နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သူများနှင့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း၊ အခြေခံပညာကျောင်းသား/ ကျောင်းသူများအား ကျောင်းသုံးစာရေးကိရိယာနှင့် ဗလာစာအုပ်များပေးအပ်ခြင်း အခမ်းအနားများသို့ တက်ရောက်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သူများနှင့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း၊ အခြေခံပညာကျောင်းသား/ ကျောင်းသူများအား ကျောင်းသုံးစာရေးကိရိယာနှင့် ဗလာစာအုပ်များပေးအပ်ခြင်း အခမ်းအနားများသို့ တက်ရောက်


Ministry of Transport and Communications/ Naypyitaw / July 03, 2023
image_latest


နေပြည်တော်၊ ၂၀၂၃ ခုနှစ်၊ ဇူလိုင် (၂)

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည်  ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၂)တွင် ယနေ့ နေ့လယ်ပိုင်း၌ ကျင်းပသည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဝန်ထမ်းများ၏ သားသမီးများအား ဂုဏ်ပြုချီးမြှင့်ခြင်းနှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် တက်ရောက်နေကြသည့် အခြေခံပညာ ကျောင်းသား/ ကျောင်းသူများအား ကျောင်းသုံး စာရေးကိရိယာများ ပေးအပ်သည့် အခမ်းအနားများသို့ ပြည်ထောင်စုဝန်ကြီး၏ ဇနီး၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် ၎င်းတို့၏ ဇနီးများ၊ တာဝန်ရှိသူများ၊ ဆုရရှိသူ  ကျောင်းသား/  ကျောင်းသူများနှင့် မိဘများ၊ ဝန်ထမ်းများနှင့်အတူ တက်ရောက်ကြသည်။

အခမ်းအနားတွင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက ၂၀၂၂- ၂၀၂၃ တက္ကသိုလ်ဝင် စာမေးပွဲတွင် ဘာသာစုံ ဂုဏ်ထူးရှင် (၃) ဦးအပါအဝင် ဂုဏ်ထူးဖြင့် အောင်မြင်သူ (၁၆၂)ဦးတို့အား “ချီးမြှင့်ထိုက်သူကို ချီးမြှင့်ခြင်း” ဆိုသည့် မင်္ဂလာတရားတော်နှင့်အညီ ဆုချီးမြှင့်ခြင်း ဖြစ်ကြောင်း၊ ကျောင်းသားကျောင်းသူများအနေဖြင့် “ယနေ့လူငယ် နောင်ဝယ်လူကြီး” ဟူသော ဆိုရိုးစကား အတိုင်း နိုင်ငံ့တာဝန်ကို ပုခုံးပြောင်း ထမ်းဆောင်ကြမည့်သူများဖြစ်ရာ ပညာထူးချွန်သော လူတော် လူကောင်းများ ဖြစ်လာစေရေး၊ ဘက်စုံထူးချွန်သူများ ဖြစ်လာစေရေး အစဉ်ကြိုးပမ်း သွားကြရန်၊ ကျောင်းသူကျောင်းသား လူငယ်များအနေဖြင့် အဆင့်အတန်းမြင့်မားသည့် ပညာရပ်များကို ကြိုးစား သင်ယူပြီး မိမိအကျိုး၊ မိသားစုအကျိုး၊ နိုင်ငံတော်အကျိုး သယ်ပိုးနိုင်သော ထူးချွန်ထက်မြက်သည့် လူငယ်များ ဖြစ်လာကြစေရန် တိုက်တွန်းပြောကြားခဲ့ပါသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ဇနီး၊ ဒုတိယဝန်ကြီးများနှင့် ဇနီးများက ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသား/ ကျောင်းသူများအား ဂုဏ်ပြုဆုများနှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားနေကြသည့် ဝန်ကြီးဌာနမှ ဝန်ထမ်းများ၏ သား၊ သမီးများ အတွက် ကျောင်းသုံး စာရေးကိရိယာများကို ချီးမြှင့်ပေးအပ်ခဲ့ပြီး၊ ဆုရရှိသည့် ကျောင်းသား ကျောင်းသူများ ကိုယ်စား ကျောင်းသူ တစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။

ပညာသင်ဆုချီးမြှင့် ဂုဏ်ပြုပွဲတွင် ဂုဏ်ထူးရရှိသူ (၁၆၂)ဦး တို့အား ဂုဏ်ပြုလွှာနှင့် ဆုငွေများကို ပေးအပ်ခြင်း၊ ဝန်ကြီးဌာနရှိ အခြေခံပညာအဆင့် ဝန်ထမ်း သားသမီး ကျောင်းသား/ ကျောင်းသူ (၁၅,၈၇၁) ဦးအား ကျောင်းသုံးစာရေးကိရိယာနှင့် ဗလာစာအုပ်များကို ထောက်ပံ့ပေးခဲ့ပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီးရုံး၊ ရုံးအမှတ် (၅) ၌ (၃၂) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသော ဝန်ကြီးဌာနမှ အားကစားသမားများအား ထပ်ဆင့်ဂုဏ်ပြုချီးမြှင့်သည့် အခမ်းအနားသို့ တက်ရောက်ပါသည်။

