉ်ကျေးမှုဓလေ့ထုံးတမ်းများကို ထိခိုက်စော်ကားမှု၊ ရက်စက်ကြမ်းကြုတ်မှုများသည် မောင်နှင့်နှမ၊ သားနှင့်အမိကြည့်ရှုရန်မလျော်ညီသည့် အပြောအပြများ၊ နိုင်ငံတော်ကထုတ်ပြန်ထားသည့် တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများနှင့်မကိုက်ညီသည့် အပြောအပြများပါဝင်နေသည်ကို တွေ့ရကြောင်း၊ ထိုအရာများကိုဗန်းပြပြီး အွန်လိုင်းလောင်းကစားဒိုင်တည်ထောင်ခြင်း၊ လိင်ပိုင်းဆိုင်ရာ ဝန်ဆောင်မှု ဆောင်ရွက်ခြင်း များ လုပ်ဆောင်နေသည်ကိုလည်း တွေ့မြင်ရကြောင်း။

ထိုကဲ့သို့ မလိုလားအပ်သည့် အဆိပ်အတောက်များ၊ အဖျက်အမှောင့်များသည် လူငယ်လူရွယ်များ၏ တွေးခေါ်မြော်မြင်မှုများ၊ ခံစားနားလည်မှုနှင့် လုပ်ဆောင်မှုများကို လွဲမှားလာစေနိုင်ကြောင်း၊ အလားတူ နိုင်ငံတော်အနေဖြင့် ယခုကဲ့သို့ ထုတ်လွှင့်ပြသနေခြင်း ကို စနစ်တကျဖြစ်စေရေးနှင့် ကြီးကြပ်တည့်မတ် ပေးနိုင်ရေး တရားဝင်အသိအမှတ်ပြု လက်မှတ် ထုတ်မပေးနိုင်သည့်အတွက် နိုင်ငံတော်ကရသင့်ရထိုက်သည့် အခွင့်အရေးများ ဆုံးရှုံးနေရကြောင်း။

ထို့ကြောင့် ခေတ်နှင့်လျော်ညီသည့် မြန်မာ့ရုပ်ရှင်ဥပဒေသစ် ညှိနှိုင်းရေးဆွဲနေဆဲ အချိန်ကာလဖြစ်သည့်အတွက် ဥပဒေသစ်မပေါ်ပေါက်မီစပ်ကြားတွင် တိုးတက်ခေတ်မီသည့် ဒစ်ဂျစ်တယ်နည်းပညာအသုံးပြု ရုပ်ရှင်ထုတ်လုပ် ပြသမှုလုပ်ငန်းများနှင့်ပတ်သက်ပြီး အတိုင်းအတာတစ်ခုအထိ စနစ်တကျရှိစေရန်၊ ရသင့်ရထိုက်သည့် နိုင်ငံတော်၏အခွန်ဘဏ္ဍာငွေများ ဆုံးရှုံးမှုမရှိစေရန်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့် မြန်မာ့ဓလေ့ထုံးတမ်းကို ပျက်ပြားစေနိုင်သည့် ရုပ်ရှင်ကားထုတ်လုပ်ပြသမှုများကို တားမြစ်ပိတ်ပင်နိုင်စေရန်နှင့် ထုတ်လွှင့်ပြသမည့် ရုပ်ရှင်ကား များသည် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး၊ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေးကိုအထောက် အကူဖြစ်စေပြီး မြန်မာ့ရုပ်ရှင် အဆင့်အတန်းတိုးတက်စေရေးကို အထောက်အကူဖြစ်စေရန်အတွက် ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြု၍ ရုပ်ရှင်ကားထုတ်လွှင့်ပြသ ခြင်းလုပ်ငန်းကို အရေးကြီး ဝန်ဆောင်မှုအဖြစ် သတ်မှတ်နိုင်ရေးဆောင်ရွက်ခဲ့ကြောင်း။

