Latest News - 99598 items

KK Park နယ်မြေအတွင်း နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် တရားမဝင် ဝင်ရောက်ပြီး အွန်လိုင်းလောင်းကစားမှုများနှင့် ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် ပြည်ပနိုင်ငံသား ၉၀ ရာခိုင်နှုန်း​ကျော်မှာ ထိုင်းနိုင်ငံကို တစ်ဆင့်ခံ၍ နယ်စပ်ဖြတ်ကျော်ရောက်ရှိလာသည့် ဖြစ်စဉ်များကအများစုဖြစ်

Ministry of Information / Posted on November 09, 2025

မြန်မာနိုင်ငံအတွင်းသို့ ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ် မြဝတီမြို့ မဲ့ထော် သလေး KK Park နယ်မြေများတွင် အွန်လိုင်းလိမ်လည်မှုများ၊ အွန်လိုင်းလောင်းကစားမှုများနှင့် ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် ပြည်ပ နိုင်ငံသားများကို စစ်ဆေးဖော်ထုတ်ကာ သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ လွှဲပြောင်း ပေးအပ်လျက်ရှိသည့်အပြင် ယင်းတို့ စုဖွဲ့နေထိုင်ခဲ့ကြ သည့် KK Park အတွင်းရှိ အဆောက်အအုံများကို ဖျက်ဆီး ရှင်းလင်းခြင်း လုပ်ငန်းများကို ဆောင်ရွက်နေပြီဖြစ်သည်။

ပြည်တွင်း/ပြည်ပအလုပ်အကိုင် ခန့်အပ်ပေးနိုင်ရေးလုပ်ငန်းကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးများကျင်းပ

Ministry of Information / Posted on November 09, 2025

စစ်မှုထမ်း တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သူများအလုပ် အကိုင်ရရှိ‌ရေးအတွက်တာဝန် ထမ်းဆောင်ပြီးချိန်တွင် ၎င်းတို့ဆန္ဒပြုသော အလုပ်အကိုင်များကို သတ်မှတ်ချက်များနှင့်အညီ ခန့်ထားပေးနိုင်ရေးအတွက် ပြည်ပအလုပ်အကိုင် ခန့်အပ်ပေးနိုင်ရေး လုပ်ငန်းကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုယမန်နေ့က အလုပ်သမားဝန်ကြီးဌာန ယာယီအစည်းအဝေးခန်းမ၌ ကျင်းပသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း အမှတ်(၂) သံမဏိစက်ရုံ(ပင်းပက်)အား ကြည့်ရှုစစ်ဆေး စီမံကိန်းလုပ်ငန်းများအား ရေးဆွဲထားရှိသည့် အချိန်ဇယားများအတိုင်း ပြီးစီးရေး ကြပ်မတ်ဆောင်ရွက်ရန် မှာကြား

Ministry of Information / Posted on November 09, 2025

ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းသည် ယနေ့မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ်တောင်ကြီးမြို့ရှိ အမှတ်(၂) သံမဏိစက်ရုံ (ပင်းပက်)သို့ ရောက်ရှိပြီး စက်ရုံအစည်းအဝေးခန်းမ၌ ညွှန်ကြား ရေးမှူးချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူး၊ အထွေထွေမန်နေဂျာ၊ စက်ရုံမှူး၊ ရှမ်းပြည်နယ် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနနှင့် အမှတ်(၂) သံမဏိစက်ရုံ(ပင်းပက်)တို့မှ အရာထမ်း၊ အမှုထမ်းများ၊ စက်ရုံတည်ဆောက်ရေး စီမံကိန်းအဖွဲ့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။

ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများနှင့် Virtual စနစ်ဖြင့်တွေ့ဆုံ လူနာများ အရေးပေါ်လူနာဌာနသို့ ရောက်ရှိချိန်မှ စတင်ကာ ပြည်သူများ စိတ်ချမ်းသာကိုယ်ကျန်းမာစွာဖြင့် ဆေးကုသမှုရရှိနိုင်ရေးမှာကြား

