မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ မြိတ်မြို့ရှိ ကျောက်ဖြူတောင်/နတ်စင်ကုန်းကုန်ထုတ်စခန်း၊ မြိတ်အကျဉ်းထောင်၊ အမျိုးသမီးသက်မွေးအတတ်ပညာသင်ကျောင်း မြို့မရဲစခန်းအချုပ်ခန်းနှင့် တရားရုံးအချုပ်ခန်းတို့အား ကြည့်ရှုစစ်ဆေးခြင်း


Myanmar National Human Rights Commission/ Yangon / April 24, 2024


၁။ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဦးတင်အောင် ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ကော်မရှင် ဥပဒေ ပုဒ်မ ၄၃၊ ၄၄ ပြဋ္ဌာန်းချက်၊ ကော်မရှင်ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ရှိ ကျောက်ဖြူတောင်/နတ်စင်ကုန်း ကုန်ထုတ်စခန်းကို ၂၂-၄-၂၀၂၄ ရက်နေ့တွင်လည်းကောင်း၊ မြိတ်အကျဉ်းထောင်နှင့် အမျိုးသမီးသက်မွေး အတတ်ပညာသင်ကျောင်းတို့ကို ၂၃-၄-၂၀၂၄ ရက်နေ့တွင်လည်းကောင်း၊ မြို့မရဲစခန်းအချုပ်ခန်းနှင့် ခရိုင်/ မြို့နယ်တရားရုံးအချုပ်ခန်းများကို ၂၄-၄-၂၀၂၄ ရက်နေ့တွင်လည်းကောင်း သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

၂။ ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ ကျောက်ဖြူတောင်/ နတ်စင်ကုန်း ကုန်ထုတ်စခန်းနှင့် မြိတ် အကျဉ်းထောင်တို့အား ကြည့်ရှုစစ်ဆေးစဉ် အကျဉ်းသား/ အကျဉ်းသူ၊ အချုပ်သား/အချုပ်သူများကို အိပ်ဆောင်များတွင် တွေ့ဆုံကာ အကျဉ်းသား၊ အချုပ်သားတစ်ဦး၏ အနိမ့်ဆုံးရရှိရမည့် အခွင့်အရေးဖြစ်သော နေထိုင်စားသောက်မှုအခြေအနေ များ၊ ကျန်းမာ‌‌ရေးစောင့်ရှောက်မှုအခြေအနေ၊ သန့်ရှင်းသော သောက်ရေနှင့်သုံးရေရရှိစေရန် ဆောင်ရွက်ပေးနေမှုအခြေအနေ၊ မိသားစုနှင့်တွေ့ဆုံခွင့် ပေးနေမှုအခြေအနေ၊ လွတ်လပ်စွာ ကိုးကွယ်နိုင်မှုအခြေအနေ၊ အသက်မွေးဝမ်းကျောင်းပညာ သင်ကြားပေးမှုအခြေအနေ၊ စာရိတ္တ ပြုပြင်ပြောင်းလဲပေးမှု အခြေအနေ၊ စာကြည့်တိုက်သုံးစွဲမှု အခြေအနေ၊ လုပ်ငန်းခွင်အတွင်း ဘေးအန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်ထားရှိမှုအခြေအနေ၊ ထောင်ဝင်စာပစ္စည်းများ စုံလင်စွာ ရရှိမှုအခြေအနေ၊ ရသင့်ရထိုက်သော အသုံးအဆောင်ပစ္စည်းများရရှိမှု အခြေအနေ၊ ညှဉ်းပန်း နှိပ်စက်မှု ရှိ မရှိ အခြေအနေနှင့် အချုပ်ခန်းများအတွင်း သန့်ရှင်းမှုအခြေအနေ စသည်တို့ကို မေးမြန်းခဲ့ပြီး သီးခြား လွတ်လပ်စွာ တွေ့ဆုံခွင့် တောင်းခံသူ အကျဉ်းသား/ အကျဉ်းသူ၊ အချုပ်သား/ အချုပ်သူများကိုလည်း သီးခြားတွေ့ဆုံ မေးမြန်းမှတ်တမ်းတင်ခဲ့ပါသည်။

