ဝါစိုက်ပျိုးထုတ်လုပ်မှုမှ အထည်အလိပ်များ ထုတ်လုပ်သည်အထိ တန်ဖိုးမြှင့်ကွင်းဆက်တစ်လျှောက် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းအစီအမံဖော်ထုတ်ရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ


Ministry of Information/ Naypyitaw / May 04, 2024
image_latest


နေပြည်တော် မေ ၃

ဝါစိုက်ပျိုးထုတ်လုပ်မှုမှ အထည်အလိပ်များ ထုတ်လုပ်သည်အထိ တန်ဖိုးမြှင့်ကွင်းဆက်တစ်လျှောက် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းအစီအမံဖော်ထုတ်ရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူး၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ အထွေထွေမန်နေဂျာများ၊ ဆက်စပ်ဝန်ကြီးဌာနမှ ကိုယ်စားလှယ်များ၊ ဝါစိုက်တောင်သူများ၊ ဝါလုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ၊ စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်သည်။

ဝိုင်းဝန်းဆွေးနွေးပေး

ဦးစွာ ဒုတိယဝန်ကြီးက စက်မှုဝန်ကြီးဌာနအနေဖြင့် ဝါဂွမ်းမှ ချည်မျှင်နှင့်အထည်အလိပ် ထုတ်လုပ်ခြင်း၊ အထည်အလိပ်မှ အထည်ချုပ်လုပ် ရောင်းချဖြန့်ဖြူးခြင်းလုပ်ငန်းများကို ဆောင်ရွက် လျက်ရှိကြောင်း၊ ပြည်တွင်းထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုန်သွယ်မှုကဏ္ဍနှင့် ထုတ်လုပ်မှုကဏ္ဍတို့ကို မှန်မှန်ကန်ကန်သုံးသပ်ပြီး အချိုးညီမျှတအောင် ဆောင်ရွက်နိုင်ပါက ရည်မှန်းချက်များ အောင်မြင်မည်ဖြစ်ကြောင်း၊ အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ဌာနဆိုင်ရာကိုယ်စားလှယ်များ၊ ဘာသာရပ်ဆိုင်ရာကျွမ်းကျင် ပညာရှင်များ၊ လုပ်ငန်းရှင်များနှင့် အသင်းအဖွဲ့ ကိုယ်စားလှယ်များက ရှုထောင့်အသီးသီးမှ ဝိုင်းဝန်းဆွေးနွေးပေးကြပါရန် ဖိတ်ခေါ်ပါ ကြောင်း ပြောကြားသည်။

ထို့နောက် စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးနှင့် မန္တလေးတိုင်းဒေသကြီး ဝါစိုက် တောင်သူတစ်ဦးတို့က ဝါစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ၏ လက်ရှိစိုက်ပျိုးထုတ်လုပ်နေမှု အခြေအနေ၊ လိုအပ်သည့် သွင်းအားစုများ၊ နည်းပညာနှင့် ငွေကြေးအရင်းအနှီး၊ လူ့စွမ်းအားအရင်းအမြစ်များ၊ လိုအပ်ချက်များနှင့် စပ်လျဉ်း၍လည်းကောင်း၊ စစ်လက်နက်ပစ္စည်း ညွှန်ကြားရေးမှူးရုံးမှ ကိုယ်စားလှယ်တစ်ဦးနှင့် အမှတ် (၃) အကြီးစား စက်မှုလုပ်ငန်းမှ အထွေထွေမန်နေဂျာတို့က ဝါကြိတ်ခြင်း၊ ချည်မျှင်ထုတ်လုပ်ခြင်း၊ ရက်လုပ်ခြင်း၊ အချောသပ် ထုတ်လုပ်ခြင်းနှင့် ဆေးဆိုးပန်းရိုက်လုပ်ငန်းများ၏ ဆောင်ရွက်နေမှုများ၊ လိုအပ်ချက်များ၊ အားသာချက်၊ အားနည်းချက်များနှင့် စပ်လျဉ်း၍လည်းကောင်း၊ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ ကိုယ်စားလှယ်တစ်ဦးနှင့် SCM Sport Wear ထုတ်လုပ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတို့က အထည်အလိပ်ထုတ်ကုန်ပစ္စည်းများ တီထွင်ဆန်းသစ်မှုနှင့် ဈေးကွက်အနေအထားတို့ကိုလည်းကောင်း ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ အထည်အလိပ် ထုတ်လုပ်မှုကွင်းဆက်တစ်လျှောက် လက်ရှိဖြစ်ပေါ်နေသည့် အခက် အခဲများ၊ နည်းပညာ၊ ငွေကြေး၊ လူ့စွမ်းအား အရင်းအမြစ်၊ စက်ပစ္စည်းနှင့်သွင်းအားစု စသည့် လိုအပ်ချက်များနှင့် နိုင်ငံတော်မှပံ့ပိုးပေးရမည့်အချက်များနှင့်စပ်လျဉ်း၍ စကားဝိုင်းပုံစံဖြင့်ကျင်းပရာ တက်ရောက်လာသည့် ကိုယ်စားလှယ်များက ဝိုင်းဝန်းအကြံပြုဆွေးနွေးကြသည်။