Ministry of Information / Posted on November 09, 2025

ပြည်သူ့ဆေးရုံများ သန့်ရှင်းသာယာကောင်းမွန်စေရေး ပြင်ဆင်မွမ်းမံမည့်ကိစ္စရပ်များဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ Virtual Meeting ဖြင့် ကျင်းပသည်။

ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ဘဲလ်လမ်ရာသီ ဥတုဆိုင်ရာ ထိပ်သီးအစည်းအဝေး ဒုတိယနေ့ တက်ရောက်

Ministry of Information / Posted on November 09, 2025

ဘရာဇီးနိုင်ငံသမ္မတ လူးဝစ်အင်နာစီယိုလူလာဒါဆေးလ်ဗား၏ ဖိတ်ကြားချက်အရ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်(ကိုယ်စား) သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဘရာဇီးနိုင်ငံ ဘဲလ်လမ်မြို့၌ နိုဝင်ဘာ ၆ ရက်မှ ၇ ရက်အထိ ကျင်းပသည့် ဘဲလ်လမ်ရာသီဥတုဆိုင်ရာ ထိပ်သီးအစည်းအဝေး (Belem Climate Summit) ဒုတိယနေ့ စုံညီအစည်းအဝေးနှင့် ဘာသာရပ်ဆိုင်ရာ စားပွဲဝိုင်း ဆွေးနွေးပွဲများသို့ တက်ရောက်ခဲ့သည်။

ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေ ဧရာဝတီတိုင်းဒေသကြီးရှိ ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံ

Ministry of Information / Posted on November 09, 2025

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေသည် ယမန်နေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ မြို့တော်ခန်းမတွင်ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံသည်။

ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ငလျင်ဒဏ်ကြောင့်ပျက်စီးသွားသောဝန်ထမ်းအိမ်ရာများအတွက် အစားထိုးအသစ်ပြန် လည်တည် ဆောက်မည့် ဝန်ထမ်းအိမ်ရာများ ကြည့်ရှုစစ်ဆေး

Ministry of Information / Posted on November 09, 2025

အဆောက်အဦများ ပြန်လည်ပြုပြင်အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမျိုးသန့်သည်မန္တလေးတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်တို့နှင့်အတူ ယနေ့တွင်မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသည့် ဝန်ထမ်းအိမ်ရာများအတွက် အစားထိုးအသစ် ပြန်လည်တည်ဆောက်မည့် ဝန်ထမ်းအိမ်ရာများ အခြေအနေကို ကြည့်ရှုစစ်ဆေးသည်။

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် ဝါးခယ်မမြို့နယ်၌ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ် ဆောင်ရွက်ပေးနေမှုကို ကြည့်ရှုအားပေး

Ministry of Information / Posted on November 09, 2025

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် တာဝန်ရှိသူများ၊ အလှူရှင်များ၊ ဒေသခံ ရပ်မိရပ်ဖများနှင့်အတူ ယနေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ် ကျုံမငေးမြို့ စက်ရုံဓမ္မရိပ်သာ ဘုန်းတော်ကြီး ကျောင်း၌ကျင်းပသည့် ပန်းပေါင်းစုံ ဘုရားအဆူ(၁၁၀၀) အနေကဇာ တင်လှူပူဇော်ပွဲသို့ တက်ရောက် ကြည်ညိုသည်။

ပြည်သူ့အလုပ်သမားပါတီက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို ဟောပြောတင်ပြ

