၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပြင်ဦးလွင်ခရိုင်မှ လူရည်ချွန် မောင်/မယ်များ၏ ရင်တွင်းစကားသံများ


Ministry of Information/ Naypyitaw / April 28, 2024
image_latest


တွေ့ဆုံမေးမြန်း - ဝါဝါလွင် ၊ ယမင်းလှိုင်

ဓာတ်ပုံမှတ်တမ်း - ဇော်မျိုးထိုက်

ထို့နောက် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် လူရည်ချွန်မောင်မယ်များကို ရွေးချယ်နိုင်ခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုအခြေအနေအရ လူရည်ချွန်စခန်းများသို့စေလွှတ်ခြင်းကို ရပ်နားခဲ့ရသည်။ ၂၀၂၀-၂၀၂၁ ပညာသင်နှစ်နှင့် ၂၀၂၁ -၂၀၂၂ ပညာသင်နှစ်တို့တွင် ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်မှုအခြေအနေအရ လူရည်ချွန်စီမံကိန်းကို ခေတ္တရပ်နားခဲ့ရာမှ ၂၀၂၂ -၂၀၂၃ ပညာသင်နှစ်မှစ၍ ပြန်လည်အကောင် ဖော်ဆောင်ရွက်နိုင်ခဲ့သည်။

လူရည်ချွန်စီမံကိန်းကို ဆောင်ရွက်ရာတွင် ဉာဏ်ပညာထူးချွန်ပြီး ကျန်းမာသန်စွမ်းကာ အကျင့်စာရိတ္တကောင်းမွန်သည့် ထူးချွန်ထက်မြက်သော ကျောင်းသားလူငယ်များ ပေါ်ထွန်းလာစေရန်၊ ပညာရေးလက်တွေ့ ဖွံဖြိုးမှုလုပ်ငန်းများတွင် ပိုမိုစိတ်ပါဝင်စားလာပြီး နိုင်ငံ့အကျိုးပြုလုပ်ငန်းများ၌ ပါဝင်ဆောင်ရွက်နိုင်စေသည့် နိုင်ငံ့သားကောင်းများ ပေါ်ပေါက်လာစေရန်နှင့် ထူးချွန်ထက်မြက်သော ကျောင်းသား ကျောင်းသူများကို စံနမူနာပြု၍ ကျောင်းသားလူငယ်များအား ပြုစုပျိုးထောင်ပေးရန်ဟူသော ရည်ရွယ်ချက်(၃)ရပ်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် လူရည်ချွန်များ၏ အမည်စာရင်းကို ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနမှ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ထုတ်ပြန်ပေးခဲ့သည်နှင့်အညီ ၂၀၂၃- ၂၀၂၄ ပညာသင်နှစ်အတွက် ပြင်ဦးလွင်ခရိုင်အတွင်းရှိ လူရည်ချွန်မောင်/ မယ်များအား တွေ့ဆုံမေးမြန်းထားသည်များကို ယခုလိုဖော်ပြလိုက်ရပါ သည်-

မေး ။  ။ သမီးရဲ့အမည်နဲ့ လူရည်ချွန်အဖြစ်ရွေးချယ်ခံခဲ့ရမှု ပညာသင်နှစ်များနဲ့ ကိုယ်စားပြု မြို့နယ်နဲ့ကျောင်းအမည်ကို ပြောပြ ပေးပါဦး။

မနေခြည်လင်းလဲ့။ ။ သမီးကတော့ ပြင်ဦးလွင်ခရိုင် ပြင်ဦးလွင်မြို့ စာပန်းအိမ် ကိုယ်ပိုင်အထက်တန်းကျောင်း ကနေ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် Grade-11 မှာ ပထမအကြိမ် လူရည်ချွန်၊ အခု ၂၀၂၃-၂၀၂၄ ပညာသင်နှစ် Grade-12 မှာ ဒုတိယအကြိမ် လူရည်ချွန် လူရည်ချွန် နှစ်ထပ်ကွမ်းအနေနဲ့ ရွေးချယ်ခံထားရတာပဲ ဖြစ်ပါတယ်ရှင်။

မေး ။  ။ ဒီလိုမျိုး ပြင်ဦးလွင်ခရိုင် ကိုယ်စားပြု စာပန်းအိမ်ကိုယ်ပိုင် အထက်တန်းကျောင်းအတွက် နှစ်ထပ်ကွမ်းလူရည်ချွန်ဖြစ်ရ တဲ့အပေါ် ၀မ်းသာပီတိစကားလေး ကြားပါရစေ။