ပြည်ထောင်စုအစိုးရအဖွဲ့ကအပ်နှင်းသည့် အမိန့်ထုတ်ပြန် နိုင်ခွင့်ကိုကျင့်သုံးပြီး မတ် ၁၃ ရက်တွင် ပြန်ကြားရေးဝန်ကြီးဌာနက ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြု၍ ရုပ်ရှင်ကားထုတ်လွှင့် ပြသခြင်းလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်သည့်အမိန့်ကို အမိန့်ကြော်ငြာစာအမှတ် (၃၁/၂၀၂၄) ဖြင့်လည်းကောင်း၊ ဆက်သွယ်ရေး ကွန်ရက်ကိုအသုံးပြု၍ ရုပ်ရှင်ကားထုတ်လွှင့်ပြသခြင်းလုပ်ငန်း လုပ်ကိုင်ခွင့်အမိန့်ကို အမိန့်အမှတ် (၃၂/၂၀၂၄) ဖြင့် လည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသို့ အခွင့်အာဏာအပ်နှင်းသည့် အမိန့်ကို အမိန့်ကြော်ငြာစာအမှတ် (၃၃/ ၂၀၂၄) ဖြင့် လည်းကောင်း ထုတ်ပြန်ခဲ့ကြောင်း။ အမိန့်အရ အမိန့်ထုတ်ပြန်သည့် မတ် ၁၃ ရက်မှ စတင်ပြီး တစ်လပြည့် မြောက်သည့်အချိန်တွင် စတင်အာဏာသက်ဝင်မည်ဖြစ်သကဲ့သို့ အမိန့်ကိုလိုက်နာမှုမရှိသည့် လုပ်ငန်းများကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ ၅ အရ အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း။

အမိန့်အရ လုပ်ငန်းအမျိုးအစား သုံးမျိုးရှိပါကြောင်း၊ ၎င်းတို့မှာ ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြုပြီးရုပ်ရှင်ရုံတည်ထောင်ခြင်း၊ ရုပ်ရှင်ဆိုင်ရာ အက်ပလီကေးရှင်းလွှင့်တင်ခြင်းနှင့် ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြု၍ ရုပ်ရှင်ကားထုတ်လွှင့်ပြသခြင်းတို့ ဖြစ်ကြောင်း။

နိုင်ငံတော်အနေဖြင့် လိုအပ်သည့်ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက် ထုတ်ပြန်မှုများသည် အားလုံးအတွက် လိုအပ်ချက်များကို ထိန်းသိမ်းရန်ဖြစ်ကြောင်း၊ ချုပ်ကိုင်ရန် မဟုတ်ပါကြောင်း၊ ထုတ်ပြန်သည့်အချက်များသည် ကိုယ့်လုပ်ဖော်ကိုင်ဖက်များကို ကာကွယ်စောင့်ရှောက်ရန်ဖြစ်ပါကြောင်း။ ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ယခုအမိန့်ကို ထုတ်ပြန်ခဲ့သည့်အတွက် စနစ်တကျလုပ်ငန်းလုပ်ကိုင်သူများအတွက်လည်း ဥပဒေနှင့်အညီ အကာအကွယ်ပေးနိုင်မည်ဖြစ်ပါကြောင်း၊ ယနေ့ခေတ်တွင် ရုံတင်ကြည့်ရှုသူများသာ မြင်ရကြားရသည်မဟုတ်ဘဲ နည်းပညာတိုးတက်လာမှုအရ ကမ္ဘာတစ်ဝန်း ရှိသူအားလုံးကြည့်ရှုနိုင်ကြသည့် အတွက်စိစစ်ပြီး ရုပ်ရှင်ကားများကိုသာ ထုတ်လွှင့်ပြသခြင်းဖြင့် မြန်မာ့ယဉ်ကျေးမှုရိုးရာဓလေ့ကို ထိခိုက်ခြင်းမရှိစေသော ရုပ်ရှင်ကားများကို ပြသနိုင်မည်ဖြစ်သည့်အတွက် မိမိတို့လူမျိုး၏တန်ဖိုးကို ကမ္ဘာကသိအောင် ပြသနိုင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးဦးရဲတင့်က တရားမဝင်လုပ်ငန်းများကို တရားဝင်ဖြစ်စေရန်နှင့် ဖောက်ဖျက်ကျူးလွန်မှုရှိပါက အရေးယူနိုင်ရေး၊ နိုင်ငံသားများ၏အကျိုးစီးပွားကို ထိခိုက်စေနိုင် မည့်ကိစ္စရပ်များအား ကန့်သတ်တားဆီးနိုင်ရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားသည်။

