ဆုံးရှုံးနိုင်ခြေမြင့်မားသော မှုခင်းများနှင့်ဆက်နွှယ်သည့် ငွေကြေးခဝါချမှုဆုံးရှုံးနိုင်ခြေများအား ဖော်ထုတ်ခြင်းဆိုင်ရာ အစည်းအဝေးကျင်းပ


Ministry of Information/ Naypyitaw / December 06, 2023
image_latest


နေပြည်တော် ဒီဇင်ဘာ ၅

ဆုံးရှုံးနိုင်ခြေမြင့်မားသော မှုခင်းများနှင့် ဆက်နွှယ်သည့် ငွေကြေးခဝါချမှုဆုံးရှုံးနိုင်ခြေများအား ဖော်ထုတ်ခြင်းဆိုင်ရာ အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၌ ကျင်းပရာ ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့ဒုတိယဥက္ကဋ္ဌ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်းတက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။

ပြောကြား

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်းက လက်ငင်း ရလဒ် - ၁ နှင့် စပ်လျဉ်း၍ ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုနှင့် သက်ဆိုင်သည့် ဆုံးရှုံး
နိုင်ခြေအပေါ် နားလည်သိရှိမှုတိုးတက်ကြောင်းနှင့် အထောက်အထားများကို ပြသရန်လိုအပ်ကြောင်း၊ ဆုံးရှုံးနိုင်ခြေမြင့်မားသည့် မူးယစ်ဆေးဝါးမှုခင်းများ၊ အဂတိလိုက်စားမှုများ(ဩဇာတိက္ကမရှိသူများ အပါအဝင်)၊ နယ်စပ်ဖြတ်ကျော် မှောင်ခိုမှုများနှင့် အားနည်းချက်ရှိသည့် နယ်စပ်ဒေသများ၊ ကုမ္ပဏီအဖွဲ့အစည်းများနှင့်ဆက်နွှယ်သည့် ငွေကြေးခဝါချမှု ဆုံးရှုံးနိုင်ခြေများအားဖော်ထုတ်ရန်၊ အာဏာပိုင်များနှင့် ပုဂ္ဂလိကကဏ္ဍတို့မှ နားလည်သိရှိမှုပြောင်းလဲလာကြောင်း၊ တိုးတက်ကြောင်းကို ဆက်လက်တင်ပြရန်နှင့် နားလည်သိရှိမှု တိုးတက်စေရန် ကြိုးပမ်းဆောင်ရွက်ချက်များတွင် ပုဂ္ဂလိကကဏ္ဍမှ ပါဝင်ဆောင်ရွက်ချက်များကို ပြသရန်နှင့် သက်ဆိုင်ရာအာဏာပိုင်များနှင့် သတင်းပို့အဖွဲ့အစည်းများအနေဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာလင်းအောင်က လက်ငင်းရလဒ်-၁ နှင့် စပ်လျဉ်း၍ ဆောင်ရွက်ရန်ကျန်ရှိသည့်အချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဥပဒေစိုးမိုးရေးအဖွဲ့အစည်းများ၊ ကြီးကြပ်ရေးအာဏာပိုင်များ၊ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့နှင့် သတင်းပို့အဖွဲ့အစည်းများအားလုံး ပါဝင်ပြီး မိမိတို့ဌာနနှင့်သက်ဆိုင်သည့် ကဏ္ဍအလိုက် လိုအပ်သောအစီရင်ခံစာများကို ထုတ်ပြန်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အတွင်းရှိ AML/CFT လုပ်ငန်းများ ဆောင်ရွက်သည့် အဖွဲ့အစည်းများအားလုံး ပါဝင်ဆောင်ရွက်ရမည်ဖြစ်သည့်အပြင် လက်ငင်း ရလဒ်-၁ အား အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် အခြားလက်ငင်းရလဒ်များတွင် အထောက် အကူပြုမည်ဖြစ်ခြင်းကြောင့် လက်ငင်းရလဒ်- ၁ အတွက် အလေးထားဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားသည်။

ယင်းနောက် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ညွှန်ကြားရေးမှူးချုပ် ဦးမင်းဟန်စိုး၊ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ရဲမှူးချုပ်မျိုးသူစိုးနှင့် တာဝန်ရှိသူများက ဆုံးရှုံး
နိုင်ခြေမြင့်မားသောမှုခင်းများနှင့် ဆက်နွှယ်သည့် ငွေကြေးခဝါချမှု ဆုံးရှုံးနိုင်ခြေများအား ဖော်ထုတ်ရာတွင် လိုအပ်သည့် အချက်အလက်များကို ပံ့ပိုးပေးရေးနှင့် ဌာနအလိုက် ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းဆွေးနွေးကြသည်။

အစည်းအဝေးသို့ ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့ ဒုတိယဥက္ကဋ္ဌနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်အရာရှိကြီးများ၊ ငွေကြေးခဝါချမှုနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

သတင်းစဉ်

Newspaper - 2678 items

၁၃၈၅ ခုနှစ်၊ တပို့တွဲလဆန်း ၁၄ ရက်၊ ဖေဖော်ဝါရီ ၂၃ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ February 23, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တပို့တွဲလဆန်း ၁၃ ရက်၊ ဖေဖော်ဝါရီ ၂၂ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ February 22, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တပို့တွဲလဆန်း ၁၂ ရက်၊ ဖေဖော်ဝါရီ ၂၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ February 21, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တပို့တွဲလဆန်း ၁၁ ရက်၊ ဖေဖော်ဝါရီ ၂၀ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ February 20, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တပို့တွဲလဆန်း ၁၀ ရက်၊ ဖေဖော်ဝါရီ ၁၉ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ February 19, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တပို့တွဲလဆန်း ၉ ရက်၊ ဖေဖော်ဝါရီ ၁၈ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ February 18, 2024

Publication Date: 2024

Page: 32page

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တပို့တွဲလဆန်း ၈ ရက်၊ ဖေဖော်ဝါရီ ၁၇ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ February 17, 2024

Publication Date: 2024

Page: 32page

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တပို့တွဲလဆန်း ၇ ရက်၊ ဖေဖော်ဝါရီ ၁၆ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ February 16, 2024

Publication Date: 2024

Page: 32page

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တပို့တွဲလဆန်း ၆ ရက်၊ ဖေဖော်ဝါရီ ၁၅ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ February 15, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တပို့တွဲလဆန်း ၆ ရက်၊ ဖေဖော်ဝါရီ ၁၅ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ February 15, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download