မနေခြည်လင်းလဲ့။ ။ အခုလို စာပန်းအိမ်ကိုယ်ပိုင်ကျောင်း ပြင်ဦးလွင်ခရိုင်ကနေ နှစ်ထပ်ကွမ်းလူရည်ချွန်ဖြစ်ရတဲ့အတွက် အတိုင်းမသိဂုဏ်ယူဝမ်းမြောက်မိပါတယ်ရှင်။ ဒီလိုလူရည်ချွန် ရရှိတာကလည်း သမီးတို့ကျောင်းဖြစ်တဲ့ စာပန်းအိမ်ကိုယ်ပိုင်ကျောင်းရဲ့ ဖခင် ဒေါက်တာကျော်စောနဲ့တကွ ဆရာ ဆရာမများ၊ မိဘများရဲ့ပံ့ပိုးမှုကြောင့် ရရှိခဲ့တာပဲဖြစ်ပါတယ်ရှင်။ ဒါကြောင့် ဆရာနဲ့မိဘများရဲ့ ပံ့ပိုး မှုများကို အလဟဿမဖြစ်စေဘဲ နှစ်ထပ်ကွမ်းလူရည်ချွန်အဖြစ် မှတ်တမ်း တင်နိုင်ခဲ့လို့ အလွန်ပဲဂုဏ်ယူမိပါတယ်ရှင်။

မေး ။  ။ ဆက်လက်ပြီး သားရဲ့အမည်နဲ့ လူရည်ချွန်အဖြစ် ရွေးချယ်ခံခဲ့ရမှု ပညာသင်နှစ်များနဲ့ ကိုယ်စားပြု မြို့နယ်နဲ့ ကျောင်း အမည်ကို ပြောပြပေးပါဦး။

မောင်ရန်လင်းအောင်။ ။ ပြင်ဦးလွင်ခရိုင် ပြင်ဦးလွင်မြို့ စာပန်းအိမ် ကိုယ်ပိုင်အထက်တန်းကျောင်းကနေ လူ ရည်ချွန်နှစ်ထပ်ကွမ်း ရရှိခဲ့တာပဲဖြစ်ပါတယ်။ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် Grade-11 မှာ ပထမအကြိမ် လူရည်ချွန်၊ အခု ၂၀၂၃-၂၀၂၄ ပညာသင်နှစ် Grade-12 မှာ ဒုတိယအကြိမ် လူရည်ချွန် လူရည်ချွန်နှစ်ထပ်ကွမ်းအနေနဲ့ ရွေးချယ်ခံထားရတာပဲဖြစ်ပါတယ်။

မေး ။ ။ မောင်ရန်လင်းအောင်အနေနဲ့ လူရည်ချွန် နှစ်ထပ်ကွမ်းဖြစ်ဖို့ ဘယ်လိုတွေ ကြိုးစားလေ့လာခဲ့ရသလဲဆိုတာ သိပါရစေ။

မောင်ရန်လင်းအောင်။ ။ ဒီလိုမျိုး နှစ်နှစ်ဆက်တိုက် နှစ်ထပ်ကွမ်းလူရည်ချွန်ဖြစ်ဖို့အတွက် လူရည်ချွန်နဲ့ သက်ဆိုင်တဲ့ ဘာသာရပ်တွေဖြစ်တဲ့ မြန်မာစာ၊ အင်္ဂလိပ်စာနဲ့ သင်္ချာဘာသာရပ်တွေကို နှစ်စကတည်းက အစွမ်းကုန်ကြိုးစားလေ့လာခဲ့ရပါတယ်။ ဗဟုသုတပိုင်းအနေနဲ့လည်း လူရည်ချွန်စာမေးပွဲမစခင် သုံးလလောက်အလိုကတည်းက နေ့စဉ်ထုတ်သတင်းစာတွေကိုဖတ်ပြီး တခြားမှတ်ဖွယ်မှတ်ရာဗဟုသုတတွေကို ရှာဖွေစုဆောင်းထားခဲ့ပါတယ်။ အားကစားပိုင်းမှာလည်း နေ့စဉ်မပြတ် အားကစားတွေလုပ်ခဲ့ပါတယ်။ ကျွန်တော်ခုလို နှစ်နှစ်ဆက်တိုက် လူရည်ချွန်အဖြစ်ရွေးချယ်ခံရတာက မိဘနဲ့ဆရာသမားတွေရဲ့ ပံ့ပိုးပေးမှုတွေလည်း အများကြီးပါခဲ့ပါ တယ်။

မေး။ ။ ဒီဘက်က သမီးရဲ့အမည်နဲ့ လူရည်ချွန်အဖြစ် ရွေးချယ်ခံခဲရမှု ပညာသင်နှစ်များကို ပြောပြပေးပါဦး။

