ပြည်ထောင်စုနယ်မြေအတွင်း မြို့နယ်လေးခုတွင် ဖြစ်ပွားခဲ့သော လေဘေးသင့်သူများ ထောက်ပံ့ခြင်းအခမ်းအနား ကျင်းပ
ပြည်ထောင်စုနယ်မြေအတွင်း မြို့နယ်လေးခုတွင် ဖြစ်ပွားခဲ့သော လေဘေးသင့်သူများ ထောက်ပံ့ခြင်းအခမ်းအနား ကျင်းပ
Ministry of Information/ Naypyitaw / May 04, 2024
နေပြည်တော် မေ ၃
ရာသီဥတုဖြစ်စဉ်များကြောင့် ထိခိုက်ခံရနိုင်မှု လျော့ပါးစေရေးဆိုင်ရာလုပ်ငန်းစီမံချက် စတင်အကောင်အထည်ဖော်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ တက်ရောက်ကြပြီး အကောင်အထည်ဖော်ဆောင်ရွက်မည့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်/ မြို့နယ်ဦးစီးမှူးရုံးများမှ တာဝန်ရှိသူများက အွန်လိုင်းမှ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း လေပြင်းတိုက်ခတ်မှု ၆၆၁ ကြိမ်အပါအဝင် သဘာဝဘေးအန္တရာယ် စုစုပေါင်း ၂၀၁၆ ကြိမ်ကြောင့် ဘေးသင့်ခဲ့သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုး၊ ကယ်ဆယ်ရေးပစ္စည်း၊ ဆန်ရိက္ခာဖိုး၊ ဒဏ်ရာရ/ သေဆုံးစသဖြင့် ထောက်ပံ့တန်ဖိုး စုစုပေါင်းငွေကျပ် ၄၅၅၀ ဒသမ ၈၃၅ သန်းရှိခဲ့ကြောင်း၊ သဘာဝဘေးအန္တရာယ်ဖြစ်ပွားမှုကြောင့် ထိခိုက်ခံစားရမှုများ လတ်တလောသက်သာစေရေးအတွက် ကူညီထောက်ပံ့မှုများ ဆောင်ရွက်နေသည့်အပြင် ကြိုတင်ကာကွယ်ရေး၊ ကြိုတင်ပြင်ဆင်ရေးနှင့် လျော့ပါးစေရေးဆိုင်ရာလုပ်ငန်းများကိုလည်း ဆောင်ရွက်နေကြောင်း။
ယခုကဲ့သို့ အပူချိန်မြင့်မားတတ်သောကာလများတွင် အပူဒဏ်လျော့နည်းသက်သာစေရေးအတွက် မိမိတို့ဝန်ကြီးဌာနအနေဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှစ၍ အပူရှောင်စခန်းများကို စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂၀ခု၊ မကွေးတိုင်းဒေသကြီးတွင် ၂၄ ခု စုစုပေါင်း ၄၄ ခု ဖွင့်လှစ်ပေးနိုင်ခဲ့ကြောင်း၊ ယခုနှစ်တွင် မကွေးတိုင်းဒေသကြီးအတွင်း လောလောဆယ် လေးခုနှင့် ရှမ်းပြည်နယ်တွင် နှစ်ခု ဖွင့်လှစ်မည်ဖြစ်ပြီး လိုအပ်ပါက ထပ်မံဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ စီမံချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် မိမိဌာန၏ ဘတ်ဂျက်ရန်ပုံငွေဖြင့် ဆောင်ရွက်ပေးခြင်းဖြစ်၍ ပြည်သူလူထုအတွက် အမှန်တကယ်အကျိုးရှိသက်ရောက်စေရန်နှင့် ဘဏ္ဍာရေးစည်းမျဉ်းများနှင့်အညီ သုံးစွဲဆောင်ရွက်ကြရန် ဖြည့်စွက်မှာကြားလိုကြောင်း ပြောကြားသည်။
ယင်းနောက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က လေပြင်းဘေးအန္တရာယ်နှင့် မိုးကြိုးဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေးအသိပညာပေးခြင်း၊ အပူရှောင်စခန်းများ ဖွင့်လှစ်ခြင်း၊ လတ်တလောလိုအပ်နေသည့် သောက်သုံးရေများ ထောက်ပံ့ပေးခြင်းတို့နှင့် စပ်လျဉ်း၍ အသေးစိတ်ရှင်းလင်းတင်ပြသည်။
ထို့နောက် မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးက မကွေးတိုင်းဒေသကြီး မကွေးမြို့နယ် မကြီးကန်ကျေးရွာနှင့် မကြီးချောင်းကျေးရွာ၊ ရေနံချောင်းမြို့နယ် မြို့မမြောက်ရပ်ကွက်တို့တွင် အပူရှောင်စခန်းများ ဖွင့်လှစ်မှုအခြေအနေနှင့်စပ်လျဉ်း၍လည်းကောင်း၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးက ပြည်နယ်အတွင်း ဆောင်ရွက်မည့်လုပ်ငန်းများနှင့် လင်းခေးခရိုင်ဦးစီးမှူးရုံးက လင်းခေးမြို့နယ် ဝမ်လှိုင်ရပ်ကွက် မဟာဝိဟာရကျောင်းတွင် အပူရှောင်စခန်းဖွင့်လှစ်မည့်အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က လိုအပ်သည်များ မှာကြားသည်။
