ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် ရန်ကုန်-မန္တလေးပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် (၂၄၅/၇)ရှိ နဝင်းချောင်းတံတား တိုးချဲ့တည်ဆောက်ရေးလုပ်ငန်းနှင့် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ Naypyitaw State Academy တည်ဆောက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် ရန်ကုန်-မန္တလေးပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် (၂၄၅/၇)ရှိ နဝင်းချောင်းတံတား တိုးချဲ့တည်ဆောက်ရေးလုပ်ငန်းနှင့် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ Naypyitaw State Academy တည်ဆောက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
Ministry of Information/ Naypyitaw / April 26, 2024
နေပြည်တော် ဧပြီ ၂၅
ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် အဆောက်အဦဦးစီးဌာနနှင့် တံတားဦးစီးဌာနတို့မှ ညွှန်ကြား ရေးမှူးချုပ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် ရန်ကုန် - မန္တလေး ပြည်ထောင်စုလမ်းမကြီး မိုင်တိုင် အမှတ်(၂၄၅/၇)တွင် တည်ဆောက် နေသည့် နဝင်းချောင်းတံတား အရှည်ပေ ၁၉၀ အား မူလနှစ်လမ်းသွားတံတားမှ လေးလမ်းသွားတံတားအဖြစ် အဆင့်မြှင့်တင်တည်ဆောက်နေသည့် လုပ်ငန်းခွင်သို့ ရောက်ရှိစစ်ဆေးရာ လုပ်ငန်းခွင်ရှင်းလင်းဆောင်၌ တံတားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ဆွေက တံတားတိုးချဲ့တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက် မည့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက တံတားတည်ဆောက် ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ချောင်းရေတိုက်စားမှုမဖြစ်စေရေးနှင့် ရေလမ်းကြောင်း မှန်ကန်စေရေးတွက်ချက်ဆောင်ရွက်ရန်၊ သတ်မှတ်စံချိန် စံညွှန်းများအတိုင်း အရည်အသွေးကောင်းမွန်အောင်ဆောင်ရွက်ရန်၊ မိုးတွင်းကာလရောက်တော့မည်ဖြစ်၍ တံတားတိုင်လုပ်ငန်းများနှင့် မြေကာနံရံလုပ်ငန်းများ သတ်မှတ်အချိန်မီပြီးစီးရေး အလေးထားဆောင်ရွက်ရန်၊ လုပ်ငန်းခွင်သုံးစက်ယန္တရားများ စနစ်တကျသုံးစွဲစေရေးနှင့် လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေးအထူးအလေးထားဆောင်ရွက်ရန်တို့ကို မှာကြားပြီး လုပ်ငန်းခွင်အတွင်း လိုက်လံကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော်ကောင်စီနယ်မြေအတွင်း အဆောက်အဦဦးစီးဌာန၊ အဆောက်အဦ အထူးအဖွဲ့မှ တာဝန်ယူဆောင်ရွက်နေသည့် Naypyitaw State Academy ရှိ လေးထပ်စာသင်ဆောင်နှင့် ခြောက်ထပ်စာသင်ဆောင်များ ဆောင်ရွက်ပြီးစီးမှုကို လုပ်ငန်းခွင်အတွင်း ကြည့်ရှုစစ်ဆေး၍ တာဝန်ရှိသူများကို လုပ်ငန်းလိုအပ်ချက်များ မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဘွဲ့နှင်းသဘင်ခန်းမ (Convocation Hall) တည်ဆောက်မည့်နေရာနှင့် Naypyitaw State Academy ပင်မဆောင်အရှေ့ မြေကွက်လပ်တွင် အပန်းဖြေဥယျာဉ်ငယ် (Recreation Park) ပြုလုပ်မည့်နေရာတို့တွင် မြေနေရာရှင်းလင်းခြင်း ဆောင်ရွက်မှုအခြေအနေကို ကြည့်ရှုစစ်ဆေးစဉ် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မည့် လျာထားစီမံချက်များနှင့် ဒီဇိုင်းပုံစံများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက Recrea-tion Park အား ဒီဇိုင်းရေးဆွဲရာ၌ တက္ကသိုလ်အင်္ဂါရပ်နှင့်အညီ သပ်ရပ်လှပရန်နှင့် အမြင်တင့်တယ်အောင် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ တက္ကသိုလ်တက်ရောက်သည့် ကျောင်းသား ကျောင်းသူများ အဆင့်တန်းရှိရှိ နားနေအပန်းဖြေနိုင်မည့် ဒီဇိုင်းပုံစံဖြစ်ရန် အရေးကြီးပါကြောင်း၊ တက္ကသိုလ်နှင့် လိုက်လျောညီထွေဖြစ်မည့် စိန်ပန်း၊ ပိတောက်၊ ခရေ၊ ကံ့ကော်တို့ဖြင့် လှပဝေဆာစေရေး စနစ်တကျပုံစံရေးဆွဲရန်တို့ကို တာဝန်ရှိသူအား မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 2747 items
၁၃၈၆ ခုနှစ်၊ တန်ခူးလကွယ်နေ့ ၊ မေ ၇ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ May 07, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက်၊ မေ ၆ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ May 06, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက်၊ မေ ၅ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ May 05, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက်၊ မေ ၄ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ May 04, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၀ ရက်၊ မေ ၃ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 02, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၉ ရက်၊ မေ ၂ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 02, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၈ ရက်၊ မေ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ May 01, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၆ ရက်၊ ဧပြီ ၂၉ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ April 29, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၅ ရက်၊ ဧပြီ ၂၈ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ April 28, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၄ ရက်၊ ဧပြီ ၂၇ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ April 27, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
Download