မသီရိထွန်း။ ။ သမီးကတော့ ပြင်ဦးလွင်ခရိုင် ပြင်ဦးလွင်မြို့ စာပန်းအိမ် ကိုယ်ပိုင်အထက်တန်းကျောင်း ကိုယ်စားပြု ၂၀၂၂-၂၀၂၃ ပညာသင်နှစ်မှာ ပထမအကြိမ် လူရည်ချွန်၊ ယခု ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှာ ဒုတိယအကြိမ် လူရည်ချွန်အဖြစ် နှစ်နှစ်ဆက်တိုက် လူရည်ချွန် ရွေးချယ်ခံထားရတာပဲဖြစ်ပါတယ်။

မေး။ ။ လူရည်ချွန်ဖြစ်ရတဲ့အပေါ် သမီးကိုသွန်သင်၊ ဆုံးမ၊ သင်ပြပေးတဲ့ ဆရာ ဆရာမများနဲ့ မိခင်ကျောင်းတော်ကြီးဖြစ်တဲ့ စာပန်းအိမ်ကိုယ်ပိုင်ကျောင်းကိုရော ဘယ်လိုကျေးဇူးတင်စကားတွေ ပြောချင်ပါသလဲ။

မသီရိထွန်း။ ။ ဒီလိုမျိုး သမီးလူရည်ချွန်ဖြစ်ခဲ့တာဟာ သမီးရဲ့ မိခင်ကျောင်းတော်ကြီးဖြစ်တဲ့ စာပန်းအိမ်ကိုယ်ပိုင် အထက်တန်းကျောင်းက အုပ်ချုပ်သူဖခင်ကြီး ဒေါက်တာကျော်စော နှင့်တကွ ဆရာ ဆရာမများရဲ့ အဓိကသင်ကြားပြသပေးမှုကြောင့်ဖြစ်ပါတယ်။ မိဘ၊ ဆရာပူးပေါင်းကလေးပညာကောင်းဆိုတဲ့ စကားအတိုင်း ဆရာ ဆရာမတွေရဲ့ သင်ကြားပေးမှု၊ ပံ့ပိုးပေးမှုက ကလေးပညာကောင်းဖို့အတွက် အလွန်အရေးပါပါတယ်။ နှစ်စကတည်းက လူရည်ချွန်ဖြစ်ဖို့ အတွက် ကျောင်းတော်ကြီးက အများကြီးပံ့ပိုးပေးခဲ့ပါတယ်။

ပထမဦးဆုံးအနေနဲ့ကတော့ စာပေပိုင်းမှာဆိုရင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ အထွေထွေဗဟုသုတ၊ မြန်မာ့ယဉ်ကျေးမှုနှင့်ထုံးဓလေ့၊ စာရိတ္တနှင့် ပြည်သူ့နီတိ ဒါတွေကို သမီးတို့ကယှဉ်ပြိုင်ရတဲ့အတွက် ကျောင်းကနေ သမီးတို့ကို တစ်ဘာသာကို ဆရာနှစ်ယောက်ကနေ သုံးယောက်အထိ ခွဲခြားပြီး စနစ်တကျ သင်ကြားပေးပါတယ်။ ဒါကြောင့် စာပေအပိုင်းနဲ့ပတ်သက်လို့ လူရည်ချွန်စာမေးပွဲကို ကောင်းစွာဖြေဆိုနိုင်ပြီး အမှတ်ကောင်းကောင်းရခဲ့တာပါ။ မြန်မာ့ယဉ်ကျေးမှုနှင့်ထုံးဓလေ့၊ စာရိတ္တနှင့် ပြည်သူ့နီတိ ဘာသာရပ်အနေနဲ့ သင်ရိုးအပြင် သမီးတို့ရဲ့ဉာဏ် ကို စမ်းသပ်တဲ့ဉာဏ်စမ်းမေးခွန်းများကိုလည်း ဖြေကြားစေကာ အမြဲတမ်းလေ့ကျင့်ပေးပါတယ်။ အားကစားမှာလည်း အပတ်စဉ်တနင်္ဂနွေနေ့မှအပ ကျန်တဲ့ရက်တိုင်းမှာ အားကစားလေ့ကျင့်ခန်း ပုံမှန်လုပ်ရပါတယ်။