၃။ မြိတ်အကျဉ်းထောင်နှင့် ကျောက်ဖြူတောင်/နတ်စင်ကုန်း ကုန်ထုတ်စခန်းတို့အား ဝင်ရောက် ကြည့်ရှုစစ်ဆေးစဉ် အကျဉ်းသား/အကျဉ်းသူ၊ အချုပ်သား/အချုပ်သူများ၏ အိပ်ဆောင်များ၊ ဆေးရုံဆောင်၊ စာကြည့်တိုက်၊ စားဖိုကြီး၊ ရိက္ခာဂိုထောင်၊ ရေသန့်စက်၊ သုံးရေကန်များ၊ အတွင်း/ အပြင် မိလ္လာများသန့်ရှင်းမှု ရှိ မရှိ စသည်တို့ကိုကြည့်ရှုစစ်ဆေးခဲ့ပြီး အကျဉ်းသား/ အကျဉ်းသူ၊ အချုပ်သား/ အချုပ်သူများ လေ့လာဖတ်ရှုနိုင်ရန်အတွက် ဗဟုသုတရဖွယ်ရာ စာအုပ်များကို ကော်မရှင်မှ လှူဒါန်းခဲ့ပါသည်။

၄။ ထို့နောက် ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနအောက်ရှိ အမျိုးသမီးသက်မွေးအတတ်ပညာသင်ကျောင်းကို ကြည့်ရှုစစ်ဆေး စဉ် သင်တန်းကျောင်းတွင် အမျိုးသမီးငယ်များအား ကျန်းမာရေးစောင့်ရှောက်မှု အခြေအနေ၊ အစားအစာကျွေးမွေးမှုအခြေအနေ၊ အိပ်ဆောင်များထားရှိမှုအခြေအနေ၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားရရှိမှုအခြေအနေ၊ သန့်ရှင်းသော သောက်ရေနှင့်သုံးရေ ရရှိစေရန် ဆောင်ရွက်ပေးနေမှု အခြေအနေ၊ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်လာစေ‌ရန် လေ့ကျင့်ပြုစု စောင့်ရှောက်ပေးမှု အခြေအနေနှင့် အတန်းပညာသင်ယူခွင့် ဆောင်ရွက်ပေးနေမှုအခြေအနေ၊ အသက်မွေးဝမ်းကျောင်း အတတ်ပညာများ လေ့ကျင့်သင်ကြားဆောင်ရွက်ပေးနေမှု အခြေအနေ၊ မိသားစုနှင့်ဆက်သွယ်ခွင့်၊ မိသားစုနှင့်ပြန်လည်ပေါင်းစည်းခွင့်နှင့် လွတ်လပ်စွာ ယုံကြည်ကိုးကွယ် ခွင့်စသည့် အခြေခံလူ့အခွင့်အရေးများရရှိစေရန် ဆောင်ရွက်ပေးနေမှု အခြေအနေတို့ကို ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

၅။ ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် မြို့မရဲစခန်းအချုပ်ခန်းနှင့် တရားရုံးအချုပ်ခန်းတို့အား ဝင်ရောက်ကြည့်ရှုစစ်ဆေးစဉ် ရီမန်ကာလအခြေအနေ၊ အချုပ်ခန်းများတွင် နေထိုင်စဉ်ကာလ အတွင်း ညှဉ်းပန်းနှိပ်စက်မှု ရှိ မရှိ အခြေအနေ၊ မိသားစုနှင့်တွေ့ဆုံနိုင်မှုအခြေအနေ၊ တရားရုံးတွင် ရုံးထုတ်ချိန်ကာလအတွင်း စားသောက်ရေး စီစဉ်ပေးမှုအခြေအနေ၊ အချုပ်ခန်းအတွင်း မိလ္လာသုံးစွဲမှု နှင့် အချုပ်ခန်းများအတွင်း သန့်ရှင်းမှုအခြေအနေ၊ တရားရုံးထုတ်စဉ် မိသားစုဝင်များ၊ အကျိုးဆောင် ရှေ့နေများနှင့် တွေ့ဆုံခွင့်ရရှိမှု အခြေအနေတို့အား ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

၆။ ကြည့်ရှုစစ်ဆေးရေးအဖွဲ့၏ ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို သင့်လျော်သကဲ့သို့ ဆောင်ရွက်ပေးနိုင်‌ရေးအတွက် သက်ဆိုင်ရာဌာနများသို့ အကြံပြုပေးပို့သွားမည် ဖြစ်ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

Newspaper

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက်၊ မေ ၅ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 05, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက်၊ မေ ၄ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 04, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၀ ရက်၊ မေ ၃ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 02, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

Announcement

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) တွင် လစ်လပ်သည့် နည်းပြရာထူး (လစာနှုန်းကျပ် ၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀) (၁၆)နေရာအတွက် လျှောက်ထားနိုင်ကြောင်း ကြေငြာခြင်း

Ministry of Cooperatives and Rural Development / Posted on May 03, 2024

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း) တွင် လစ်လပ်သည့် နည်းပြရာထူး (လစာနှုန်းကျပ် ၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀) (၁၆)နေရာအတွက် ပူးတွဲပါဖိုင်တွင် ဖော်ပြထားသည့် သတ်မှတ်အရည်အချင်းနှင့်ကိုက်ညီသူများ လျှောက်ထားနိုင်ပါသည်။

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023