အခမ်းအနားတွင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် (၃၂) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲသို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဝန်ထမ်း (၁၀) ဦးတို့က အားကစားနည်း (၇) မျိုးတွင် နိုင်ငံ့လက်ရွေးစင် အားကစားသမားများအဖြစ် အသီးသီး ပါဝင် ယှဉ်ပြိုင်ခွင့်ရရှိခဲ့ပြီး၊ ပိုက်ကျော်ခြင်း ပြိုင်ပွဲတွင် ရွှေတံဆိပ် (၂)ခုနှင့် အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ငွေတံဆိပ် (၁)ခု ရယူပေးနိုင်ခဲ့သည့် အတွက် ဝန်ကြီးဌာနအနေဖြင့် ဂုဏ်ယူ မှတ်တမ်းတင်ပါကြောင်း၊ ဆုတံဆိပ်များ ရရှိခဲ့သည့် နိုင်ငံ့ ကိုယ်စားပြု အားကစားသမားများအား နိုင်ငံတော်အကြီးအကဲကလည်း ခမ်းနားကြီးကျယ်သည့် ဂုဏ်ပြုပွဲအခမ်းအနားကျင်းပ၍ ဆုတံဆိပ်အလိုက် ထိုက်တန်သည့် ဂုဏ်ပြုဆုငွေများကို ချီးမြှင့်ပေးခဲ့ပြီးဖြစ်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့်လည်း နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ အား ယခု ထပ်ဆင့်ဂုဏ်ပြု ချီးမြှင့်ခြင်း ဖြစ်ပါကြောင်း၊  အားကစားပြိုင်ပွဲများတွင် အနိုင်ရရှိခဲ့ကာ နိုင်ငံနှင့် လူမျိုး၏ ဂုဏ်သိက္ခာကို မြှင့်တင်ပေးနိုင်ခဲ့ကြသဖြင့် ဂုဏ်ယူဝမ်းမြောက် မှတ်တမ်းတင်ပါကြောင်း ပြောကြားပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက အားကစားသမားများအနေဖြင့် ရှေ့အနာဂတ် ပြိုင်ပွဲများတွင်လည်း ပိုမိုအရည်အသွေးပြည့်ဝလာစေရန်၊ ရရှိခဲ့သည့် အတွေ့အကြုံကောင်းများကို အခြေခံ၍ စံချိန်ကောင်းများ ပိုမိုကောင်းမွန်အောင် ဆက်လက် ကြိုးပမ်း အားထုတ်သွားကြရန် တိုက်တွန်း မှာကြားကာ အားကစားသမားများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုငွေများ ချီးမြှင့်ပြီးနောက် အခမ်းအနားကို ရုပ်သိမ်း ခဲ့ကြောင်း သတင်းရရှိသည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန

 

         

Newspaper

၁၃၈၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၃ ရက်၊ စက်တင်ဘာ ၂၀ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ September 20, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၂ ရက်၊ စက်တင်ဘာ ၁၉ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ September 19, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁ ရက်၊ စက်တင်ဘာ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ September 18, 2024

Publication Date: 2024

Page: 32

Language: မြန်မာ

Download

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023

Announcement

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊အင်ဂျင်နီယာဌာန(အဆောက်အအုံ)မှ ကြော်ငြာခြင်း

Naypyitaw Development Committee / Posted on September 19, 2024

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊အင်ဂျင်နီယာဌာန(အဆောက်အအုံ)မှ ကြော်ငြာခြင်း

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊အင်ဂျင်နီယာဌာန(အဆောက်အအုံ)မှ ကြော်ငြာခြင်း

Naypyitaw Development Committee / Posted on September 19, 2024

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊အင်ဂျင်နီယာဌာန(အဆောက်အအုံ)မှ ကြော်ငြာခြင်း

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ဝက်ဖြူကုန်းကျေးရွာတွင် အစာအဆိပ်သင့်ဖြစ်ပွားမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်

Ministry of Information / Posted on September 19, 2024

၁။ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ဝါးတီးကျေးလက်ကျန်းမာရေးဌာန အပိုင်၊ ဝက်ဖြူကုန်းကျေးရွာ၊ ရွှေဖြူရတနာစာသင်တိုက်တွင် (၁၈-၉-၂၀၂၄)ရက်နေ့၊ နံနက်ပိုင်း၌ အလှူရှင်များမှ လာရောက်လှူဒါန်းသော ကြာဇံကြော်၊ အချဉ်နှင့်ထမင်း၊ ကြက်ဥမကျည်းမှည့်ချက်များအား ကျေးရွာနေပြည်သူများက စားသုံးပြီးနောက် ည(၈:၀၀)နာရီခန့်တွင် ဗိုက်နာခြင်း၊ အော့အန်ခြင်းနှင့် ဝမ်းလျှောခြင်းစသည့်...