ကျန်းမာရေးအပိုင်းမှာဆိုရင်လည်း အပတ်စဉ်ကျန်းမာရေးစစ်ဆေးပေးပါတယ်။ ဒါ့အပြင် လိုအပ်တဲ့အားဆေးတွေ၊ ဖြည့်စွက်စာတွေ၊ အာဟာရဖြစ်မယ့် ဉာဏ်ရည်ဉာဏ်သွေးမြင့်မားစေမယ့် အစားအစာတွေနဲ့ အစားအသောက်ပိုင်းကိုလည်း ဖြည့်ဆည်းပေးပါ တယ်။ ဒါကြောင့် နှစ်ထပ်ကွမ်းလူရည်ချွန်ဖြစ်ခဲ့ရတာဟာ သင်ကြားရေး ပိုင်းက ဆရာ ဆရာမတွေသာမက၊ အဆောင်မှူးတွေ၊ နည်းပေးလမ်းပြ ကောင်းများစွာနဲ့ သမီးတို့စိတ်ဓာတ်ကျ အားငယ်နေချိန်မှာ ဘေးကနေ စိတ်ဓာတ်ခွန်အားဖြစ်စေခဲ့တဲ့ ဆရာ ဆရာများအားလုံးရဲ့ ကျေးဇူးကြောင့်ပဲ ဖြစ်ပါတယ်။

မေး ။  ။ ဒီဘက်က သမီးလေးရဲ့အမည်နဲ့ လူရည်ချွန်အဖြစ်ရွေးချယ်ခံခဲ့ရမှု ပညာသင်နှစ်များကို အရင်ပြောပြပေးပါဦး။

မဖူးနေခြည်ကို။ ။ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်မှာ ပထမအကြိမ် လူရည်ချွန်၊ ယခု ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှာ ဒုတိယအကြိမ် လူရည်ချွန်အဖြစ် ပြင်ဦးလွင်ခရိုင် ပြင်ဦးလွင်မြို့ စာပန်းအိမ် ကိုယ်ပိုင်အထက်တန်းကျောင်းမှ လူရည်ချွန်နှစ်ထပ်ကွမ်းရရှိထားတဲ့ မဖူးနေခြည်ကိုပဲ ဖြစ်ပါတယ်။

မေး။ ။ ဒီလိုလူရည်ချွန်ဖြစ်လာအောင် မိဘတွေရဲ့ ပံ့ပိုးပေးမှု၊ သွန်သင်ဆုံးမမှုကို စနစ်တကျ နာခံခဲ့ရတာနဲ့ပတ်သက်ပြီး ပြောကြား ပေးပါဦး။

မဖူးနေခြည်ကို။ ။ သမီးရဲ့မိဘတွေကတော့ သမီးကို ငယ်ငယ်ကတည်းက ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် ပြုစုပျိုးထောင် ပေးခဲ့ပါတယ်။ ကျောင်းစာတစ်မျိုးတည်းမှာတင်မကဘဲ ကာယပိုင်းဆိုင်ရာ၊ ဉာဏပိုင်းဆိုင်ရာ၊ စာရိတ္တပိုင်းဆိုင်ရာနဲ့ မိတ္တပိုင်းဆိုင်ရာတွေမှာ အားလုံးဘက်စုံ ဖွံ့ဖြိုးတိုးတက်အောင် သမီးကို မိဘတွေက ဆုံးမသွန်သင်ပေးခဲ့ပါတယ်။ အဲတာကြောင့် သမီးဒီပညာသင်နှစ်မှာ လူရည်ချွန် တစ်ယောက်ဖြစ်အောင် ကြိုးစားရတဲ့နေရာမှာ သမီးနဲ့ထပ်တူ မိဘတွေကလည်း အပင်ပန်းခံပြီး ကြိုးစားပံ့ပိုးပေးပါတယ်။ လူရည်ချွန်စာမေးပွဲ ဖြေဆိုနေချိန်ကာလမှာလည်း အခက်အခဲရှိနေတယ်ဆိုရင် သမီးမိဘတွေက အတတ်နိုင်ဆုံး နည်းပြလမ်းပြလုပ်ပေးတယ်။

