တရုတ်ဈေးကွက်အနေအထားကို သိရှိနိုင်ရန် သရက်သီးစမ်းသပ်တင်ပို့နေ ၁၆ ကီလိုတစ်ခြင်းလျှင် ယွမ် ၁၄၀ အထိ ဈေးရရှိ


Ministry of Information/ Naypyitaw / May 02, 2024
image_latest


ရန်ကုန် မေ ၁

တရုတ်နိုင်ငံရှိ ဈေးကွက်အနေအထားကို သိရှိနိုင်ရန် သရက်သီးစမ်းသပ်တင်ပို့နေပြီး ၁၆ ကီလို တစ်ခြင်းလျှင် ယွမ် ၁၄၀ အထိ ဈေးရရှိနေကြောင်း သရက်တင်ပို့နေသည့် သစ်သီးပွဲရုံတစ်ရုံမှ သိရသည်။

လက်ရှိတွင် ၎င်းတို့အနေဖြင့် ပြည်တွင်းထွက်သရက်သီး တန် ၃၀ ခန့် တရုတ်ဘက်သို့စမ်းသပ်တင်ပို့ထားပြီး လက်ရှိပေါက်ဈေးအရ ဈေးနှုန်းမှာ ၁၆ ကီလိုတစ်ခြင်းကို ယွမ် ၁၀၀ မှ ၁၄၀ အတွင်း ရောင်းနေရကြောင်းလည်း အဆိုပါ သစ်သီးပွဲရုံမှ တာဝန်ရှိသူက ပြောသည်။

အခုကတော့ တရုတ်ကို သရက်စမ်းသပ်ပို့နေတဲ့ အနေအထားမှာရှိတယ်။ ဈေးနှုန်းကတော့ ၁၆ ကီလို တစ်ခြင်းကို ယွမ် ၁၀၀ ကနေ ၁၄၀ အတွင်း ရောင်းရတယ်။ တစ်ခြင်းကို အလုံး ၅၀ လောက် ပါတယ်။

ဈေးနှုန်းကတော့ ပုံမှန်လောက်တော့ရှိတယ်။ တစ်ခု က လမ်းခရီးကြန့်ကြာမှုတွေလည်းရှိတော့ အသီးက မလတ်ဆတ်တာ​တွေဆိုရင် ရေရှည်အတွက်တော့ အန္တရာယ်ရှိတယ်။ အသီးမှည့်လာပြီဆိုရင်တော့ ဈေးနှုန်းကမရနိုင်ဘူးဟု ၎င်းကပြောသည်။

လက်ရှိ တရုတ်ဘက်သို့ မိုင်းလားဘက် လမ်းကြောင်းမှ သရက်သီးတင်ပို့နေရပြီး လမ်းခရီးအနေဖြင့် လေးရက်ခန့်အထိကြာမြင့်၍ သရက်သီးအရည်အသွေးကောင်းမွန်မှသာ ဈေးကောင်းရရှိနိုင်ပြီး ကုန်ကျစရိတ်၊ ရာသီဥတုအပူချိန်၊ လမ်းခရီးကြန့်ကြာမှုကြောင့် ပြည်ပသို့တင်ပို့ရန် ဈေးကွက်အခြေအနေကို စောင့်ကြည့်မှုများရှိနေသည်။

မြန်မာ့သရက်သီးကို ဧပြီလမှစ၍ ပြည်ပသို့နှစ်စဉ်တင်ပို့လျက်ရှိပြီး တရုတ်ဘက်သို့ ပြီးခဲ့သည့်နှစ်များတွင် တစ်ရက်လျှင် တန်ချိန် ၂၀၀၊ ၃၀၀ ခန့်အထိ တင်ပို့မှုများရှိခဲ့သော်လည်း ယခုနှစ်အတွင်း လမ်းခရီးကြန့်ကြာမှု၊ ခရီးစရိတ်မြင့်မားမှုများ အစရှိသဖြင့် အကြောင်းအမျိုးမျိုးကြောင့် အနည်းငယ်သာ တင်ပို့နိုင်ကြောင်း သိရသည်။

အခုကတော့ အရင်နှစ်တွေကလို တစ်ရက်ကို တန်ချိန် ၂၀၀၊ ၃၀၀ သွားတာမဟုတ်ဘူး။ တန်ချိန်နည်းနည်းစီပဲ ပို့နိုင်တယ်။ ဈေးကွက်ကလည်း မဆိုးပါဘူး၊ ကောင်းပါတယ်ဟု ၎င်းက ပြောသည်။

သရက်စိုက် တောင်သူများအနေဖြင့်လည်း မြေဩဇာ၊ အိတ်စွပ်ခ၊ အလုပ်သမားငှားရမ်းခအပြင် အဘက်ဘက်မှ ကုန်ကျစရိတ်မြင့်မားလာမှုကြောင့် သရက်ဈေးကောင်းရရှိစေလိုသည့် ဆန္ဒရှိကြောင်း သိရသည်။

ယခုနှစ်အတွင်း ပြည်ပသို့တင်ပို့ရန် ခရီးစရိတ် မြင့်မားမှုများရှိသလို နယ်စပ်မှတင်ပို့မည်ဆိုလျှင်လည်း လမ်းခရီးကြန့်ကြာမှုများရှိသဖြင့် ဈေးကွက် ထဲသို့ရောက်ရှိချိန်တွင် အသီးမလှတော့ဘဲ နာသွား ပါက ဈေးကောင်းမရရှိနိုင်တော့၍ ပြည်တွင်းဈေးကွက်ပိုဖြစ်ရန် အလားအလာရှိသည်ဟု ထင်မြင်မိကြောင်း မြန်မာနိုင်ငံသရက်သီးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားထားသည်။

MT

Newspaper - 2756 items

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက်၊ မေ ၁၇ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 17, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက်၊ မေ ၁၆ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 16, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက်၊ မေ ၁၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ May 15, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက်၊ မေ ၁၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ May 14, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက်၊ မေ ၁၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ May 13, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၅ ရက်၊ မေ ၁၂ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 12, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၃ ရက် ၊ မေ ၁၀ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 10, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၂ ရက် ၊ မေ ၉ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 09, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁ ရက် ၊ မေ ၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ May 08, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလကွယ်နေ့ ၊ မေ ၇ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ May 07, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download