နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Chen Hai ဦးဆောင်သောအဖွဲ့ကို လက်ခံတွေ့ဆုံ


Ministry of Information/ Naypyitaw / June 01, 2023
image_latest


နေပြည်တော် မေ ၃၁

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်သည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး H.E. Mr. Chen Hai ဦးဆောင်သောအဖွဲ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရုံးအမှတ် (၁၀) ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မိုခါမုန်တိုင်း တိုက်ခတ်မှုကြောင့်ထိခိုက် ပျက်စီးဆုံးရှုံးမှုများနှင့်ပတ်သက်၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းရပ်များတွင် တရုတ်နိုင်ငံအနေဖြင့် ကူညီပေးရန်အသင့်ရှိနေခြင်း ကိစ္စရပ်များ၊ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်နိမိတ်နှင့် မြန်မာ-ထိုင်း နယ်နိမိတ်နယ်စပ် ဒေသတို့တွင် ဖြစ်ပေါ်နေသော Online လိမ်ညာမှု၊ လောင်းကစားမှု၊ နယ်စပ်ဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရေးတွင် ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်ရန်နှင့် တရားခံပြေးများဖော်ထုတ် ဖမ်းဆီးရေးဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံနယ်စပ်ဒေသတွင် မူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့် သယ်ဆောင် ရောင်းဝယ်မှုများ တိုက်ဖျက်ရေး၊ မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင် အသုံးပြုသည့် ပရီကာဆာများနှင့် ဓာတုပစ္စည်းများ ထိန်းချုပ်ရေးဆိုင်ရာ ကိစ္စရပ် များ၊ မြန်မာ- တရုတ် နှစ်နိုင်ငံ သတ္တမအကြိမ် တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု ဝန်ကြီးအဆင့် အစည်းအဝေးဆောင်ရွက်နိုင်ရေး၊ လန်ချန်း-မဲခေါင် တရားဥပဒေ စိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာကိစ္စရပ်များ၊ လန်ချန်း-မဲခေါင် အကူအညီပေးရေးအစီ အစဉ်မှ အခြေခံအဆောက်အဦ များ တိုးမြှင့်ဖော်ဆောင်နိုင်ရေး၊ နည်းပညာ အသုံးပြုမှုများနှင့် လေ့ကျင့် သင်တန်းပေးမှုများတွင် တိုးမြှင့်ကူညီ ဆောင်ရွက်ပေးသွားမည့်ကိစ္စရပ်များ၊ သတင်းအချက်အလက်များ အချိန်နှင့်တစ်ပြေးညီ ဖလှယ်ရေးကိစ္စရပ်များ၊ မြန်မာ-တရုတ် နှစ်နိုင်ငံတရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခိုင်ထွန်းဦး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲချုပ် (၁) ရဲဗိုလ်ချုပ်အောင်အောင်နှင့် နိုင်ငံဖြတ်ကျော် မှုခင်းဌာနကြီးဌာနကြီးမှူး ရဲမှူးချုပ်အောင်ဌေးမြင့်တို့ တက်ရောက်ခဲ့ကြသည်။

သတင်းစဉ်

Newspaper - 2451 items

၁၃၈၅ ခုနှစ်၊ တော်သလင်းလဆန်း ၁၃ ရက်၊ စက်တင်ဘာ ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ September 27, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တော်သလင်းလဆန်း ၁၂ ရက်၊ စက်တင်ဘာ ၂၆ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ September 26, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တော်သလင်းလဆန်း ၁၁ ရက်၊ စက်တင်ဘာ ၂၅ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ September 25, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တော်သလင်းလဆန်း ၁၀ ရက်၊ စက်တင်ဘာ ၂၄ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ September 24, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တော်သလင်းလဆန်း ၉ ရက်၊ စက်တင်ဘာ ၂၃ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ September 23, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တော်သလင်းလဆန်း ၈ ရက်၊ စက်တင်ဘာ ၂၂ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ September 22, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တော်သလင်းလဆန်း ၇ ရက်၊ စက်တင်ဘာ ၂၁ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ September 21, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တော်သလင်းလဆန်း ၆ ရက်၊ စက်တင်ဘာ ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ September 20, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တော်သလင်းလဆန်း ၅ ရက်၊ စက်တင်ဘာ ၁၉ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ September 19, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တော်သလင်းလဆန်း ၄ ရက်၊ စက်တင်ဘာ ၁၈ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ September 18, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download