မွန်းလွဲပိုင်းတွင် အုပ်စု (၄) ခု ဖွဲ့စည်း၍ Upstream ဖြစ်သည့် ဝါစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး လိုအပ်ချက်များ၊ အခွင့်အရေးများ၊ ပံ့ပိုးဆောင်ရွက်ပေးသည့်အချက်များ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Middle Stream ဖြစ်သည့် ဝါဂွမ်းမှ အထည်အလိပ် ထုတ်လုပ်ခြင်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးလိုအပ်ချက်များ၊ အခွင့်အရေးများ၊ ပံ့ပိုးဆောင်ရွက်ပေးသည့်အချက်များ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Down Stream ဖြစ်သည့် အထည်အလိပ်မှ အဝတ်အထည်ချုပ်လုပ် ဖြန့်ဖြူးခြင်းနှင့် ဈေးကွက်မြှင့်တင်ခြင်းအတွက် လိုအပ်ချက်များ၊ အခွင့်အရေးများ၊ ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာစေရေး ပံ့ပိုးဆောင်ရွက်ပေးရမည့်အချက်များနှင့် ကျွမ်းကျင်လုပ်သားလိုအပ် ချက်ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ထုတ်လုပ်မှုကွင်းဆက်တစ်လျှောက် ဖွံ့ဖြိုးတိုးတက်စေရေး၊ လိုအပ်သောနည်းပညာနှင့် ငွေကြေးအရင်းအမြစ်ရရှိရေး၊ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်မှု၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု၊ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာစေရေးနှင့် နိုင်ငံတော်မှ ပံ့ပိုးပေးရမည့်အချက်များဖော်ထုတ်ရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အုပ်စုတစ်ခုချင်းစီ အလိုက် ဆွေးနွေးကြပြီး ရရှိလာသည့်အချက်များကို ပြန်လည် ရှင်းလင်းပြောကြားသည်။ ထို့နောက် တက်ရောက်လာသည့် ကိုယ်စားလှယ်များက ထုတ်လုပ်မှုကွင်းဆက် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့ဆက်ဆောင်ရွက်ရမည့်အချက်များ ဖော်ထုတ်ခြင်းနှင့် ရေးဆွဲမည့်လုပ်ငန်းအစီအမံတွင် ပါဝင်သင့်သည့် အချက်အလက်များ၊ ပါဝင်သင့်သည့် ဌာနအဖွဲ့အစည်းများကို ဝိုင်းဝန်းဖော်ထုတ် ဆွေးနွေးကြသည်။

ဝင်ငွေတိုးတက်လာမည်

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ပြည်တွင်းရှိတပ်ဆင်ထားရှိသော ဝါကြိတ်စက်များသည် အရည်အသွေးရှိပြီး စွမ်းဆောင်ရည်မြင့်မားစွာ  အသုံးပြုနိုင်သည့် စက်ပစ္စည်းများဖြစ်ကြောင်း၊ ဝါစိုက်ပျိုးသည်မှ အဝတ်အထည်ရက်လုပ်သည့် ကွင်းဆက်တစ်လျှောက်ရှိ တောင်သူများ၊ ဝါကြိတ်စက်များ၊ ချည်မျှင်ထုတ်လုပ်သည့်စက်ရုံများ၊ အထည်စက်ရုံများ၊ အထည်ချုပ်လုပ်ငန်းများ အလုပ်အကိုင်ရရှိ၍ ဝင်ငွေတိုးတက်ပြီး လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ ထို့ပြင် ပြည်ပမှ ချည်မျှင်နှင့်အဝတ်အထည်များ တင်သွင်းရမှုလျှော့ချနိုင်သဖြင့် နိုင်ငံခြားငွေ အသုံးပြုရမှု လျော့နည်းသက်သာမည်ဖြစ်ကြောင်း၊ အလုပ်ရုံဆွေးနွေးပွဲမှ ရရှိသည့်အချက်များကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးသို့ ဆက်လက်တင်ပြဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

သတင်းစဉ်

Newspaper

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက်၊ မေ ၁၈ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 18, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက်၊ မေ ၁၇ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 17, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက်၊ မေ ၁၆ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 16, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

Announcement

ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေနှင့်အညီ စာအုပ်စာစောင်များပေးအပ်ရန် အသိပေးကြေညာချက်

Ministry of Information / Posted on May 18, 2024

၂၀၁၄ ခုနှစ်၊ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ၊ နည်းဥပဒေများအရ ထုတ်ဝေသူများသည် မိမိတို့ထုတ်ဝေသည့် စာအုပ်စာစောင် ၅ အုပ် သို့မဟုတ် ၅ စောင်ကို ပြန်ကြားရေးဝန်ကြီးဌာနသို့ အဖိုးအခလွတ်ပေးအပ်ရမည်ဖြစ်ပါသည်။ ပြန်ကြားရေးဝန်ကြီးဌာနသည် အဆိုပါစာအုပ်စာစောင်များကို မူပိုင်ခွင့်နှင့် စာအုပ်စာရင်း ၂ အုပ်၊ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီသို့ ၂ အုပ်နှင့် အမျိုးသားမှတ်တမ်းများ...

နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ကန့်ကွက်နိုင်ကြောင်း ကြော်ငြာခြင်း

Naypyitaw Development Committee / Posted on May 16, 2024

နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ကန့်ကွက်နိုင်ကြောင်း ကြော်ငြာခြင်း

အမြဲတမ်းအတွင်းဝန်/ ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ပေးအပ်ခြင်း

Ministry of Information / Posted on May 16, 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးမှ ဦးအောင်ကျော်မိုးအား အမြဲတမ်းအတွင်းဝန်/ ညွှန်ကြားရေးမှူးချုပ်တာဝန်များကို ထမ်းဆောင်ရန် တာဝန်ပေးအပ်လိုက်သည်။

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023