Ministry of Information / Posted on November 09, 2025

ကျွန်တော်ကတော့ ပြည်သူ့အလုပ်သမားပါတီကိုယ်စား ဟောပြောမယ့် ပြည်သူ့အလုပ်သမားပါတီ ဥက္ကဋ္ဌတာဝန်ကို ယူထားတဲ့ ဦးကျော်ဇင် ဖြစ်ပါ တယ်။ ကျွန်တော်တို့ပါတီဟာဆိုရင် ၂၀၁၇ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး ယခုဆိုရင် သက်တမ်းအားဖြင့်(၈)နှစ်ကျော်လာခဲ့ပြီ ဖြစ်ပါတယ်။ အဲဒီ(၈)နှစ် တာကာလအတွင်းမှာ ကျွန်တော်တို့ ပြည်သူ့အလုပ်သမားပါတီအနေဖြင့် လုပ်သားပြည်သူအပေါင်းတို့ကို ကျွန်ုပ်တို့ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ ဥပဒေဘောင်အတွင်းမှနေပြီး ကူညီဆောင်ရွက်ပေးခဲ့မှုများကို ပါတီနှင့်နီးစပ်သူများနဲ့ လာရောက်အကူအညီတောင်းခံခဲ့ကြတဲ့ကာယကံရှင်လုပ်သားပြည်သူများ အသိပင်ဖြစ်ပါတယ်။ ကျွန်တော်တို့ ပါတီအနေဖြင့် ၂၀၁၈ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲ၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတို့တွင် ပါဝင်ခဲ့ပြီးဖြစ်ပါတယ်။ ယခုအစိုးရလက်ထက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ဥပဒေအသစ်နဲ့ ပြန်လည်မှတ်ပုံတင်ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း စည်းရုံးမည့်ပါတီ အနေဖြင့် ယခုကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၌ကျွန်တော် ဦးကျော်ဇင်၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်တွင် ဦးရန်နောင်စိုးမြင့်၊ ရွှေပြည်သာမြို့နယ်တွင် ဦးညွန့်ဝင်းတို့က ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်များတွင် အသီးသီးဝင်ရောက်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

အစဉ်အလာကြီးမားသည့် တပ်မတော်ကိုမြှင့်တင် ကမ္ဘာတည်သရွေ့ နိုင်ငံခိုင်မြဲရေးကြိုးပမ်း

Ministry of Information / Posted on November 09, 2025

မြန်မာနိုင်ငံသည် ပထဝီအနေအထားအရ အချက်အချာနေရာတွင် တည်ရှိနေသည့် နိုင်ငံဖြစ်သည်။ ကမ္ဘာ့လူဦးရေအများဆုံး နိုင်ငံကြီးနှစ်နိုင်ငံအကြားတွင် တည်ရှိနေသည့်အပြင် တောင်အာရှနှင့်အရှေ့တောင်အာရှကို ဆက်စပ်ပေးထားသည့် နေရာဒေသတွင်လည်း တည်ရှိနေသည်။ ကာကွယ်ရေးစွမ်းအားမြင့်မားသော နိုင်ငံများနှင့်လည်း ဆက်စပ်ပတ်သက်လျက်ရှိရာများသောအားဖြင့် ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းကြောင်းများနှင့် နီးကပ်စွာတည်ရှိနေသည်။ ပြည်တွင်းပထဝီအနေ အထားတွင်လည်း တောတောင်ထူထပ်ပြီး မြစ်ချောင်းအင်းအိုင်များ ပေါများစွာတည်ရှိနေသည့်အတွက် ကူးသန်းသွားလာရန် အကန့်အသတ်များရှိသည်ကို တွေ့ရသည်။

Newspaper - 3343 items

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၅ ရက်၊ နိုဝင်ဘာ ၉ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ November 09, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၄ ရက်၊ နိုဝင်ဘာ ၈ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ November 08, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၃ ရက်၊ နိုဝင်ဘာ ၇ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ November 07, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၂ ရက်၊ နိုဝင်ဘာ ၆ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ November 06, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁ ရက်၊ နိုဝင်ဘာ ၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ November 05, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်နေ့ ၊ နိုဝင်ဘာ ၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ November 04, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၄ ရက် ၊ နိုဝင်ဘာ ၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ November 03, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၃ ရက် ၊ နိုဝင်ဘာ ၂ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ November 02, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၂ ရက် ၊ နိုဝင်ဘာ ၁ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ November 01, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၁ ရက် ၊ အောက်တိုဘာ ၃၁ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ October 31, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download