ကာယကြံ့ခိုင်ရေးအပိုင်းမှာလည်း ကျွမ်းကျင်နေအောင် အားကစား ကွင်းတွေကို ပို့ပေးပါတယ်။ ညဉ့်နက်တွေအထိ စာကျက်ရင်လည်း မိဘတွေကပါ အိပ်ရေးပျက်ခံပြီး သမီးနားကနေ ထောက်ပြပံ့ပိုးပေးခဲ့ပါတယ်။ လူရည်ချွန်ဖြစ်လာဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စမဟုတ်ပါဘူး။ သမီးတို့ အကုန်လုံးဟာ စိတ်ဓာတ်ခွန်အားအပြည့်နဲ့ ကြိုးစားခဲ့ရတာပါ။ အဲဒါကြောင့် တစ်ခါတလေ ဒီလိုလူရည်ချွန်ရဖို့ ကြိုးစားခဲ့နေရင်းနဲ့ စိတ်အားငယ်ခဲ့ရတဲ့အချိန်တို့ ဆက်ပြီးပြိုင်လိုစိတ် ပျောက်ခဲ့ရတဲ့ အချိန်မျိုးတွေ လည်း ရှိခဲ့ပါတယ်။ ဒီလိုအချိန်မျိုးတွေမှာ မိဘတွေက သမီးစိတ်အား မငယ်ရအောင်၊ ဆက်ပြီးပန်းတိုင်ရောက်အောင် ကြိုးစားချင်စိတ်ရှိအောင် စိတ်ဓာတ်ခွန်အားတွေ ပေးခဲ့ပါတယ်။ ဒီလိုမျိုးမိဘတွေရဲ့ ပံ့ပိုးမှုတွေ၊ မိဘတွေရဲ့ ဆိုဆုံးမမှုတွေကို နာခံခဲ့ရတဲ့အတွက်ကြောင့် သမီးက အခုလို နှစ်ထပ်ကွမ်းလူရည်ချွန်ရရှိခဲ့တာပဲ ဖြစ်ပါတယ်ရှင်။

မေး။ ။ နောက်ထပ် ဒီဘက်ကသားလေးကို ဆက်လက်မေးမြန်းချင်ပါတယ်။ သားရဲ့အမည်နဲ့ လူရည်ချွန်အဖြစ် ရွေးချယ်ခံခဲ့ရမှု ပညာသင်နှစ်နဲ့ ကိုယ်စားပြုမြို့နယ်နဲ့ ကျောင်းအမည်ကို ပြောပြ ပေးပါဦး။

မောင်ကျော်စွာဟိန်း။  ။ သားကတော့ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်မှာ ပထမအကြိမ် လူရည်ချွန်၊ အခု ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှာ ဒုတိယအကြိမ်အဖြစ် လူရည်ချွန်နှစ်ထပ်ကွမ်းအနေနဲ့ ရွေးချယ်ခံထားရတာပဲဖြစ်ပါတယ်။

မေး။ ။ မောင်ကျော်စွာဟိန်းအနေနဲ့ လူရည်ချွန်နှစ်ထပ်ကွမ်းအခုလို ရရှိအောင်အတွက် ကြိုတင်ပြင်ဆင်ခဲ့တာတွေကို နောင်မျိုးဆက်သစ် ညီငယ်/ ညီမငယ်တွေ ဗဟုသုတအဖြစ် သိရအောင် ပြောပြပေးပါဦး။

မောင်ကျော်စွာဟိန်း။  ။ စာပေဘက်မှာဆိုရင်တော့ လူရည်ချွန်မေးခွန်းတွေဖြစ်တဲ့ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာဘာသာရပ်တွေရဲ့ ပြဋ္ဌာန်းစာအုပ်တွေကို သေချာပိုင်နိုင်အောင် လေ့ကျင့်ပါတယ်။ အင်္ဂလိပ်စာမှာဆိုရင်တော့ Grammar ပိုင်းကို အစောကြီးကတည်းက လေ့လာထားပါတယ်။ အားကစားဘက်မှာဆိုရင် အပြေး၊ ဒိုက်ထိုး စတာတွေကိုလည်း ကြိုတင်လေ့ကျင့်ထားပါတယ်။ ဘာပဲလုပ်လုပ် ဖြည်းဖြည်းနဲ့ မှန်မှန်ပဲ လေ့ကျင့်ပါတယ်ခင်ဗျာ။

မေး။ ။ နောက်ထပ်တစ်ဦးအနေနဲ့ လူရည်ချွန် မောင်စည်သူကျော်ဇောကို မေးမြန်းချင်ပါတယ်။ လူရည်ချွန်တစ်ယောက် ဖြစ်ဖို့ စာပေအပိုင်းသာမက အားကစားနှင့် တခြားသော စာရိတ္တပိုင်း ဆိုင်ရာများအပေါ် လေ့လာခဲ့ရမှုအပိုင်းတွေကို ရှင်းပြပေးပါဦး ။

မောင်စည်သူကျော်ဇော။                 ။        အားကစားပိုင်းမှာဆိုရင် ရှေ့က အစ်ကိုတွေပြောသွားသလိုပဲ ကျွန်တော်နွေရာသီကတည်းက နေ့စဉ် စံချိန်မကျအောင် လေ့ကျင့်ခဲ့ပါတယ်။ စာရိတ္တပိုင်းမှာဆိုရင်လည်း စာရိတ္တနှင့် လောကနီတိစာအုပ်တွေကို လေ့လာဖတ်ရှုခဲ့ရပါတယ်။