ယင်းနောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဆက်သွယ်ရေးကွန်ရက်ကိုအသုံးပြု၍ ရုပ်ရှင်ကားထုတ်လွှင့်ပြသခြင်း လုပ်ငန်းလုပ်ကိုင်ခွင့် အမိန့်ထုတ်ပြန်ရသည့် နောက်ခံအကြောင်းရင်း၊ ဖြစ်ပေါ်လာသည့်အကျိုးဆက်များ၊ ရည်ရွယ်ချက်၊ ရရှိလာမည့်အကျိုးကျေးဇူး၊ အမိန့်ထုတ်ပြန်ရန် လုပ်ငန်းဆောင်ရွက်ခဲ့မှု အဆင့်ဆင့်၊ အမိန့်ထုတ်ပြန်ခြင်း၊ ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြု၍ ရုပ်ရှင်ကားထုတ်လွှင့်ပြသခြင်းလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်သည့်အမိန့်၊ အမိန့်အား လိုက်နာဆောင်ရွက်နိုင်ရန် အကောင်အထည်ဖော် ဆောင်ရွက်မည့်အစီအစဉ်တို့နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ဥပဒေရေးရာဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးဝင်းက ဥပဒေပိုင်းဆိုင်ရာများနှင့် စပ်လျဉ်း၍လည်းကောင်း၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေနှင့် ယခုလုပ်ကိုင်ခွင့် အမိန့်တို့ပါ အချက်များနှင့်စပ်လျဉ်း၍လည်းကောင်း ဆွေးနွေးတင်ပြကြသည်။

ထို့နောက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးကြည်စိုးထွန်း၊ မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို)ဥက္ကဋ္ဌ ဦးလွင်မြင့်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲမှူးကြီး ညွန့်ဝေ၊ ညွှန်ကြားရေးမှူး (ငြိမ်း) ဦးသိန်းထွန်းအောင်၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး အတွင်းရေးမှူး ဦးဇော်မြင့်ဦးနှင့် အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်တို့က မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့် မြန်မာ့ဓလေ့စရိုက်ကို ပျက်ပြားစေနိုင်သော ရုပ်ရှင်ကားထုတ်လွှင့် ပြသမှုများအား ဥပဒေနှင့်အညီ ထိန်းချုပ်နိုင်ရေး၊ သတ်မှတ်စည်းကမ်းချက်များနှင့် အညီ လိုက်နာဆောင်ရွက်ရေး၊ ထိထိရောက်ရောက်အရေးယူ ဆောင်ရွက်နိုင်ရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ် ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကားပြောကြားသည်။

သတင်းစဉ်

Newspaper

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၄ ရက်၊ ဧပြီ ၂၇ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ April 27, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၃ ရက်၊ ဧပြီ ၂၆ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ April 26, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက်၊ ဧပြီ ၂၅ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 25, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

Announcement

ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေနှင့်အညီ စာအုပ်စာစောင်များပေးအပ်ရန် အသိပေးကြေညာချက်

Ministry of Information / Posted on April 27, 2024

ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေနှင့်အညီ စာအုပ်စာစောင်များပေးအပ်ရန် အသိပေးကြေညာချက်

ကြေညာချက်

Ministry of Information / Posted on April 26, 2024

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ထုတ်ဝေသော တရားစာအုပ်များ

Ministry of Religious Affairs & Culture / Posted on April 25, 2024

စဉ် စာအုပ်အမည် PDF ဖိုင် ၁ ဥပ္ပါတသန္တိဝတ်ရွတ်စဉ် PDF (A4) စာအုပ် ၂ ဥပ္ပါတသန္တိဝတ်ရွတ်စဉ် PDF (A5) စာအုပ် ၃ ဗုဒ္ဓါဘိသေက အနေကဇာတင်ပါဌ် PDF

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023