ဆက်လက်၍ မေ ၂ ရက် ညနေပိုင်းက ပြည်ထောင်စုနယ်မြေအတွင်း ပုဗ္ဗသီရိမြို့နယ်၊ ဥတ္တရသီရိမြို့နယ်၊ ဇေယျာသီရိမြို့နယ်နှင့် ပျဉ်းမနားမြို့နယ်များတွင် လေပြင်းတိုက်ခတ်မှုဖြစ်ပွားပြီး လူနေအိမ် ၂၄ လုံးနှင့် ဘုန်းကြီးကျောင်း တစ်ကျောင်း ပြိုလဲကာ လူနေအိမ် ၁၅၆ လုံးနှင့် ဘုန်းကြီးကျောင်း တစ်ကျောင်း တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့ပြီး အိမ်ထောင်စု ၁၈၀ မှ လူဦးရေ ၇၂၅ ဦး ဘေးဒုက္ခကြုံတွေ့ခဲ့ရာ အဆိုပါလေဘေးသင့်သူများကို ထောက်ပံ့ခြင်းအခမ်းအနားကို ပုဗ္ဗသီရိမြို့နယ် ဥယျာဉ်စုကျေးရွာနှင့် ဇေယျာသီရိမြို့နယ်၊ ပုပ္ပားကုန်းရပ်ကွက် ဝိဇ္ဇာသိပ္ပံဘုန်းကြီးကျောင်းတို့၌ ကျင်းပရာ အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ(၂) ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက ဆန်ရိက္ခာဖိုး၊ အိမ်ဆောက်ပစ္စည်းဖိုး စုစုပေါင်းငွေကျပ် ၁၁၈ သိန်းကျော်နှင့် ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုး ၂၄ အိမ်ထောင်စာ၊ နေပြည်တော်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ထောက်ပံ့ငွေကျပ် ၆၄ သိန်းနှင့် ဆန် သုံးအိတ်၊ စားသုံးဆီ ၁၂၂ ပိဿာ တို့ကို ထောက်ပံ့ခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့က အားပေးစကားများ ပြောကြားပြီး လေဘေးသင့်ပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ လိုအပ်ချက်များ မေးမြန်းကာ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper
၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက်၊ မေ ၁၈ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ May 18, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက်၊ မေ ၁၇ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 17, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက်၊ မေ ၁၆ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 16, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
DownloadAnnouncement
ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေနှင့်အညီ စာအုပ်စာစောင်များပေးအပ်ရန် အသိပေးကြေညာချက်
Ministry of Information / Posted on May 18, 2024
၂၀၁၄ ခုနှစ်၊ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ၊ နည်းဥပဒေများအရ ထုတ်ဝေသူများသည် မိမိတို့ထုတ်ဝေသည့် စာအုပ်စာစောင် ၅ အုပ် သို့မဟုတ် ၅ စောင်ကို ပြန်ကြားရေးဝန်ကြီးဌာနသို့ အဖိုးအခလွတ်ပေးအပ်ရမည်ဖြစ်ပါသည်။ ပြန်ကြားရေးဝန်ကြီးဌာနသည် အဆိုပါစာအုပ်စာစောင်များကို မူပိုင်ခွင့်နှင့် စာအုပ်စာရင်း ၂ အုပ်၊ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီသို့ ၂ အုပ်နှင့် အမျိုးသားမှတ်တမ်းများ...
နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ကန့်ကွက်နိုင်ကြောင်း ကြော်ငြာခြင်း
Naypyitaw Development Committee / Posted on May 16, 2024
နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ကန့်ကွက်နိုင်ကြောင်း ကြော်ငြာခြင်း
အမြဲတမ်းအတွင်းဝန်/ ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ပေးအပ်ခြင်း
Ministry of Information / Posted on May 16, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးမှ ဦးအောင်ကျော်မိုးအား အမြဲတမ်းအတွင်းဝန်/ ညွှန်ကြားရေးမှူးချုပ်တာဝန်များကို ထမ်းဆောင်ရန် တာဝန်ပေးအပ်လိုက်သည်။