မေး။ ။ မောင်စည်သူကျော်ဇောအနေနဲ့ လူရည်ချွန်အတွက် အထွေထွေဗဟုသုတပိုင်းနဲ့ ပတ်သက်ပြီး ကြိုတင်လေ့လာခဲ့ရတာ များရှိရင် ပြောပြပေးပါဦး။

မောင်စည်သူကျော်ဇော။ ။ အထွေထွေဗဟုသုတအပိုင်းမှာဆိုလည်း ဆရာတွေ လမ်းညွှန်ပေးသလို ကျွန်တော် နေ့စဉ်ထုတ်သတင်းစာတွေ ဖတ်ခဲ့ရတယ်။ ဆရာတွေပေးတဲ့ အခြားဗဟုသုတရမယ့်စာတွေ၊ မှတ်စုစာအုပ်တွေကို ရှာဖွေလေ့လာခဲ့ရ တယ်။ ဗဟုသုတဖြစ်မယ့် အကြောင်းအရာတွေကို အပြန်အလှန် ဆွေးနွေးလို့ရမယ့်၊ မေးမြန်းလို့ရမယ့် သူငယ်ချင်းဖြစ်ဖြစ်၊ အဖေ အမေ ဖြစ်ဖြစ် ဆွေးနွေးပေးရင် ပိုမိုတိုးတက်စေမယ်လို့ ထင်ပါတယ်။ ဘာဖြစ် လို့လဲဆိုတော့ ဗဟုသုတနှုတ်မေး၊ နှုတ်ဖြေမှာဆိုရင် ဒီအချက်တွေကလိုအပ်လို့ ကိုယ့်ကိုမေးမြန်းပေးမယ့်၊ ဆွေးနွေးပေးနိုင်မယ့်သူရှိရင် ပိုပြီးကိုယ့်အတွက် အထောက်အကူဖြစ်မယ်လို့ ထင်ပါတယ်။

မေး ။  ။ ဆက်လက်ပြီး ဒီဘက်ကသမီးလေးကို မေးချင်ပါတယ်။ သမီးလို လူရည်ချွန်အပါအဝင် မြန်မာတစ်နိုင်ငံလုံးက လူရည်ချွန်တွေနဲ့တွေ့ဆုံပွဲကို နေပြည်တော် MICC II မှာ အခုလ ၂၆ ရက် နေ့မှာ ကျင်းပမယ်လို့ သိရပါတယ်။ အဲဒီအပေါ်မှာ လူရည်ချွန်တစ်ယောက် အနေနဲ့ခံစားချက်ကို သိပါရစေ။

မဆုလင်းထက်။ ။ သမီးအနေနဲ့ ဧပြီလ ၂၆ ရက်နေ့ နေပြည်တော် MICC II မှာ နိုင်ငံတော်အဆင့် ကျင်းပမယ့် လူရည်ချွန်တွေ့ဆုံပွဲကို တက်ရောက်ရမယ့်အတွက် အလွန်ပဲဝမ်းသာပီတိဖြစ်ရပါတယ်ရှင်။ ဒါ့အပြင် အရင်ပညာသင်နှစ်တွေမှာ လူရည်ချွန်အဖြစ် ရွေးချယ်ခံထားရတဲ့ နှစ်ထပ်ကွမ်း လူရည်ချွန်၊ သုံးထပ်ကွမ်း လူရည်ချွန်တွေအပြင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှာ Grade-9 လူရည်ချွန်အဖြစ် ရွေးချယ်ခံထားရတဲ့ သူငယ်ချင်းတွေနဲ့လည်း တွေ့ဆုံ ခွင့်ရပြီး မိတ်ဆွေအသစ်တွေတိုးမှာဖြစ်လို့ သမီးအနေနဲ့ ပျော်ရွှင်စိတ် လှုပ်ရှားမိပါတယ်ရှင်။

မေး။ ။ ဒီလို လူရည်ချွန်တွေ့ဆုံပွဲမှာ အသိပညာပေး၊ နည်းပညာဆိုင်ရာ ပြခန်းတွေ၊ ပြပွဲတွေနဲ့ ဖျော်ဖြေရေး အစီအစဉ်များ ကိုပါ ထည့်သွင်းထားမယ်လို့ သိရပါတယ်။ ဒီအပေါ်မှာ လူရည်ချွန် အတွက် ဘယ်လိုအကျိုးရှိမယ်လို့ ထင်ပါသလဲ။

မဆုလင်းထက်။ ။ ဟုတ်ကဲ့ပါရှင်။ ဒီပွဲမှာပြသမယ့် နည်းပညာ ပြခန်းတွေ၊ အထွေထွေဗဟုသုတပြခန်းတွေ၊ အသိပညာပေးပြခန်းတွေကို လေ့လာခွင့်ရမယ့်အတွက် အလွန်ပဲ ဝမ်းသာပီတိဖြစ်မိပါတယ်။ နည်းပညာပြခန်းတွေမှာဆိုရင် အခုခေတ်နဲ့အညီ တိုးတက်နေတဲ့ နည်းပညာအသစ်တွေကို သူငယ်ချင်းတွေနဲ့အတူ စူးစမ်းလေ့လာခွင့်ရမယ်။ မျက်မြင်လည်း တွေ့ရှိခွင့်ရမှာဖြစ်တဲ့အတွက် စိတ်လှုပ်ရှားမိပါတယ်။ အခြားပြခန်းတွေမှာလည်း လူရည်ချွန်စီမံကိန်း ဖြစ်ပေါ်လာခဲ့တဲ့ သမိုင်းကြောင်းတွေနဲ့အတူ လူရည်ချွန်ဟောင်းတွေနဲ့ လည်း တွေ့ဆုံရင်းနှီးခွင့်ရမှာဖြစ်လို့ ပျော်ရွှင်မိပါတယ်ရှင်။

မေး။ ။ သားလေး မောင်ထွဋ်မြတ်လင်းအနေနဲ့ ဒီနှစ်ပညာသင်နှစ်မှာတော့ လူရည်ချွန်အဖြစ် ရွေးချယ်ခံခဲ့ရသလို နောင် အနာဂတ်မှာရော လူရည်ချွန်အဖြစ်ရွေးချယ်ခြင်းခံရဖို့ ဘယ်လိုမျိုး ဆက်လက်ကြိုးစားသွားမယ်ဆိုတဲ့ အနာဂတ်ရည်မှန်းချက်နဲ့ နိုင်ငံတော် ရဲ့ ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံတော်တည်ဆောက်ရေးမှာ လူငယ်မျိုးဆက် သစ်လူရည်ချွန်တစ်ယောက်အနေနဲ့ ဘယ်လိုမျိုးပါဝင်သွားမလဲဆိုတာ သိပါရစေ။

မောင်ထွဋ်မြတ်လင်း။ ။ သားအနေနဲ့ နောင်ပညာသင်နှစ်တွေမှာလည်း ရှေ့က အစ်ကို အစ်မတွေကို လူရည်ချွန် နှစ်ထပ်ကွမ်းဖြစ်ဖို့ ဆက်လက်ကြိုးစားသွားမှာပဲ ဖြစ်ပါတယ်ခင်ဗျာ။ ပညာရေးအပိုင်းမှာတော့ အသိပညာပေးကဏ္ဍမှာပါဝင်ပြီး နောင်မျိုးဆက်သစ် ညီ/ ညီမလေးများကို မိမိသိထား၊ တတ်ထားသမျှ မျှဝေပေးသွားမှာဖြစ်ပါတယ်။ လူရည်ချွန်တစ်ယောက်အနေနဲ့ အနာဂတ်နိုင်ငံတော်တည်ဆောက်ရေးမှာ ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ပါဝင် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

မေး။ ။ မျိုးဆက်သစ် လူရည်ချွန်တွေအတွက် မောင်ထွဋ်မြတ်လင်းအနေနဲ့ အကြံပြုစကားလေး ပြောကြားပေးပါဦး။

မောင်ထွဋ်မြတ်လင်း။ ။ ကျွန်တော့်အနေနဲ့ နောင်မျိုးဆက်သစ်လူရည်ချွန်တွေကို ပြောချင်တာကတော့ စာအုပ်၊ စာပေတွေကိုများများဖတ်ကြပါ။ လူရည်ချွန်မဖြေခင် ကြိုတင် ပြင်ဆင်ချိန်များများယူပါ။ နေ့စဉ်ထုတ်သတင်းစာအပါအဝင် အထွေထွေ ဗဟုသုတများကို လေ့လာဖတ်ရှုကြပါ။ နောက်ဆုံးမှာချင်တာကတော့ လူရည်ချွန်တစ်ယောက်ဖြစ်ချင်တယ်ဆိုရင် အဓိကကတော့ စာရိတ္တမဏ္ဍိုင်ကို ခိုင်မာအောင်တည်ဆောက်ကြပါ။ ဒါ့အပြင် အားကစား၊ ကိုယ်ကာယကြံ့ခိုင်မှုနဲ့ ကျန်းမာအောင်ရယ် ပုံမှန်လေ့ကျင့်ခန်းလုပ်ကြပါ။ နောက်တစ်ချက်အနေနဲ့ စာပေပိုင်းကို နိုင်နင်းအောင် လေ့လာထားမယ်ဆိုရင် လူရည်ချွန်တစ်ယောက် မလွဲမသွေဖြစ်လာမှာပါလို့ အကြံပြုပါရစေ ခင်ဗျာ။

ဒေါ်ယမင်းလှိုင်။ ။ အခုလို ပြည့်ပြည့်စုံစုံ ဖြေကြားပေးတဲ့ လူရည်ချွန် မောင်မယ် ရှစ်ယောက်ကို အထူးပင်ကျေးဇူးတင်ရှိ ပါတယ်။ လူရည်ချွန်မောင်မယ်များကို စနစ်တကျဖြင့် အောင်မြင်စွာရွေးချယ် ဆောင်ရွက်နိုင်ခြင်းသည် ပညာရေးဝန်ကြီးဌာန၏ အောင်မြင်မှု ပြယုဂ်သာမက နိုင်ငံတော်၏ လူမှုရေးဦးတည်ချက်ဖြစ်သည့် “တစ်နိုင်ငံလုံး အသိပညာ အတတ်ပညာဖြင့် မြင့်မားတိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှု အထောက်အကူပြုပညာရှင်များ ထွန်းကားလာစေရေးအတွက် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကို အကောင် အထည်ဖော်ဆောင်ရေး” နှင့် “နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ် များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့် ပြည့်စုံသောလူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေး ”ဟူသော ဦးတည်ချက်များကို ပေါက်မြောက် အောင်မြင်စေသည့် လုပ်ငန်းစဉ်တစ်ရပ်လည်းဖြစ်ပါကြောင်း မေးမြန်းရေးသား တင်ပြလိုက်ရပါသည်။

Newspaper

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၃ ရက် ၊ မေ ၁၀ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 10, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၂ ရက် ၊ မေ ၉ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 09, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁ ရက် ၊ မေ ၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ May 08, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

Announcement

မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာနုဂ္ဂဟအသင်း(ဗဟို)၏ သဘောထားထုတ်ပြန်ချက်

Ministry of Information / Posted on May 11, 2024

မေလ ၉ ရက်နေ့ နံနက်ပိုင်းတွင် မြင်းခြံမြို့နယ် ဆီမီးခုံကျေးရွာ၏ အရှေ့ဘက်ရှိ ဆုံရွာကျေးရွာအား PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်းကြောင့် ကျေးရွာနေ ဒေသခံပြည်သူ အမျိုးသား ၁၇ ဦး၊ အမျိုးသမီး ၁၅ ဦး စုစုပေါင်း ၃၂ ဦး သေဆုံးခဲ့ပြီး အမျိုးသား ၅ ဦး၊ အမျိုးသမီး ၉ ဦး စုစုပေါင်း ၁၄ ဦး ဗုံးစထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သတင်းကို စိတ်မချမ်းမြေ့ဖွယ်ရာ...

ကြော်ငြာစာအမှတ်(၆/၂၀၂၃)ဖြင့် ဝန်ကြီးဌာနနှင့်အဖွဲ့အစည်း(၂၁)ခုတွင် လစ်လပ်လျက်ရှိသော ရာထူးနေရာများတွင် ရွေးချယ်ခံရသူများအနေဖြင့် သင်တန်းတက်ရောက်ရန် အကြောင်းကြားစာ

Union Civil Service Board / Posted on May 10, 2024

ကြော်ငြာစာအမှတ်(၆/၂၀၂၃)ဖြင့် ဝန်ကြီးဌာနနှင့်အဖွဲ့အစည်း(၂၁)ခုတွင် လစ်လပ်လျက်ရှိသော ရာထူးနေရာများတွင် ရွေးချယ်ခံရသူများအနေဖြင့် သင်တန်းတက်ရောက်ရန် အကြောင်းကြားစာ

ကြော်ငြာစာအမှတ်(၆/၂၀၂၃)ဖြင့် ဝန်ကြီးဌာနနှင့်အဖွဲ့အစည်း(၂၁)ခုမှ လစ်လပ်ရာထူးများအတွက် ရွေးချယ်ခံရသူများ သတင်းပို့ရမည့်လိပ်စာ/ ဖုန်းနံပါတ်

Union Civil Service Board / Posted on May 10, 2024

ကြော်ငြာစာအမှတ်(၆/၂၀၂၃)ဖြင့် ဝန်ကြီးဌာနနှင့်အဖွဲ့အစည်း(၂၁)ခုမှ လစ်လပ်ရာထူးများအတွက် ရွေးချယ်ခံရသူများ သတင်းပို့ရမည့်လိပ်စာ/ ဖုန်းနံပါတ်

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023